Shwe News

“ေတာင္ကိုရီးယားမင္းသမီး Jeon Mi-Sunကို ဟိုတယ္ေရခ်ဳိးခန္းထဲ ေသဆံုးလ်က္ေတြ႕ရွိ”

ေတာင္ကိုရီးယားရုပ္ရွင္နဲ႔ ရုပ္သံဇာတ္လမ္းအမ်ားအျပားမွာ ပါ၀င္သရုပ္ေဆာင္ထားၿပီး ျမန္မာပရိသတ္ေတြအေနနဲ႔လည္း ရင္းႏွီးကၽြမ္း၀င္ေနတဲ့ ေတာင္ကိုရီးယားရဲ႕ ၀ါရင့္သရုပ္ေဆာင္မင္းသမီးတစ္လက္ျဖစ္တဲ့ မင္းသမီးJeon Mi-Sunကို ဂၽြန္ဂ်ဴးၿမိဳ႕က ဟိုတယ္ခန္းတစ္ခန္းရဲ႕ ေရခ်ဳိးခန္းထဲမွာ ေသဆံုးလ်က္ေတြ႕ရွိခဲ့ရတယ္လို႔ သတင္းရရိွပါတယ္။ ခၽြန္ဘက္တကၠသိုလ္မွာ ေဖ်ာ္ေျဖတင္ဆက္သြားမယ့္ 2 Nights and 3 Days with Motherဆိုတဲ့ ျပဇာတ္အတြက္ Jeon Mi-Sunက ဟိုတယ္မွာတည္းခိုေနတာျဖစ္ၿပီး ေဖ်ာ္ေျဖေရးေန႔ျဖစ္တဲ့ ယေန႔ ဇြန္လ ၂၉ရက္မွာပဲ ဟိုတယ္ရဲ႕ေရခ်ဳိးခန္းထဲ အသက္မဲ့ေနတာကို ေတြ႕ရွိခဲ့ရတာပါ။

Jeon Mi-Sunရဲ႕အေလာင္းကိုေတြ႕ရွိထားတဲ့ ဟိုတယ္ေရခ်ဳိးခန္းကို ရဲအရာရွိေတြေရာက္လာခဲ့ၿပီး တာ၀န္ရွိသူေတြရဲ႕စစ္ေဆးအတည္ျပဳခ်က္အရ ေသဆံုးေၾကာင္းထုတ္ျပန္ခဲ့ၾကတာျဖစ္ပါတယ္။

Jeon Mi-Sunက ကြယ္လြန္ခ်ိန္မွာ အသက္ ၄၈ႏွစ္အရြယ္ျဖစ္ၿပီး ေသေၾကာင္းႀကံစည္မႈျဖစ္ႏိုင္တယ္လို႔ ယူဆေနၾကေပမယ့္ ရဲတပ္ဖြဲ႕ကေတာ့ ၄င္းေသဆံုးမႈအတြက္ စစ္ေဆးေနၾကဆဲျဖစ္ၿပီး ေသဆံုးရတဲ့အေၾကာင္းအရင္းကို တရား၀င္ထုတ္ျပန္ေၾကညာျခင္းမရွိေသးပါဘူး။ Jeon Mi-Sunက ဇာတ္ပို႔သရုပ္ေဆာင္မင္းသမီးအျဖစ္ လူသိမ်ားၿပီး ‘Memories of Murder’ (2003), ‘Moon Embracing the Sun’ (2012) နဲ႔ ‘Hide and Seek’ (2013)တို႔က Jeon Mi-Sun ပါ၀င္သရုပ္ေဆာင္ထားတဲ့ နာမည္ေက်ာ္ဇာတ္ကားေတြျဖစ္ပါတယ္။ ဒါ့ျပင္ Jeon Mi-Sun ပါ၀င္သရုပ္ေဆာင္ထားတဲ့ ‘He Is Psychometric’ဆိုတဲ့ ဒရာမာဇာတ္လမ္းကို လက္ရွိမွာ TvN ရုပ္သံကေန ထုတ္လႊင့္ေနဆဲၿပီး သူရဲ႕ ‘The King’s Letters’ဆိုတဲ့ ေနာက္ထပ္ဇာတ္ကားတစ္ကားကိုလည္း လာမယ့္ဇူလိုင္လမွာ မိတ္ဆက္ျပသသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

(Meaww, 29.6.19)သံသာ

Credit: Pyi Myanmar

Unicode Version

တောင်ကိုရီးယားရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားပြီး မြန်မာပရိသတ်တွေအနေနဲ့လည်း ရင်းနှီးကျွမ်းဝင်နေတဲ့ တောင်ကိုရီးယားရဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးJeon Mi-Sunကို ဂျွန်ဂျူးမြို့က ဟိုတယ်ခန်းတစ်ခန်းရဲ့ ရေချိုးခန်းထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ချွန်ဘက်တက္ကသိုလ်မှာ ဖျော်ဖြေတင်ဆက်သွားမယ့် 2 Nights and 3 Days with Motherဆိုတဲ့ ပြဇာတ်အတွက် Jeon Mi-Sunက ဟိုတယ်မှာတည်းခိုနေတာဖြစ်ပြီး ဖျော်ဖြေရေးနေ့ဖြစ်တဲ့ ယနေ့ ဇွန်လ ၂၉ရက်မှာပဲ ဟိုတယ်ရဲ့ရေချိုးခန်းထဲ အသက်မဲ့နေတာကို တွေ့ရှိခဲ့ရတာပါ။

Jeon Mi-Sunရဲ့အလောင်းကိုတွေ့ရှိထားတဲ့ ဟိုတယ်ရေချိုးခန်းကို ရဲအရာရှိတွေရောက်လာခဲ့ပြီး တာဝန်ရှိသူတွေရဲ့စစ်ဆေးအတည်ပြုချက်အရ သေဆုံးကြောင်းထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

Jeon Mi-Sunက ကွယ်လွန်ချိန်မှာ အသက် ၄၈နှစ်အရွယ်ဖြစ်ပြီး သေကြောင်းကြံစည်မှုဖြစ်နိုင်တယ်လို့ ယူဆနေကြပေမယ့် ရဲတပ်ဖွဲ့ကတော့ ၎င်းသေဆုံးမှုအတွက် စစ်ဆေးနေကြဆဲဖြစ်ပြီး သေဆုံးရတဲ့အကြောင်းအရင်းကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ Jeon Mi-Sunက ဇာတ်ပို့သရုပ်ဆောင်မင်းသမီးအဖြစ် လူသိများပြီး ‘Memories of Murder’ (2003), ‘Moon Embracing the Sun’ (2012) နဲ့ ‘Hide and Seek’ (2013)တို့က Jeon Mi-Sun ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော်ဇာတ်ကားတွေဖြစ်ပါတယ်။ ဒါ့ပြင် Jeon Mi-Sun ပါဝင်သရုပ်ဆောင်ထားတဲ့ ‘He Is Psychometric’ဆိုတဲ့ ဒရာမာဇာတ်လမ်းကို လက်ရှိမှာ TvN ရုပ်သံကနေ ထုတ်လွှင့်နေဆဲပြီး သူရဲ့ ‘The King’s Letters’ဆိုတဲ့ နောက်ထပ်ဇာတ်ကားတစ်ကားကိုလည်း လာမယ့်ဇူလိုင်လမှာ မိတ်ဆက်ပြသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

(Meaww, 29.6.19)သံသာ

Credit: Pyi Myanmar

About the author

ilove

Leave a Comment