Shwe News

ရာအိမ္မွဴးကုိယ္တုိင္ ..ပါ၀င္က်ဳးလြန္သည့္ ….တြံေတးက သုံးေလာင္းၿပိဳင္လူသတ္မႈ :O

ႀကိဳး တုတ္ ဓါးႏွင့္ခုတ္ၿပီး တူးေျမာင္းထဲပစ္ခ်လိုက္သည့္ တြံ႕ေတးၿမိဳ႕က ၃ ေလာင္းၿပိဳင္လူသတ္မႈ က်ဴးလြန္သူတို႔ကို ဖမ္းဆီးကာ တြံေတးၿမိဳ႕မရဲစခန္းက (ပ) ၁၀၈၆/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၄/၄၅၂/၄၂၇/၁၁၄ ျဖင့္ အမႈဖြင့္ အေရးယူလိုက္သည့္အေၾကာင္း ရန္ကုန္ရဲက ဒီကေန႔မွာ သတင္းထုတ္ျပန္သည္။

ေသဆံုးသူတို႔၏ ႐ုပ္အေလာင္း ၂ေလာင္းကို ရွာေဖြေတြ႕ရွိခဲ့သည့္အေၾကာင္းႏွင့္ က်ဴးလြန္သူထဲ တြံေတးၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်းရြာ က ဆယ္အိမ္ေခါင္းတစ္ဦးလည္း ပါဝင္ေၾကာင္း ရဲက သတင္းထုတ္ျပန္ခ်က္ထဲ ထည့္သြင္းေဖာ္ျပထားသည္။

အ ခင္းျဖစ္ပုံမွာ တြံ႕ေတးတူးေျမာင္းထဲတြင္ျဖစ္သည္။

ရဲ ၏ ထုတ္ျပန္ခ်က္အရ တြံေတးၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်းရြာေန တရားလို အမ်ဳိးသမီးႀကီး၏ ခင္ပြန္းျဖစ္သူ ဦးသိန္းေဇာ္ဦးသည္ သူငယ္ခ်င္းျဖစ္သူ ေမာင္ေမာင္(ခ)ဖားမ်က္လံုး၊ ဦးႏိုင္လင္းထြန္း၊ ေမာင္ေမာင္တို႔ႏွင့္အတူ ေနအိမ္တြင္ အရက္ေသာက္ေနၾကစဥ္ ည ၁၀ နာရီ အခ်ိန္ခန္႔တြင္ လြန္ခဲ့သည့္ (၈) လခန္႔က အေပါင္ဆိုင္မွ ေန၍ ျပန္လည္ေရြးယူႏိုင္ျခင္းမရွိသည့္ ဘတၳရီ (၁) လံုးႏွင့္ ပတ္သက္ၿပီး စကားမ်ားခဲ့ဘူးေသာ တစ္ရြာတည္းေန ရာအိမ္မွဴး ဖိုးေထာင္၊ အာကာ၊ ဖိုးနီ(၁)၊ စတီးႏွင့္ ဖိုးနီ (၂) တို႔ (၅) ဦး အိမ္ေပၚေရာက္လာၿပီး ရဲစခန္းသို႔သြားေရာက္ရန္ ေခၚဆိုခဲ့ရာ ဦးသိန္းေဇာ္ဦး ပါ (၄) ဦးက မလိုက္ႏိုင္ေၾကာင္းေျပာဆိုခဲ့တာကို “ေဟ့ေကာင္ မင္းတို႔ကဘယ္ေလာက္သတၱိရွိလဲ”ဟု ဆိုၿပီး ေနအိမ္ မွန္ျပတင္းေပါက္ (၂) ေပါက္ကို အသင့္ပါလာေသာ ဓါးျဖင့္ ဝိုင္းခုတ္ခဲ့ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ ဦးသိန္းေဇာ္ဦးႏွင့္ (၄) ဦးမွာ လိုက္သြားခဲ့ၾကရာ ရဲစခန္းမေရာက္ပဲ လမ္းခုလတ္မွာတင္ ၃ ဦး အသတ္ခံလိုက္ရျခင္းျဖစ္သည္။

လာေခၚသူ ၅ ဦးထဲမွ ၂ ဦးကိုဖမ္းဆီးရမိထားၿပီး ဖမ္းဆီးရမိသူ ဖိုးေထာင္(ခ)က်င္ေသာင္းႏွင့္ ေဇာ္မင္းေထြး(ခ)ပါစတီးတို႔က ရဲထံ ယခုကဲ့သို႔ ထြက္ဆိုထားၾကသည္။

ဦးသိန္းေဇာ္ဦး ပါ (၄) ဦးသည္ လြန္ခဲ့သည့္ (၅) ရက္ခန္႔က ေဇာ္မင္းေထြး(ခ)ပါစတီး၏ အစ္မ မမိေအးေနအိမ္ေပၚတက္ေရာက္ၿပီး မမိေအး၏သား မန္းႀကီး၏လည္ကုတ္ကို ဓားတင္ၿပီး ၿခိမ္းေျခာက္ခဲ့သည္။မန္းႀကီးရဲ႕ ဖခင္ျဖစ္သူ ဦးစန္းဦးက “မင္းတို႔ ဆံုးမရင္လည္း ဆံုးမသြား” ဟု ေျပာသည့္အတြက္ သိန္းေဇာ္ဦးပါ (၄) ဦး ျပန္ထြက္သြားၾကသည္။

“ထို႔ေနာက္ ညီမျဖစ္သူ မစိုးစိုးေထြး(ခ)စာဥမ၏ ေနအိမ္အား ၀ိုင္းထားစဥ္ မမိေအး၏သားႀကီး ဘိုဘိုကိုလည္း “သတိထားေန” ဟု ၿခိမ္းေျခာက္ေျပာဆိုကာ စိန္ေခၚေနသျဖင့္ ရာအိမ္မွဴး ဦးဖိုးေထာင္မွ “ငါ့ညီေတြကို ၿခိမ္းေျခာက္ စိန္ေခၚေနတာ ဘယ္သူေတြလဲ” ဟု ေမးျမန္းသည္ကို သိန္းေဇာ္ဦး က “လိုက္ခုတ္၊ လိုက္ခုတ္” ဟုဆိုကာ ဦးဖိုးေထာင္အား ဓားႏွင့္လိုက္ခုတ္၊ ေလးခြႏွင့္ပစ္ ေသာေၾကာင့္ ဦးဖိုးေထာင္မွာ ထြက္ေျပးခဲ့ရေၾကာင္း၊ သိန္းေဇာ္ဦးႏွင့္ ပါလာသူမ်ားက “သိန္းေဇာ္ဦးကိုထိရင္ အကုန္သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ကာ ျပန္သြားခဲ့ေၾကာင္း၊

၂၁-၆-၂၀၁၉ ရက္ေန႔ ည (၁၀) နာရီ အခ်ိန္ခန္႔တြင္ ဦးဖိုးေထာင္(ခ)က်င္ေသာင္း၊ ေဇာ္မင္းေထြး(ခ)ပါစတီး၊ အာကာ၊ စန္းဦး၊ ဖိုးနီ(၁)၊ ေဇာ္လွမ်ိဳး၊ ဖိုးနီ(၂)၊ ေအာင္ထြဋ္ ႏွင့္ ခြာႀကီး တို႔ ညီအစ္ကို၀မ္းကြဲမ်ားစုၿပီး သိန္းေဇာ္ဦး၏ ေနအိမ္ေပၚသို႔ တက္ေရာက္ကာ ေနအိမ္မွန္ျပဴတင္းတံခါးမ်ားအား ဓားျဖင့္၀ိုင္းခုတ္ၿပီး သိန္းေဇာ္ဦးတုိ႔ (၄) ဦးကို ရဲစခန္းသို႔ ပို႔အပ္ရန္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၏ ေနအိမ္သို႔ ေခၚေဆာင္ခဲ့ေၾကာင္း၊ အုပ္ခ်ဳပ္ေရးမွဴး၏ ေနအိမ္၌ ႏိုင္လင္းထြန္းႏွင့္ သိန္းေဇာ္ဦးကို (၁)တြဲ၊ ေမာင္ေမာင္(၁)ႏွင့္ ဖားမ်က္လံုး(ခ)ေမာင္ေမာင္(၂)တို႔အား (၁)တြဲ ႀကိဳးႏွင့္တုပ္၍ ေဇာ္လွမ်ိဳးပိုင္ စက္ေလွျဖင့္ ေခၚေဆာင္လာစဥ္ တြံေတးတူးေျမာင္းအတြင္း၌ သိန္းေဇာ္ဦး၊ ႏိုင္လင္းထြန္းႏွင့္ ေမာင္ေမာင္(၁) တို႔အား ဓားျဖင့္ ၀ိုင္း၀န္းထိုးခုတ္ၿပီး တြံေတးတူးေျမာင္း အတြင္း ပစ္ခ်ထားခဲ့ေၾကာင္း၊ ဖားမ်က္လံုး(ခ)ေမာင္ေမာင္(၂)ကို ေဆြးမ်ိဳးသားခ်င္းျဖစ္၍ ထိုးႀကိတ္ဆံုးမၿပီး ျပန္လႊတ္ခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။”

အမႈမွ ေသဆံုးသူ ေမာင္ေမာင္(၁)၏ အေလာင္းကို ၂၃-၆-၂၀၁၉ ရက္ေန႔ တြင္လည္းေကာင္း၊ သိန္းေဇာ္ဦးႏွင့္ ႏိုင္လင္းထြန္းတို႔၏ အေလာင္းကို ၂၄-၆-၂၀၁၉ ရက္ေန႔ တြင္လည္းေကာင္း တြံေတး တူးေျမာင္းအတြင္းမွ ေတြ႔ရွိဆယ္ယူရရွိၿပီး ျဖစ္၍လည္းေကာင္း၊ အခင္းျဖစ္စဥ္ အသံုးျပဳသည့္ ေဇာ္လွမ်ိဳးပိုင္ စက္ေလွအား သိမ္းဆည္းရမိၿပီးျဖစ္၍လည္းေကာင္း၊ အမႈအား ၃၀၂/၃၆၄/၄၅၂/၄၂၇/၁၁၄ ျဖင့္ ေျပာင္းလဲစစ္ေဆးကာ ဥပေဒႏွင့္အညီ တရားစြဲတင္ပို႔ႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ က်န္ထြက္ေျပးတိမ္းေရွာင္ေနသူမ်ားအား ဖမ္းဆီးရမိေရး ဆက္လက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ဇြဲခန္႔ (ISeeMedia)

ဓါတ္ပံု-ရဲတပ္ဖြဲ႕

  • Unicode Version

ကြိုး တုတ် ဓါးနှင့်ခုတ်ပြီး တူးမြောင်းထဲပစ်ချလိုက်သည့် တွံ့တေးမြို့က ၃ လောင်းပြိုင်လူသတ်မှု ကျူးလွန်သူတို့ကို ဖမ်းဆီးကာ တွံတေးမြို့မရဲစခန်းက (ပ) ၁၀၈၆/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၄/၄၅၂/၄၂၇/၁၁၄ ဖြင့် အမှုဖွင့် အရေးယူလိုက်သည့်အကြောင်း ရန်ကုန်ရဲက ဒီကနေ့မှာ သတင်းထုတ်ပြန်သည်။

သေဆုံးသူတို့၏ ရုပ်အလောင်း ၂လောင်းကို ရှာဖွေတွေ့ရှိခဲ့သည့်အကြောင်းနှင့် ကျူးလွန်သူထဲ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ က ဆယ်အိမ်ခေါင်းတစ်ဦးလည်း ပါဝင်ကြောင်း ရဲက သတင်းထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားသည်။

အခင်းဖြစ်ပုံမှာ တွံ့တေးတူးမြောင်းထဲတွင်ဖြစ်သည်။

ရဲ ၏ထုတ်ပြန်ချက်အရ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ တရားလို အမျိုးသမီးကြီး၏ ခင်ပွန်းဖြစ်သူ ဦးသိန်းဇော်ဦးသည် သူငယ်ချင်းဖြစ်သူ မောင်မောင်(ခ)ဖားမျက်လုံး၊ ဦးနိုင်လင်းထွန်း၊ မောင်မောင်တို့နှင့်အတူ နေအိမ်တွင် အရက်သောက်နေကြစဉ် ည ၁၀ နာရီ အချိန်ခန့်တွင် လွန်ခဲ့သည့် (၈) လခန့်က အပေါင်ဆိုင်မှ နေ၍ ပြန်လည်ရွေးယူနိုင်ခြင်းမရှိသည့် ဘတ္ထရီ (၁) လုံးနှင့် ပတ်သက်ပြီး စကားများခဲ့ဘူးသော တစ်ရွာတည်းနေ ရာအိမ်မှူး ဖိုးထောင်၊ အာကာ၊ ဖိုးနီ(၁)၊ စတီးနှင့် ဖိုးနီ (၂) တို့ (၅) ဦး အိမ်ပေါ်ရောက်လာပြီး ရဲစခန်းသို့သွားရောက်ရန် ခေါ်ဆိုခဲ့ရာ ဦးသိန်းဇော်ဦး ပါ (၄) ဦးက မလိုက်နိုင်ကြောင်းပြောဆိုခဲ့တာကို “ဟေ့ကောင် မင်းတို့ကဘယ်လောက်သတ္တိရှိလဲ”ဟု ဆိုပြီး နေအိမ် မှန်ပြတင်းပေါက် (၂) ပေါက်ကို အသင့်ပါလာသော ဓါးဖြင့် ဝိုင်းခုတ်ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ဦးသိန်းဇော်ဦးနှင့် (၄) ဦးမှာ လိုက်သွားခဲ့ကြရာ ရဲစခန်းမရောက်ပဲ လမ်းခုလတ်မှာတင် ၃ ဦး အသတ်ခံလိုက်ရခြင်းဖြစ်သည်။

လာခေါ်သူ ၅ ဦးထဲမှ ၂ ဦးကိုဖမ်းဆီးရမိထားပြီး ဖမ်းဆီးရမိသူ ဖိုးထောင်(ခ)ကျင်သောင်းနှင့် ဇော်မင်းထွေး(ခ)ပါစတီးတို့က ရဲထံ ယခုကဲ့သို့ ထွက်ဆိုထားကြသည်။

ဦးသိန်းဇော်ဦး ပါ (၄) ဦးသည် လွန်ခဲ့သည့် (၅) ရက်ခန့်က ဇော်မင်းထွေး(ခ)ပါစတီး၏ အစ်မ မမိအေးနေအိမ်ပေါ်တက်ရောက်ပြီး မမိအေး၏သား မန်းကြီး၏လည်ကုတ်ကို ဓားတင်ပြီး ခြိမ်းခြောက်ခဲ့သည်။မန်းကြီးရဲ့ ဖခင်ဖြစ်သူ ဦးစန်းဦးက “မင်းတို့ ဆုံးမရင်လည်း ဆုံးမသွား” ဟု ပြောသည့်အတွက် သိန်းဇော်ဦးပါ (၄) ဦး ပြန်ထွက်သွားကြသည်။

“ထို့နောက် ညီမဖြစ်သူ မစိုးစိုးထွေး(ခ)စာဥမ၏ နေအိမ်အား ဝိုင်းထားစဉ် မမိအေး၏သားကြီး ဘိုဘိုကိုလည်း “သတိထားနေ” ဟု ခြိမ်းခြောက်ပြောဆိုကာ စိန်ခေါ်နေသဖြင့် ရာအိမ်မှူး ဦးဖိုးထောင်မှ “ငါ့ညီတွေကို ခြိမ်းခြောက် စိန်ခေါ်နေတာ ဘယ်သူတွေလဲ” ဟု မေးမြန်းသည်ကို သိန်းဇော်ဦး က “လိုက်ခုတ်၊ လိုက်ခုတ်” ဟုဆိုကာ ဦးဖိုးထောင်အား ဓားနှင့်လိုက်ခုတ်၊ လေးခွနှင့်ပစ် သောကြောင့် ဦးဖိုးထောင်မှာ ထွက်ပြေးခဲ့ရကြောင်း၊ သိန်းဇော်ဦးနှင့် ပါလာသူများက “သိန်းဇော်ဦးကိုထိရင် အကုန်သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ပြန်သွားခဲ့ကြောင်း၊

၂၁-၆-၂၀၁၉ ရက်နေ့ ည (၁၀) နာရီ အချိန်ခန့်တွင် ဦးဖိုးထောင်(ခ)ကျင်သောင်း၊ ဇော်မင်းထွေး(ခ)ပါစတီး၊ အာကာ၊ စန်းဦး၊ ဖိုးနီ(၁)၊ ဇော်လှမျိုး၊ ဖိုးနီ(၂)၊ အောင်ထွဋ် နှင့် ခွာကြီး တို့ ညီအစ်ကိုဝမ်းကွဲများစုပြီး သိန်းဇော်ဦး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ နေအိမ်မှန်ပြူတင်းတံခါးများအား ဓားဖြင့်ဝိုင်းခုတ်ပြီး သိန်းဇော်ဦးတို့ (၄) ဦးကို ရဲစခန်းသို့ ပို့အပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ နေအိမ်၌ နိုင်လင်းထွန်းနှင့် သိန်းဇော်ဦးကို (၁)တွဲ၊ မောင်မောင်(၁)နှင့် ဖားမျက်လုံး(ခ)မောင်မောင်(၂)တို့အား (၁)တွဲ ကြိုးနှင့်တုပ်၍ ဇော်လှမျိုးပိုင် စက်လှေဖြင့် ခေါ်ဆောင်လာစဉ် တွံတေးတူးမြောင်းအတွင်း၌ သိန်းဇော်ဦး၊ နိုင်လင်းထွန်းနှင့် မောင်မောင်(၁) တို့အား ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ပြီး တွံတေးတူးမြောင်း အတွင်း ပစ်ချထားခဲ့ကြောင်း၊ ဖားမျက်လုံး(ခ)မောင်မောင်(၂)ကို ဆွေးမျိုးသားချင်းဖြစ်၍ ထိုးကြိတ်ဆုံးမပြီး ပြန်လွှတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။”

အမှုမှ သေဆုံးသူ မောင်မောင်(၁)၏ အလောင်းကို ၂၃-၆-၂၀၁၉ ရက်နေ့ တွင်လည်းကောင်း၊ သိန်းဇော်ဦးနှင့် နိုင်လင်းထွန်းတို့၏ အလောင်းကို ၂၄-၆-၂၀၁၉ ရက်နေ့ တွင်လည်းကောင်း တွံတေး တူးမြောင်းအတွင်းမှ တွေ့ရှိဆယ်ယူရရှိပြီး ဖြစ်၍လည်းကောင်း၊ အခင်းဖြစ်စဉ် အသုံးပြုသည့် ဇော်လှမျိုးပိုင် စက်လှေအား သိမ်းဆည်းရမိပြီးဖြစ်၍လည်းကောင်း၊ အမှုအား ၃၀၂/၃၆၄/၄၅၂/၄၂၇/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးကာ ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ထွက်ပြေးတိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဇွဲခန့် (ISeeMedia)

ဓါတ်ပုံ-ရဲတပ်ဖွဲ့

About the author

Crypoetess

Leave a Comment