Shwe News

“ျမန္မာ့ဂုဏ္ေဆာင္ သက္ထားသူဇာကို တင္စားခ်ီးက်ဴးလိုက္တဲ့ သက္မြန္ျမင့္”

ကမၻာ့အလယ္မွာ ျမန္မာရယ္လို႔ ရပ္တည္ႏိုင္ ေအာင္ႀကိဳးစားေနတဲ့သူေတြအမ်ားႀကီး ႐ိွပါတယ္။ ျမန္မာေတြဟာ အားကစားမွာ ေဘာလံုးေလာက္ကို သာ ႏိုင္ငံေတာ္အားကစား အျဖစ္အသိမွတ္ျပဳထားသလို ျဖစ္ေနေတာ့ တျခားအား ကစားေတြ ႏိုင္ငံတကာနဲ႔ ရင္ေဘာင္တန္းၿပီး ယွဥ္ၿပိဳင္အႏိုင္ရယူႏိုင္ခဲ့တဲ့ အားကစား အမ်ိဳးအစားေတြ ၊ အားကစားသမားေတြကေတာ့ အေမ့ခံဘဝကို ေရာက္လို႔ေရာက္မွန္းမသိေရာက္ေနခဲ့ပါတယ္ ။ ဒါေပမယ့္ ဒီဘက္ေခတ္ ဆို႐ွယ္မီဒီယာ ပြင့္လင္းျမင္သာမႈ ႐ိွလာတဲ့ ယေန႔အခ်ိန္ခါမွာေတာ့ ျမန္မာျပည္သူျပည္သားေတြရဲ႕ တျခားအားကစားအေပၚစိတ္ဝင္စားအားေပးမႈကလည္း ျမင့္တက္လာခဲ့ပါတယ္။ အဲ့ဒီလို ျမင့္တက္လာခဲ့တာနဲ႔အမွ် အြန္လိုင္းမီဒီယာေတြရဲ႕ ဝန္းရံမႈအရေရာ ျပည္သူေတြရဲ႕ အားေပးမႈ အရပါ ထင္သာျမင္လာ႐ိွလာခဲ့တဲ့ ႏိုင္ငံကိုယ္စားျပဳအားကစားေတြလည္း ပမာဏတစ္ခုစာ တိုးလာခဲ့ပါတယ္ ။

အခုက်ေနာ္တို႔ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြကို ဝမ္းေျမာက္စြာ ေဖာ္ျပေပးခ်င္တဲ့ သတင္းေလးတစ္ခု႐ိွပါတယ္ ။အဲ့ဒီသတင္းကေတာ့ ျမန္မာႏိုင္ငံကိုယ္စားျပဳ ၾကက္ေတာင္႐ိုက္ အားကစားမယ္ ေလးျဖစ္တဲ့ သက္ထားသူဇာ ရဲ႕ ေနာက္ထပ္ ခ်န္ပီယံ ဆုတံဆိပ္ ကိုဆြတ္ခူးလာႏိုင္တဲ့သတင္းေလးပဲျဖစ္ပါတယ္။ သူကေတာ့ ဒီႏွစ္အတြင္းမွာပဲ ၿပိုင္ပြဲေတာ္ေတာ္မ်ားမ်ား ကိုသြားေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုတံဆိပ္ေတြကိုရယူေပးႏိုင္ခဲ့သူ တစ္ေယာက္လည္းျဖစ္ပါတယ္ ။ သူကေတာ့ လာမယ့္အိုလံပစ္မွာ ဝင္ေရာက္ယွဥ္ၿပိုင္မယ္လို႔ ရည္မွန္းခ်က္ ထားထား႐ံုသာမကဘဲ စက္တင္ဘာလမွာ ျမန္နိုင္ငံက လက္ခံက်င္းပသြားမယ့္ Myanmar International ၿပိုင္ပြဲမွာလည္း ဝင္ေရာက္ယွဥ္ၿပိဳင္သြားမယ္လို႔ မီဒီယာေတြနဲ႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုသြားခဲ့ဖူးပါတယ္။

အခုသူ ဆြတ္ခူးရ႐ိွခဲ့တဲ့ ဆုအေပၚခံစားခ်က္ကိုလည္း “ညီမ အရမ္းေပ်ာ္တယ္။ ဒီေန႔က ညီမေန႔စဥ္ ႀကိဳးစားအားထုတ္မႈေတြကို အသိမွတ္ျပဳခံရတဲ့ေန႔ပါပဲ။ အစ္ကိုတို႔ အစ္မတို႔ ေမာင္ေလး၊ ညီမေလးတို႔လည္းတေန႔တာကို အေကာင္းဆံုးျဖစ္ေအာင္ႀကိဳးစားနိင္ပါေစလို့ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။ အၿမဲအားေပးေနတဲ့ ညီမရဲ႕ပရိသတ္ေတြအားလံုးကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။”ဆိုၿပီး သူရဲ႕ Facebook Page မွာ ေရးသားေဖာ္ျပထားပါတယ္။

သူအခုလိုဆုေတြ ဆြတ္ခူးရ႐ိွႏိုင္ခဲ့တဲ့အေပၚမွာလည္း “ဂုဏ္ယူစြာျဖင့္ ျမန္မာကို မ်က္ႏွာပန္းပြင့္ေစသူ” ဆိုၿပီး ျပည္သူခ်စ္တဲ့ အႏုပညာ႐ွင္တစ္ေယာက္ျဖစ္တဲ့ သက္မြန္ျမင့္ကလည္း သူရဲ႕ Official Facebook Page ကေနၿပီး ဂုဏ္ျပုခ်ီးမြမ္းစကားဆိုထားပါေသးတယ္။ က်ေနာ္တို႔ေျပာခ်င္လြန္းလို႔ ဝိုင္းေတာ္သားေတြကလည္း ညီမငယ္ သက္ထားသူဇာ တစ္ေယာက္ ကမၻာ့အသိမွတ္ျပဳ နံပါတ္ တစ္ ၾကက္ေတာင္အားကစားမယ္တစ္ေယာက္ျဖစ္ၿပီး ႏိုင္ငံ့ဂုဏ္ကို ဒိထက္မက ေတာက္ေျပာင္လာေအာင္ စြမ္းေဆာင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးရင္ ဂုဏ္ျပဳလိုက္ပါတယ္။ ပရိသတ္ႀကီးရဲ႕ ဆုေတာင္းစကားေလးေတြကိုလည္း မွ်ေဝေပးသြားၾကပါ့ဦးခင္ဗ်ာ

Credit: ဟီးဟီးဟားဟား

Unicode Version

ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ရပ်တည်နိုင် အောင်ကြိုးစားနေတဲ့သူတွေအများကြီး ရှိပါတယ်။ မြန်မာတွေဟာ အားကစားမှာ ဘောလုံးလောက်ကို သာ နိုင်ငံတော်အားကစား အဖြစ်အသိမှတ်ပြုထားသလို ဖြစ်နေတော့ တခြားအား ကစားတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်အနိုင်ရယူနိုင်ခဲ့တဲ့ အားကစား အမျိုးအစားတွေ ၊ အားကစားသမားတွေကတော့ အမေ့ခံဘဝကို ရောက်လို့ရောက်မှန်းမသိရောက်နေခဲ့ပါတယ် ။ ဒါပေမယ့် ဒီဘက်ခေတ် ဆိုရှယ်မီဒီယာ ပွင့်လင်းမြင်သာမှု ရှိလာတဲ့ ယနေ့အချိန်ခါမှာတော့ မြန်မာပြည်သူပြည်သားတွေရဲ့ တခြားအားကစားအပေါ်စိတ်ဝင်စားအားပေးမှုကလည်း မြင့်တက်လာခဲ့ပါတယ်။ အဲ့ဒီလို မြင့်တက်လာခဲ့တာနဲ့အမျှ အွန်လိုင်းမီဒီယာတွေရဲ့ ဝန်းရံမှုအရရော ပြည်သူတွေရဲ့ အားပေးမှု အရပါ ထင်သာမြင်လာရှိလာခဲ့တဲ့ နိုင်ငံကိုယ်စားပြုအားကစားတွေလည်း ပမာဏတစ်ခုစာ တိုးလာခဲ့ပါတယ် ။

အခုကျနော်တို့ ပြောချင်လွန်းလို့ ပရိသတ်တွေကို ဝမ်းမြောက်စွာ ဖော်ပြပေးချင်တဲ့ သတင်းလေးတစ်ခုရှိပါတယ် ။အဲ့ဒီသတင်းကတော့ မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်ရိုက် အားကစားမယ် လေးဖြစ်တဲ့ သက်ထားသူဇာ ရဲ့ နောက်ထပ် ချန်ပီယံ ဆုတံဆိပ် ကိုဆွတ်ခူးလာနိုင်တဲ့သတင်းလေးပဲဖြစ်ပါတယ်။ သူကတော့ ဒီနှစ်အတွင်းမှာပဲ ပြိုင်ပွဲတော်တော်များများ ကိုသွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေကိုရယူပေးနိုင်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ် ။ သူကတော့ လာမယ့်အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ရည်မှန်းချက် ထားထားရုံသာမကဘဲ စက်တင်ဘာလမှာ မြန်နိုင်ငံက လက်ခံကျင်းပသွားမယ့် Myanmar International ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ ဖြေဆိုသွားခဲ့ဖူးပါတယ်။

အခုသူ ဆွတ်ခူးရရှိခဲ့တဲ့ ဆုအပေါ်ခံစားချက်ကိုလည်း “ညီမ အရမ်းပျော်တယ်။ ဒီနေ့က ညီမနေ့စဉ် ကြိုးစားအားထုတ်မှုတွေကို အသိမှတ်ပြုခံရတဲ့နေ့ပါပဲ။ အစ်ကိုတို့ အစ်မတို့ မောင်လေး၊ ညီမလေးတို့လည်းတနေ့တာကို အကောင်းဆုံးဖြစ်အောင်ကြိုးစားနိင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ အမြဲအားပေးနေတဲ့ ညီမရဲ့ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။”ဆိုပြီး သူရဲ့ Facebook Page မှာ ရေးသားဖော်ပြထားပါတယ်။

သူအခုလိုဆုတွေ ဆွတ်ခူးရရှိနိုင်ခဲ့တဲ့အပေါ်မှာလည်း “ဂုဏ်ယူစွာဖြင့် မြန်မာကို မျက်နှာပန်းပွင့်စေသူ” ဆိုပြီး ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်ကလည်း သူရဲ့ Official Facebook Page ကနေပြီး ဂုဏ်ပြုချီးမွမ်းစကားဆိုထားပါသေးတယ်။ ကျနော်တို့ပြောချင်လွန်းလို့ ဝိုင်းတော်သားတွေကလည်း ညီမငယ် သက်ထားသူဇာ တစ်ယောက် ကမ္ဘာ့အသိမှတ်ပြု နံပါတ် တစ် ကြက်တောင်အားကစားမယ်တစ်ယောက်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို ဒိထက်မက တောက်ပြောင်လာအောင် စွမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင် ဂုဏ်ပြုလိုက်ပါတယ်။ ပရိသတ်ကြီးရဲ့ ဆုတောင်းစကားလေးတွေကိုလည်း မျှဝေပေးသွားကြပါ့ဦးခင်ဗျာ

Credit: ဟီးဟီးဟားဟား

About the author

ilove

Leave a Comment