Shwe News

“အေပ်ာ္စီးရဟတ္ လည္ေနစဥ္က်ိဳးက်ခဲ့ၿပီး လူေသဆုံးမႈျဖစ္ပြား (႐ုပ္သံ)”

ကစားကြင္းတစ္ခုတြင္ ၃၆၀ ဒီဂရီလွည့္လည္သည့္ အေပ်ာ္စီး ရဟတ္တစ္စင္း လူမ်ားလိုက္ပါ စီနင္းေနခ်ိန္တြင္ ထက္ပိုင္းက်ိဳးက်ခဲ့တာေၾကာင့္ လူစီးတြဲမ်ား ေျမျပင္ေပၚ ျပဳတ္က်ခဲ့ၿပီး အသက္ ၁၉ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ေသဆုံးကာ အမ်ားအျပား ဒဏ္ရာရရွိခဲ့ၾကပါတယ္။

ရုပ္သံၾကည့္ရန္

အူဘက္ကစ္စတန္နိုင္ငံ ဂ်စ္ဇက္ခ္ၿမိဳ႕ရွိ ကစားကြင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ျဖစ္စဥ္အစအဆုံးကို အေပ်ာ္တမ္းမွတ္တမ္းတင္ ကင္မရာမွ ရိုက္ကူးမိခဲ့သည္။ ႐ုပ္သံအရ လူစီးတြဲမ်ားတစ္ဖက္ ေမာင္းတံ တစ္ဖက္နဲ႔ မိုးေပၚေထာင္ကာ ၃၆၀ ဒီဂရီလွည့္သည့္ ခ်ားရဟတ္က ခါးလည္မွ ထက္ပိုင္းက်ိဳးက်ခဲ့ျခင္းျဖစ္သည္။ ကံေကာင္းတာကေတာ့ လူစီးတြဲအျမင့္ဆုံး ေနရာသို႔ မေရာက္မီ က်ိဳးက်ခဲ့တာေၾကာင့္ လူအေသအေပ်ာက္ မမ်ားခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္ေၾကာင့္ မိန္းကေလးတစ္ဦး ေသဆုံးခဲ့ေၾကာင္း ရဲအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ၿပီး ဒဏ္ရာရသူအေရအတြက္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိပါ။ ၿပီးခဲ့တဲ့လအေစာပိုင္းကလည္း မကၠဆီကိုနိုင္ငံတြင္ အလားတူခ်ားရဟတ္ေပၚမွ မိန္းကေလးတစ္ဦး ျပဳတ္က်ခဲ့ၿပီး ရဟတ္နဲ႔ ရိုက္မိကာ လြင့္စင္သြားခဲ့တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါေသးတယ္။

Credit: Popolay

Unicode Version

ကစားကွင်းတစ်ခုတွင် ၃၆၀ ဒီဂရီလှည့်လည်သည့် အပျော်စီး ရဟတ်တစ်စင်း လူများလိုက်ပါ စီနင်းနေချိန်တွင် ထက်ပိုင်းကျိုးကျခဲ့တာကြောင့် လူစီးတွဲများ မြေပြင်ပေါ် ပြုတ်ကျခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။

ရုပ်သံကြည့်ရန်

အူဘက်ကစ်စတန်နိုင်ငံ ဂျစ်ဇက်ခ်မြို့ရှိ ကစားကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်အစအဆုံးကို အပျော်တမ်းမှတ်တမ်းတင် ကင်မရာမှ ရိုက်ကူးမိခဲ့သည်။ ရုပ်သံအရ လူစီးတွဲများတစ်ဖက် မောင်းတံ တစ်ဖက်နဲ့ မိုးပေါ်ထောင်ကာ ၃၆၀ ဒီဂရီလှည့်သည့် ချားရဟတ်က ခါးလည်မှ ထက်ပိုင်းကျိုးကျခဲ့ခြင်းဖြစ်သည်။ ကံကောင်းတာကတော့ လူစီးတွဲအမြင့်ဆုံး နေရာသို့ မရောက်မီ ကျိုးကျခဲ့တာကြောင့် လူအသေအပျောက် မများခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကြောင့် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူအရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။ ပြီးခဲ့တဲ့လအစောပိုင်းကလည်း မက္ကဆီကိုနိုင်ငံတွင် အလားတူချားရဟတ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျခဲ့ပြီး ရဟတ်နဲ့ ရိုက်မိကာ လွင့်စင်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

Credit: Popolay

About the author

ilove

Leave a Comment