Shwe News

ကြောက်စရာကောင်းတဲ့ ..ဘင်္ဂလားဒေ့ရှ်က ရထားတိမ်းမှောက်မှု ..၊ ၄ ဦးသေ ၁၀၀ ကျော် ဒဏ်ရာရ







source : AsiaOne

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ဘ င်္ဂ လားေ ဒ့ရှ်နိုင်ငံမှာ ယနေ့ဇွန်လ (၂၄)ရက် မနက်ပိုင်းလောက်မှာ ရထားတစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး၊ (၄)ဦးသေဆုံးကာ လူ(၁၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရထားဟာ တူးမြောင်းအကူးတံတားငယ်လေးကို ဖြတ်သန်းစဉ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

တံ တား ဟာ ကြံခိုင်မှုအားနည်းပြီး၊ သံလမ်းတွေက တည်ငြိမ်မှုမရှိတဲ့အတွက် အရှိန်နဲ့မောင်းလာတဲ့ရထားရဲ့ တုန်ခါမှုကို မထိန်းနိုင်တော့ဘဲ ရေထဲကို ရထားအတွဲလိုက် ပြုတ်ကျသွားပါတော့တယ်။ အခင်းဖြစ်ရာနေရာကို အနီးအနားရွာသားတွေက လာရောက် ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သေ ဆုံး သူမှာ (၄)ဦးဆိုသော်လည်း စိုးရိမ်ရ ဒဏ်ရာရရှိသူတွေလည်း များတာကြောင့်၊ သေဆုံးသူဦးရေ ပိုပြီးတိုးလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ ရေထဲကို တွဲဆိုင်း(၅)ဆိုင်း ပြုတ်ကျခဲ့ပြီး၊ ကယ်ဆယ်ရေးတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲပါ။

အဲဒီ ရ ထား လမ်းဟာ အသုံးများတဲ့ သံလမ်းပိုင်းဖြစ်သော်လည်း တာဝန်ရှိသူတွေက ပြုပြင်ထိန်းသိန်းခြင်း မရှိတာကြောင့် အခုလို ဆိုးရွားတဲ့အဖြစ်ကို ရင်ဆိုင်ခဲ့ရတာလို့ ဝေဖန်သူတွေ ရှိလာခဲ့ပါတယ်။ အစိုးရဘက်ကတော့ ဒီကိစ္စမှာ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးလို့ တုန့်ပြန်ထားပါတယ်။

ဒဏ်ရာပြင်းထန်စွာ ရရှိသူကတော့ (၂၁)ဦးဖြစ်ပြီး၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အနီးအနားမှာရှိတဲ့ Sylhet မြို့က ဆေးရုံကို ပို့ပေးထားပါတယ်။ သူတို့တစ်တွေရဲ့အခြေအနေကတော့ စိုးရိမ်ရအခြေနေတွေဖြစ်ပြီး၊ ဆရာဝန်အင်အားကို အရေးပေါ် ဖြည့်ထားကြောင်း သိရပါတယ်။

လင်းဇော်ကို (D Khit Media)

source : AsiaOne








source : AsiaOne

About the author

Crypoetess

Leave a Comment