Shwe News

“ပိန္ေဆး၊ အသားျဖဴေဆးထုတ္တဲ့စက္ရုံကုိ ထိုင္းရဲတပ္ဖြဲ၀င္စီး ၊ ဓါတ္ေျမႀသစာ၊ အစြန္းခ်ြတ္ေဆးမ်ားသုံးျပီးထုတ္ေနေျကာင္း ေတြ့ရွိ”

ထိုုင္းနိုုင္ငံမွာ အမ်ိဳးသမီးအလွကုုန္ေတြကိုု အတုုလုုပ္ျပီး လူထုုကိုုလိမ္ေရာင္းေနတဲ့ မက္ဂ်စ္စကင္း”Magic Skin” ကုုမၸဏီ နဲ့လက္ေအာက္ခံ အလွျပင္အသံုုးအေဆာင္အမ်ိဳးမ်ိဳးကိုု ဆက္တိုုက္ ဖမ္းဆီးအေရးယူေနရာမွာ ပထမဦးဆံုးအသားျဖဴေဆးထုတ္လုပ္တဲ့ေနရာေတြကို ၀င္ေ၇ာက္စိးနင္းရာမွာ ဓါတ္ေျမႀသစာထုတ္တဲ့ေနရာမွာသံုးတဲအမွုန့္နဲ့ေကာ့စတစ္အစြန္းခ်ြတ္ေဆးေတြကိုသံုးျပိးထုတ္လုပ္ထားတာကို ရဲေတြက စစ္ေဆးေတြ ့ရွိခဲ့တာပါ ။

ဧျပိလ ၂၄ ရက္ေန ့ကေတာ့ Slim Skin အဆီက် ၀ိတ္က်ႏိုု ့မွုုန္ ့တဆိပ္ အေရာင္းကိုုယ္စားလွယ္ Muddharn Samrit မုုဒန္ စမစ္ အသက္၂၄ နွစ္အရြယ္အမ်ိဳးသမီးကိုု ဖမ္းဆီးလိုုက္ပါတယ္ ။

၀ိတ္က်ေဆး ပိန္ေဆးကေတာ့ေကာ္ဖီမစ္ အမွုန့္နဲ့ လိမ္ေမာ္ရည္အမွုန္ ့နဲ့ေပါင္းျပီး ထုတ္လုပ္ျပီး လိမ္လည္ေရာင္းခ်တာပါ ။

ရုုပ္ရွင္သရုုပ္ေဆာင္ေတြနဲ ့ ေၾကာ္ျငာ ထုုတ္ခဲ့လိုု ့ ထိုုင္းနိုုင္ငံ နဲ ့အိမ္နီးခ်င္းနိုုင္ငံေတြမွာေရာင္း အားအေကာင္းဆံုုးMagic Skin Co., Ltd. မက္ဂ်စ္စကင္း အလွကုုန္ေတြက အမ်ိဳးေပါင္း၂၀၀ေက်ာ္ရွိတယ္လို့သိရပါတယ္ ။

အမွန္တကယ္မွာ ထုုတ္လုုပ္တဲ့ စက္ရံုုကေတာ့ မွတ္ပံုုတင္ထားတာမရွိေၾကာင္း နဲ ့ သံုုးစြဲသူေတြအၾကားမွာ က်န္းမာေရးထိခိုုက္မွုုေတြ ျဖစ္ေနတာကိုု တိုုင္ၾကားခဲ့သူ ေပါင္း ၅၀၀၀ ေလာက္ ရွိခဲ့တယ္္လို ့ရဲမွဴးၾကီး Vorachai Songmattha က ဆုိပါတယ္ သူကိုုယ္တိုုင္ ၀င္ေရာက္စစ္ေဆးဖမ္းဆီးမူလုပ္ခဲ့တာပါ ။

ဘတ္ေငြသန္း ၁၀၀၀ ေက်ာ္ နဲ့လည္ပါတ္ေနတဲ့ မက္ဂ်စ္စကင္း အလွကုုန္လုုပ္ငန္း ပိုုင္ရွင္ ၀နဖါ ရဲ ့ေနအိမ္မွာ ဘတ္ ေငြ ၁၉ သန္း ေရႊထည္ အမ်ိဳးေပါင္း၅၃မ်ိဳးနဲ ့ အဖိုုးတန္ကားေတြပါ သိမ္းဆည္းလိုုက္ေၾကာင္းသိရပါတယ္။

ဘန္ေကာက္ျမိဳ ပထံုုဌာနီက သံုုးဧကက်ယ္တဲ့ ၀န္းထဲမွာ တည္ေဆာက္ထားတဲ့အလွကုုန္စက္ရံုုဟာ တကယ္ေတာ့ တရား၀င္ မွတ္ပံုုတင္ထားတာမရွိ ဘဲ တကယ္မွတ္ပံုုတင္ထားတာက နေကာ္စီဌာမရ ျပည္နယ္မွာျဖစ္ျပီး ဘန္ေကာက္ကေတာ့ ကိုုယ္ပြားအတုုစက္ရံုုလုုပ္ထားတာလိုု ့သိရပါတယ္။

ထိုုင္းက်န္မာေရးဌာနကေတာ့ Magic Skin အလွကုုန္ေတြဟာ သံုုးစြဲသူေတြအတြက္ အႏၱရာယ္ ရွိတယ္ဆိုုတာ တရား၀င္ထုုတ္ျပန္ခဲ့ပါတယ္။
အႏုုပညာရွင္ေတြကေတာ ဒီအလွကုန္ေတြကို တကယ္သံုးစဲြမႀကည့္ပဲ တကယ္အသားျဖဴေႀကာင္း အဆီက်ေႀကာင္း ကုိယ္ေရစစ္လွပေခ်ာေမာပိန္ပါး ၀ိတ္က်ေစဖို ့ဒီေဆးေတြအသံုးျပဳခဲ့ေႀကာင္း နဲ့လူထုကို အႏၱရယ္ျဖစ္ေစတဲ့ အလွကုန္ေတြကို ေငြေႀကးယူျပိး ေႀကာ္ျငာေပးခဲ့တဲ့အတြက္ အႏုပညာရွင္ ၅၀ေက်ာ္လည္း စစ္ေဆးမူခံေနရပါတယ္ ။

သူတိုု့ကေတာ့ ေငြယူျပီး ေၾကာျငာထုုတ္ေပးခဲ့တာျဖစ္ျပီး တကယ္က်န္းမာေရးဌာန ့ခြင့္ျပဳခ်က္အတုုမွန္း မသိခဲ့ၾကဘူးလိုု ့ ေျပာၾကပါတယ္။

စက္ရံုုအတြင္းမွာ သံုုးေနတဲ့ ဓါတုုေဆး၀ါးေတြဟာ က်န္းမာေရးဌာနက စစ္ေဆးျပီး ျဖစ္ေၾကာင္း ေျပာဆုိေပမဲတကယ္တမ္းမွာ Food and Drug Administration (FDA) ခြင္ျပဳခ်က္မပါပဲလုပ္ေဆာင္ေနတာကိုလည္းေတြ ရိွခဲ့တယ္လို့ထုိင္းအာဏာပိုင္ေတြကဆိုပါတယ္ ။

ေသာက္ေဆးတထုတ္ကို မူရင္းစက္ရံုက ၂၉ဘတ္နဲ့ေပးျပီး အေရာင္းကုိယ္စားလွယ္ေတြက၂၉၉ဘတ္နဲ့ေရာင္းခ်ခဲ့ႀကတာပါ ။

ထိုုင္းျမန္မာနယ္စပ္မဲေဆာက္ေစ်းမွာေတာ့ ပိန္ေဆး အဆီက်ေဆး မ်က္ႏွာျဖဴေဆး လက္ျဖဴေဆး ေသာက္ေဆး လိမ္းေဆးစသျဖင့္ ကိုယ္ခႏၱာ ေနရာေပါင္းစံုအတြက္ေဆးအမ်ဳိးမ်ိဳးကိုေရာင္းခ်ေနတာေတြ ့ရသလို ့ေရြေျပာင္းအလုပ္သမား မိန္းကေလးေတြႀကားထဲမွာလည္း အဲဒီေဆးေတြကိုသံုးစဲြေနတာေတြ ့ရပါတယ္ ။

အဲဒီ အတြက္ ဒီေဆးေတြကိုသံုးတဲ့အခါမွာအသားေရေတြ ထိခိုက္ပ်က္ဆီးေနတာေတြလည္းရွိသလို တခ်ိဳ ဆုိရင္ မူးေ၀ျပီးအန္တာ ႏွလံုးေတြအခုန္ျမန္ျပီး ကတုန္ကရင္ျဖစ္တာ ေတြ နဲ့လည္းႀကံဳေနရတာမုိ ့ေနာက္ထပ္ ဆိုး၀ါးတဲ့ အႏၱရယ္လည္း ျဖစ္ႏုိင္ပါတယ္ ။

အလွအပကိုႀကိဳက္တဲ့မိန္းခေလးေတြအတြက္ ဓါတုပစၥည္းနဲ့လုပ္တဲ့ေဆးမွန္သမွ်ဟာအႏၱရယ္ရွိပါတယ္ ။

ဒီအတြက္ ဒီေဆးေတြသံုးစဲြေနတာေတြနဲပတ္သက္လုိ့သတိျပဳႀကဖို့ ျမန္မာအမ်ိဳးသမီးမ်ားကို တုိက္တြန္းလိုက္ရပါတယ္ ။

ေသြးလိမ္းတဲ့ျမန္မာသနပ္ခါးတံုးဟာ အႏၱရယ္အကင္းဆံုးျဖစ္တာမို ့ လိမ္းႀကမယ္ဆုိရင္သဘာ၀အတိုင္းပဲ မ်က္ႏွာေတြအသားေတြ လွပေစပါတယ္ ။

Social Action For Children and Women (SAW)

Unicode Version

ထိုင်းနိုင်ငံမှာ အမျိုးသမီးအလှကုန်တွေကို အတုလုပ်ပြီး လူထုကိုလိမ်ရောင်းနေတဲ့ မက်ဂျစ်စကင်း”Magic Skin” ကုမ္ပဏီ နဲ့လက်အောက်ခံ အလှပြင်အသုံးအဆောင်အမျိုးမျိုးကို ဆက်တိုက် ဖမ်းဆီးအရေးယူနေရာမှာ ပထမဦးဆုံးအသားဖြူဆေးထုတ်လုပ်တဲ့နေရာတွေကို ဝင်ရောက်စိးနင်းရာမှာ ဓါတ်မြေသြစာထုတ်တဲ့နေရာမှာသုံးတဲအမှုန့်နဲ့ကော့စတစ်အစွန်းချွတ်ဆေးတွေကိုသုံးပြိးထုတ်လုပ်ထားတာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ ။

ဧပြိလ ၂၄ ရက်နေ့ကတော့ Slim Skin အဆီကျ ဝိတ်ကျနို့မှုန့်တဆိပ် အရောင်းကိုယ်စားလှယ် Muddharn Samrit မုဒန် စမစ် အသက်၂၄ နှစ်အရွယ်အမျိုးသမီးကို ဖမ်းဆီးလိုက်ပါတယ် ။

ဝိတ်ကျဆေး ပိန်ဆေးကတော့ကော်ဖီမစ် အမှုန့်နဲ့ လိမ်မော်ရည်အမှုန့်နဲ့ပေါင်းပြီး ထုတ်လုပ်ပြီး လိမ်လည်ရောင်းချတာပါ ။

ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ကြော်ငြာ ထုတ်ခဲ့လို့ ထိုင်းနိုင်ငံ နဲ့အိမ်နီးချင်းနိုင်ငံတွေမှာရောင်း အားအကောင်းဆုံးMagic Skin Co., Ltd. မက်ဂျစ်စကင်း အလှကုန်တွေက အမျိုးပေါင်း၂၀၀ကျော်ရှိတယ်လို့သိရပါတယ် ။

အမှန်တကယ်မှာ ထုတ်လုပ်တဲ့ စက်ရုံကတော့ မှတ်ပုံတင်ထားတာမရှိကြောင်း နဲ့ သုံးစွဲသူတွေအကြားမှာ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်နေတာကို တိုင်ကြားခဲ့သူ ပေါင်း ၅၀၀၀ လောက် ရှိခဲ့တယ်လို့ရဲမှူးကြီး Vorachai Songmattha က ဆိုပါတယ် သူကိုယ်တိုင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမူလုပ်ခဲ့တာပါ ။

ဘတ်ငွေသန်း ၁၀၀၀ ကျော် နဲ့လည်ပါတ်နေတဲ့ မက်ဂျစ်စကင်း အလှကုန်လုပ်ငန်း ပိုင်ရှင် ဝနဖါ ရဲ့နေအိမ်မှာ ဘတ် ငွေ ၁၉ သန်း ရွှေထည် အမျိုးပေါင်း၅၃မျိုးနဲ့ အဖိုးတန်ကားတွေပါ သိမ်းဆည်းလိုက်ကြောင်းသိရပါတယ်။

ဘန်ကောက်မြို ပထုံဌာနီက သုံးဧကကျယ်တဲ့ ဝန်းထဲမှာ တည်ဆောက်ထားတဲ့အလှကုန်စက်ရုံဟာ တကယ်တော့ တရားဝင် မှတ်ပုံတင်ထားတာမရှိ ဘဲ တကယ်မှတ်ပုံတင်ထားတာက နကော်စီဌာမရ ပြည်နယ်မှာဖြစ်ပြီး ဘန်ကောက်ကတော့ ကိုယ်ပွားအတုစက်ရုံလုပ်ထားတာလို့သိရပါတယ်။

ထိုင်းကျန်မာရေးဌာနကတော့ Magic Skin အလှကုန်တွေဟာ သုံးစွဲသူတွေအတွက် အန္တရာယ် ရှိတယ်ဆိုတာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
အနုပညာရှင်တွေကတော ဒီအလှကုန်တွေကို တကယ်သုံးစွဲမကြည့်ပဲ တကယ်အသားဖြူကြောင်း အဆီကျကြောင်း ကိုယ်ရေစစ်လှပချောမောပိန်ပါး ဝိတ်ကျစေဖို့ဒီဆေးတွေအသုံးပြုခဲ့ကြောင်း နဲ့လူထုကို အန္တရယ်ဖြစ်စေတဲ့ အလှကုန်တွေကို ငွေကြေးယူပြိး ကြော်ငြာပေးခဲ့တဲ့အတွက် အနုပညာရှင် ၅၀ကျော်လည်း စစ်ဆေးမူခံနေရပါတယ် ။

သူတို့ကတော့ ငွေယူပြီး ကြောငြာထုတ်ပေးခဲ့တာဖြစ်ပြီး တကယ်ကျန်းမာရေးဌာန့ခွင့်ပြုချက်အတုမှန်း မသိခဲ့ကြဘူးလို့ ပြောကြပါတယ်။

စက်ရုံအတွင်းမှာ သုံးနေတဲ့ ဓါတုဆေးဝါးတွေဟာ ကျန်းမာရေးဌာနက စစ်ဆေးပြီး ဖြစ်ကြောင်း ပြောဆိုပေမဲတကယ်တမ်းမှာ Food and Drug Administration (FDA) ခွင်ပြုချက်မပါပဲလုပ်ဆောင်နေတာကိုလည်းတွေ ရှိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။

သောက်ဆေးတထုတ်ကို မူရင်းစက်ရုံက ၂၉ဘတ်နဲ့ပေးပြီး အရောင်းကိုယ်စားလှယ်တွေက၂၉၉ဘတ်နဲ့ရောင်းချခဲ့ကြတာပါ ။

ထိုင်းမြန်မာနယ်စပ်မဲဆောက်ဈေးမှာတော့ ပိန်ဆေး အဆီကျဆေး မျက်နှာဖြူဆေး လက်ဖြူဆေး သောက်ဆေး လိမ်းဆေးစသဖြင့် ကိုယ်ခန္တာ နေရာပေါင်းစုံအတွက်ဆေးအမျိုးမျိုးကိုရောင်းချနေတာတွေ့ရသလို့ရွေပြောင်းအလုပ်သမား မိန်းကလေးတွေကြားထဲမှာလည်း အဲဒီဆေးတွေကိုသုံးစွဲနေတာတွေ့ရပါတယ် ။

အဲဒီ အတွက် ဒီဆေးတွေကိုသုံးတဲ့အခါမှာအသားရေတွေ ထိခိုက်ပျက်ဆီးနေတာတွေလည်းရှိသလို တချို ဆိုရင် မူးဝေပြီးအန်တာ နှလုံးတွေအခုန်မြန်ပြီး ကတုန်ကရင်ဖြစ်တာ တွေ နဲ့လည်းကြုံနေရတာမို့နောက်ထပ် ဆိုးဝါးတဲ့ အန္တရယ်လည်း ဖြစ်နိုင်ပါတယ် ။

အလှအပကိုကြိုက်တဲ့မိန်းခလေးတွေအတွက် ဓါတုပစ္စည်းနဲ့လုပ်တဲ့ဆေးမှန်သမျှဟာအန္တရယ်ရှိပါတယ် ။

ဒီအတွက် ဒီဆေးတွေသုံးစွဲနေတာတွေနဲပတ်သက်လို့သတိပြုကြဖို့ မြန်မာအမျိုးသမီးများကို တိုက်တွန်းလိုက်ရပါတယ် ။

သွေးလိမ်းတဲ့မြန်မာသနပ်ခါးတုံးဟာ အန္တရယ်အကင်းဆုံးဖြစ်တာမို့ လိမ်းကြမယ်ဆိုရင်သဘာဝအတိုင်းပဲ မျက်နှာတွေအသားတွေ လှပစေပါတယ် ။

Social Action For Children and Women (SAW)

About the author

ilove

Leave a Comment