Shwe News

“နွားပျောက်ရှာမတွေ့လို့ အသက် ၁၆ သမီးလေး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား”


၂၆-၆-၂၀၁၉ရက်နေ့ နေ့လည်(၁၁)နာရီ(၂၀)မိနစ်အချိန်ခန့်က မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့ နယ် ရေနံမ နယ်မြေရဲစခန်း ရွှေချောင်းရဲကင်းမှုး ဒုရဲအုပ် တင်အောင်စန်း ပြည်သူကို ဗဟိုပြု ရဲကင်းမှုးတာဝန်ဆောင်ရွက်နေစဉ် ရေနံမနယ်မြေ ရဲစခန်း အနောက်တောင်ဘက်(၃၅)မိုင်ခန့်အကွာ ပုံသိမ်-မုံရွာ ကားလမ်းအရှေ့ဘက်(၄)ဖာလုံခန့်အကွာကတဲကျေးရွာအနောက်ဘက်တောအတွင်း အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း

ပတောကျေးရွာ အုပ်ချူပ်ရေးမှုး ဦးသိန်းထွေးမှ ဖုန်းဖြင့်သတင်းပေးသဖြင့် ဒုရဲအုပ် တင်အောင်စန်းနှင့် ရဲတပ်ဖွဲ့ဝင်များ မှုခင်းသတင်းထောက်များ ပေတောကျေးရွာ အုပ်ချူပ်ရေးမှူး ဦးသိန်းထွေး ကတဲကျေးရွာ ရာအိမ်မှုးဦးကျော်ထူးတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သေဆုံးသူမှာ မတာတာဝင်း(ခ)ပျံ လွှားမ(၁၆)နှစ် ကတဲကျေးရွာ ပေတောအုပ်စု မင်းလှမြို့ နယ် နေထိုင်သူသည် ဦးခေါင်း ဝဲဘက်စောင်း လျှာကိုက် ဝဲယာ လက်မ အတွင်းကုတ် လက်သီးဆုတ်လျှက် အမြင့်(၈’)ပေခွဲခန့် ဖလန်ပင်တွင် နွားချီ ရာတွင် အသုံးပြု သည့်(မူးလုံးခန့်) အဝတ်ကြိုးဖြင့် လည်ပင်းကြိုးချည်လျှက် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်

နေ့လည်(၁)နာရီခွဲအချိန် ခန့်တွင် ရဲဆေးစာဖြင့် ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် / မဟုတ် စစ်ဆေးနိုင်ရန် ရွှေချောင်းရဲကင်းမှုးဒုရဲအုပ် တင်အောင်စန်းမှ တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ ရေနံမနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၄ / ၂၀၁၉)ဖြင့် အမှုလက်ခံရေးဖွင့်ခဲ့ပြီး အမှုစစ်အရာရှိအဖြစ် ရေနံမနယ်မြေ ရဲစခန်းမှုး ရဲအုပ်အောင်မင်းဦးမှ ဆက်လက်စစ်ဆေးမှုများ ပြု လုပ်ဆောင်ရွက်ခဲ့ရာ သေဆုံးသူ မတာတာဝင်း(ခ) ပျံ လွှားမ(၁၆)နှစ်သည် မွေးချင်း(၆)ဦးအနက်တတိယမြောက် သမီးဖြစ်ကြောင်း မိဘများမှာဆင်းရဲ နွမ်းပါးသည့်အတွက် အတန်းပညာ သင်ကြားခဲ့ဘူးခြင်းမရှိကြောင်း



Unicode Version

နွားပျောက်ရှာမတွေ့လို့ (၁၆)နှစ် သမီးလေး ကြို းဆွဲချ သေဆုံးမှုဖြစ်ပွား

၂၆-၆-၂၀၁၉ရက်နေ့ နေ့လည်(၁၁)နာရီ(၂၀)မိနစ်အချိန်ခန့်က မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ရေနံမ နယ်မြေရဲစခန်း ရွှေချောင်းရဲကင်းမှုု း ဒုရဲအုပ် တင်အောင်စန်း ပြည်သူကို ဗဟိုပြု ရဲကင်းမှုုးတာဝန်ဆောင်ရွက်နေစဉ် ရေနံမနယ်မြေ ရဲစခန်း အနောက်တောင်ဘက်(၃၅)မိုင်ခန့်အကွာ ပုံသိမ်-မုံရွာ ကားလမ်းအရှေ့ဘက်(၄)ဖာလုံခန့်အကွာကတဲကျေးရွာအနောက်ဘက်တောအတွင်း အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း

ပတောကျေးရွာ အုပ်ချူပ်ရေးမှုုး ဦးသိန်းထွေးမှ ဖုန်းဖြင့်သတင်းပေးသဖြင့် ဒုရဲအုပ် တင်အောင်စန်းနှင့် ရဲတပ်ဖွဲ့ဝင်များ မှုခင်းသတင်းထောက်များ ပေတောကျေးရွာ အုပ်ချူပ်ရေးမှူး ဦးသိန်းထွေး ကတဲကျေးရွာ ရာအိမ်မှုုးဦးကျော်ထူးတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သေဆုံးသူမှာ မတာတာဝင်း(ခ)ပျံ လွှားမ(၁၆)နှစ် ကတဲကျေးရွာ ပေတောအုပ်စု မင်းလှမြို့နယ် နေထိုင်သူသည် ဦးခေါင်း ဝဲဘက်စောင်း လျှာကိုက် ဝဲယာ လက်မ အတွင်းကုတ် လက်သီးဆုတ်လျှက် အမြင့်(၈’)ပေခွဲခန့် ဖလန်ပင်တွင် နွားချီ ရာတွင် အသုံးပြု သည့်(မူးလုံးခန့်) အဝတ်ကြို းဖြင့် လည်ပင်းကြို းချည်လျှက် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်

နေ့လည်(၁)နာရီခွဲအချိန် ခန့်တွင် ရဲဆေးစာဖြင့် ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် / မဟုတ် စစ်ဆေးနိုင်ရန် ရွှေချောင်းရဲကင်းမှုု းဒုရဲအုပ် တင်အောင်စန်းမှ တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ ရေနံမနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၄ / ၂၀၁၉)ဖြင့် အမှုလက်ခံရေးဖွင့်ခဲ့ပြီး အမှုစစ်အရာရှိအဖြစ် ရေနံမနယ်မြေ ရဲစခန်းမှုု း ရဲအုပ်အောင်မင်းဦးမှ ဆက်လက်စစ်ဆေးမှုများ ပြု လုပ်ဆောင်ရွက်ခဲ့ရာ သေဆုံးသူ မတာတာဝင်း(ခ) ပျံ လွှားမ(၁၆)နှစ်သည် မွေးချင်း(၆)ဦးအနက်တတိယမြောက် သမီးဖြစ်ကြောင်း မိဘများမှာဆင်းရဲ နွမ်းပါးသည့်အတွက် အတန်းပညာ သင်ကြားခဲ့ဘူးခြင်းမရှိကြောင်း

လွန်ခဲ့သော(၉)နှစ်လောက်မှ စ၍ နွား(၃၅)ကောင်အား မိဘများမှ နှင့်အတူ မွေးဘက်ယူ ထိန်းကျောင်း လာခဲ့ရာ နွား(၆၇)ကောင်ထိ တိုးပွားလာသဖြင့်အကိုတစ်ယောက် မောင်နှစ်ယောက် တို့နှင့်အတူ (၄)ယောက် ထိန်းကျောင်း ခဲ့ကြကြောင်း ယ္ခင် ကလည်း နွားများ ထိန်းကျောင်းနေရင်း အလည်လွန်သည့် နွားများကို ရှာဖွေ မတွေ့ခဲ့လျှင် တောထဲမှ ရင်းနှီးသည့် တစ်ရွာတည်းနေ တဲများတွင်(၃)ကြိမ်ခန့် ညအိပ် ရှာဖွေကာ နွားများ ပြန်လည်တွေ့ရှိမှသာ အိမ်သို့ ပြန်လာလေ့ရှိကြောင်း ယ္ခု အခါလည်း အလည်လွန် နွားများကို ရှာဖွေနေရင်း နွားများကို မတွေ့ရှိသေး သဖြင့် စိုးရိမ်စိတ်ဝင်ကာ တောထဲရှိ ဖလန်ပင်တွင် ကြို းဆွဲချ သေဆုံး သွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဖိုက်ဝမ်းဖိုက်(မဲဇလီ)-SH

About the author

ilove

Leave a Comment