Shwe News

မီတာခ တက္သင္႔တယ္လို…႔ ေထာက္ခံလိုက္တဲ႔ ထြန္းအိျႏၵာဗိုလ္

ျမန္ မာ – အေ မ ရိကန္ ပူးေပါင္းရိုက္ကူးတဲ့ ေမတၱာ ရုပ္ရုင္ကားကိုေတာ့ ျမန္မာႏိုင္ငံမွာ စတင္ရိုက္ကူးေနျပီး လူမင္း ၊ ထြန္းအိျႏၵာဗိုလ္ တို႔က အဓိက ပါဝင္သရုပ္ေဆာင္ သြားမွာ ျဖစ္ပါတယ္။ ျမန္မာလူမ်ိဳးေတြရဲ႕ ေမတၱာတရားကို အဓိက ပံုေဖာ္ထားျပီး ဇာတ္လမ္းရဲ႕ (၈၀) ရာခိုင္ႏႈန္းေလာက္ကေတာ့ ဆန္ဖရန္စစၥကိုမွာ ရိုက္ကူးျပီးစီးခဲ့ျပီလို႔ သိရပါတယ္။ ေမတၱာနဲ႕ ပတ္သက္လို႔ ခံယူခ်က္ နဲ႕ လတ္တေလာ ျမန္မာႏို္င္ငံ အေရးကိုေတာ့ ထြန္းအိျႏၵာဗုိလ္က ခုလို ေျပာျပသြားပါတယ္။

“တ ကယ္ တမ္းေတာ့ ေမတၱာရဲ႕ အဓိပၸာယ္က အက်ိဳးကို လုိလားျခင္းလို႔ ဆရာေတာ္ေတြ ေဟာတာကို နာၾကားဖူးပါတယ္။ ကိုယ္ေမတၱာထားတဲ့သူကို သူ႕ရဲ႕ ေကာင္းက်ိဳး လိုလားတာက ေမတၱာစိတ္ေပါ့။ ဒါေပမဲ့ ဘာနဲ႔ မွားတတ္လဲဆိုေတာ့ ၁၅၀၀ ေမတၱာနဲ႔ မွားတတ္ပါတယ္။” လို႔ ဆိုပါတယ္။မိသားစုထဲမွာ LGBT ကို လက္မခံၾကသူေတြကိုေတာ့ ထြန္းအိျႏၵာဗိုလ္က ခုလိုမ်ိဳး သံုးသပ္ခ်က္ ေပးသြားပါတယ္။

“အဲ့ဒါကေတာ့ေလ လူကို လူလိုပဲ ျမင္ဖို႔ အေရးၾကီးပါတယ္။ ကၽြန္မတို႔ ၾကီးျပင္းလာတဲ့ အေနအထားက ေဘာင္က်ဥ္းတယ္လို႔ ခံစားရပါတယ္။ တျဖည္းျဖည္းနဲ႕ အင္တာနက္ေတြ ေပၚလာတဲ့အခ်ိန္မွာေတာ့ ကမၻာၾကီးက က်ဥ္းလာခ်ိန္မွာ အျမင္က်ယ္လာၾကပါတယ္။ လူကိုလူလိုပဲ ျမင္ဖို႔ လိုပါတယ္။ ေယာက်္ားပဲ ျဖစ္ျဖစ္ ၊ မိန္းမပဲျဖစ္ျဖစ္ လူတစ္ေယာက္ရဲ႕ အရည္အခ်င္းနဲ႔ပဲ အသိအမွတ္ ျပဳသင့္ပါတယ္။ သူ႕ရဲ႕ ျဖစ္တည္မႈနဲ႔ ဆံုးျဖတ္ခ်င္းက သူ႔ရဲ႕ personal ကို ထိခိုက္တယ္လို႔ ခံစားရပါတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

လတ္တေလာ ျမန္မာႏိုင္ငံမွာ မီတာခေတြ တိုးျမွင့္ေကာက္ခံတဲ့အေပၚ ထြန္းအိျႏၵာဗုိလ္က ခုလို ထင္ျမင္ခ်က္ ေပးသြားပါတယ္။“မီတာခက တကယ္ေတာ့ တက္ရမွာေပါ့ရွင္။ တစ္ခုရွိတာကေတာ့ လွ်ပ္စစ္အားက ႏိုင္ငံတကာမွာလိုပဲ ကုန္က်မႈ ရွိမွာဆိုေတာ့ ကိုယ္လိုခ်င္ရင္ ကိုယ္ေပးရမယ့္ ပမာဏ ထိုက္ထိုက္တန္တန္ ေပးရမွာေပါ့။ တိုင္းျပည္စီးပြားေရး ၊ လူတိုင္း လူတိုင္းရဲ႕ စီးပြားေရး ၊ မိသားစုတိုင္းရဲ႕ စီးပြားေရး တိုးတက္လာေအာင္ ႏိုင္ငံေတာ္ အစိုးရက စဥ္းစားသင့္ပါတယ္။ အေျခခံလိုအပ္ခ်က္အတြက္ အေျခခံ ကုန္က်စရိတ္ေတြ လူတိုင္းတတ္ႏိုင္တဲ့ စီးပြားေရးမ်ိဳး ျဖစ္သင့္ပါတယ္။” လို႔ ဆိုပါတယ္။ထြန္းအိျႏၵာဗိုလ္က ေမတၱာ ရုပ္ရွင္ဇာတ္ကားၾကီး ရိုက္ကူးမႈ ျပီးသြားတဲ့အခါ ‘ဆူးပန္းေခြ’ ရုပ္ရွင္ကားမွာ ပါဝင္ သရုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

Credit – myanmarnewsmarket

  • Unicode VErsion

မြန် မာ – အေ မ ရိကန် ပူးပေါင်းရိုက်ကူးတဲ့ မေတ္တာ ရုပ်ရုင်ကားကိုတော့ မြန်မာနိုင်ငံမှာ စတင်ရိုက်ကူးနေပြီး လူမင်း ၊ ထွန်းအိန္ဒြာဗိုလ် တို့က အဓိက ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ မေတ္တာတရားကို အဓိက ပုံဖော်ထားပြီး ဇာတ်လမ်းရဲ့ (၈၀) ရာခိုင်နှုန်းလောက်ကတော့ ဆန်ဖရန်စစ္စကိုမှာ ရိုက်ကူးပြီးစီးခဲ့ပြီလို့ သိရပါတယ်။ မေတ္တာနဲ့ ပတ်သက်လို့ ခံယူချက် နဲ့ လတ်တလော မြန်မာနိုင်ငံ အရေးကိုတော့ ထွန်းအိန္ဒြာဗိုလ်က ခုလို ပြောပြသွားပါတယ်။

“တ ကယ် တမ်းတော့ မေတ္တာရဲ့ အဓိပ္ပာယ်က အကျိုးကို လိုလားခြင်းလို့ ဆရာတော်တွေ ဟောတာကို နာကြားဖူးပါတယ်။ ကိုယ်မေတ္တာထားတဲ့သူကို သူ့ရဲ့ ကောင်းကျိုး လိုလားတာက မေတ္တာစိတ်ပေါ့။ ဒါပေမဲ့ ဘာနဲ့ မှားတတ်လဲဆိုတော့ ၁၅၀၀ မေတ္တာနဲ့ မှားတတ်ပါတယ်။” လို့ ဆိုပါတယ်။မိသားစုထဲမှာ LGBT ကို လက်မခံကြသူတွေကိုတော့ ထွန်းအိန္ဒြာဗိုလ်က ခုလိုမျိုး သုံးသပ်ချက် ပေးသွားပါတယ်။

“အဲ့ဒါကတော့လေ လူကို လူလိုပဲ မြင်ဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ ကြီးပြင်းလာတဲ့ အနေအထားက ဘောင်ကျဉ်းတယ်လို့ ခံစားရပါတယ်။ တဖြည်းဖြည်းနဲ့ အင်တာနက်တွေ ပေါ်လာတဲ့အချိန်မှာတော့ ကမ္ဘာကြီးက ကျဉ်းလာချိန်မှာ အမြင်ကျယ်လာကြပါတယ်။ လူကိုလူလိုပဲ မြင်ဖို့ လိုပါတယ်။ ယောကျ်ားပဲ ဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ပဲ အသိအမှတ် ပြုသင့်ပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုနဲ့ ဆုံးဖြတ်ချင်းက သူ့ရဲ့ personal ကို ထိခိုက်တယ်လို့ ခံစားရပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ မီတာခတွေ တိုးမြှင့်ကောက်ခံတဲ့အပေါ် ထွန်းအိန္ဒြာဗိုလ်က ခုလို ထင်မြင်ချက် ပေးသွားပါတယ်။“မီတာခက တကယ်တော့ တက်ရမှာပေါ့ရှင်။ တစ်ခုရှိတာကတော့ လျှပ်စစ်အားက နိုင်ငံတကာမှာလိုပဲ ကုန်ကျမှု ရှိမှာဆိုတော့ ကိုယ်လိုချင်ရင် ကိုယ်ပေးရမယ့် ပမာဏ ထိုက်ထိုက်တန်တန် ပေးရမှာပေါ့။ တိုင်းပြည်စီးပွားရေး ၊ လူတိုင်း လူတိုင်းရဲ့ စီးပွားရေး ၊ မိသားစုတိုင်းရဲ့ စီးပွားရေး တိုးတက်လာအောင် နိုင်ငံတော် အစိုးရက စဉ်းစားသင့်ပါတယ်။ အခြေခံလိုအပ်ချက်အတွက် အခြေခံ ကုန်ကျစရိတ်တွေ လူတိုင်းတတ်နိုင်တဲ့ စီးပွားရေးမျိုး ဖြစ်သင့်ပါတယ်။” လို့ ဆိုပါတယ်။ထွန်းအိန္ဒြာဗိုလ်က မေတ္တာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှု ပြီးသွားတဲ့အခါ ‘ဆူးပန်းခွေ’ ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Credit – myanmarnewsmarket

About the author

Crypoetess

Leave a Comment