Shwe News
“Victoria လေးအတွက်သာမက သူလေးအတွက်ပါ ဝန်းရံ ပေးကြပါ..ကလေးက ၁နှစ်နဲ့ ၈ လပဲရှိသေးတယ်”
Credit…apannpyay
Unicode Version
Victoria လေးအတွက်ပါ မက သူလေးအတွက်ပါ ဝန်းရံ ပေးကြစေချင် တာပါ သက်ငယ်မုဒိန်းကောင်တွေကို သေဒဏ်ကျစေချင်တာပါ…..
ကလေးက ၁ နှစ် ၈ လသမီးလေး။ (အခု Grace လို့ နာမည်ပြောင်းခေါ်ကြတယ်) လမ်းတောင် ကောင်းကောင်းလျှောက်တတ်တာ မကြာသေးဘူး။ (Victoria လေးကိစ္စနဲ့အချိန်သိပ်မကွာဘူး) မိဘတွေက ဘုန်းကြီးကျောင်းမှာ ရေသန့်ဘူးဆေးကြတာ။ မုဒိန်းကောင် (ကိုရင်ကြီး) ဘယ်အချိန်တည်းကချောင်းနေတယ်မသိ။ကလေးလေးအိပ်နေတာကို ခိုးသွားပြီး ကာမဘီလူးစီးသွားတာ။ပြီးတော့ ပစ်ထားခဲ့တာ။
Grace လေး အတော်အသက်ပြင်းလို့သာ မသေတာ။မအင်္ဂါရော၊ စအိုပါကွဲသွားတာတဲ့။ဘယ်လောက်တောင် စိတ်ရောကိုယ်ပါ နာကျင်ခဲ့ရှာမလဲ။
အင်္ဂါနှစ်ခုလုံးကိုချုပ်ရမှတော့ အပေါ့အလေးကိစ္စအတွက် ဗိုက်မှာအပေါက်ဖောက်ရပါတော့တယ်။မထိုင်တောင်မထိုင်နိုင်အောင်နာမှာပါ။
ချုပ်ပြီးတော့လည်းကလေးသဘာဝ လှုပ်လှုပ်ရှားရှားနေမိရာက (ချုပ်ရိုးအသားမကျသေးတော့) မပြောပြတတ်အောင်နာကျင်နေရှာတယ်တဲ့။
နှာခြေတာတောင်နာလွန်းလို့ ပါးစပ်ကလေးဟနေရတယ်တဲ့။
မိခင်ဖြစ်သူကတော့ Graceလေးနာတိုင်း သူပါခံစားရသလိုဖြစ်နေရှာမယ် ထင်ပါတယ်။
အလုံးစုံပျောက်ကင်းသွားရင် အားလုံးနဲ့ဝေးရာကိုပြောင်းပြေးမယ်တဲ့….
လူတွေစပ်စုတာကို မခံစားနိုင်ဘူးတဲ့လေ။
Grace လေးကိုသွားတွေ့တဲ့ အစ်မ တစ်ယောက်ရေးထားတာ ဖတ်ခဲ့ရတယ်
တရားခံ မုဒိန်းကောင်ကတော့ ခပ်တည်တည်ပဲ၊ နောင်တရတဲ့ပုံလည်း မပေါ်ဘူးတဲ့။
ဘယ်လောက်ရင်နာစရာကောင်းသလဲ။
တရားခံကရင်ကော့ပြီးထောင်ထဲဝင်သွားနိုင်ပေမဲ့ ခံရသူတွေက ဝေးရာကိုထွက်ပြေးရတဲ့အဖြစ်။
Grace လေးမိသားစုက ဆင်းရဲတယ်။
ထိုက်တန်တဲ့ အရေးယူမှုဆိုတာကြီးကို လည်း နင်းပြားတွေအနေနဲ့ မျှော်ကိုးလို့ မရဘူး။
မိဘတွေမှာ လူတွေနဲ့လည်းအတွေ့မခံချင်လောက်အောင်ကို ရင်ထဲမှာဒဏ်ရာတွေပြည့်နေလောက်ပြီ။
၂၀၁၈…၂၀၁၉ အတွင်းမှာကိုပဲကြားလိုက်ရတဲ့ သက်ငယ်မုဒိန်းတွေ။
တစ်ခုခြင်းရေတွက်ထားဖို့တောင် ခက်လာတယ်။ လတ်တလောမှာ သန်လျင်က ကိစ္စရှိသေးတယ်။
ကိုယ်တွေမသိလိုက်တာ….တရားခံကအစစအရာရာကြိုးကိုင်သွားတာတွေဘယ်လောက်ရှိဦးမယ်မသိဘူး။
ငရဲပြည်က ငရဲသားတွေ လူ့ဘုံရောက် နေတယ်လို့တောင်ထင်ရတယ်။
ကိုယ်တို့ဘာလုပ်ပေးနိုင်လဲ။ဝိုင်းအော်ကြရုံ၊ ဆုတောင်းပေးကြရုံအပြင် လုပ်နိုင်တာမရှိခဲ့ဘူး။
ကိုယ့်သားသမီးလေးတွေ၊ ကိုယ့်ဝန်းကျင်က ကလေးလေးတွေကို မျက်တောင်မခတ်ရင်အုပ်မကွာထားကြရုံအပြင် ကြိုတင်ကာကွယ်စရာမရှိခဲ့ဘူး။
သမီးလေး Grace ရေ…. နာကျင်မှုတွေ အမြန်ဆုံးသက်သာပါစေ။
ကြုံခဲ့ရတဲ့ဒုက္ခတွေကို အချိန်အတိုင်း အတာတစ်ခုအတွင်း လုံးဝမေ့သွားပါစေ။
သမီးလေးတို့မိသားစု စိတ်ရောကိုယ်ပါ အားတင်းထားနိုင်ကြပါစေ….။
Credit…apannpyay
About the author
ilove
Leave a Comment