Shwe News
အသည်းကွဲလို့ LIVE လွှင့် ငိုယိုပြီး၊… SHAMPOO တွေသောက်ပြတဲ့ေ..ကာင်မလေး၊ နာမည်ကြီးနေ
source : World Of Buzz
ယူနီကုဒ်ဖြင့် ဖတ်ရန်-
မလေးရှားနိုင်ငံကလို့ ယူဆရတဲ့ ကောင်မလေးတစ်ယောက်ကတော့ သူမရဲ့ကောင်လေးက ထားသွားတာကို အကြောင်းပြုပြီး Live လွှင့်ကာ ငိုယိုခဲ့ပါတယ်။ ယင်းနောက် ကောင်မလေးဟာ ခေါင်းလျှော်ရှည်တွေကို ဖျော်ရည်အလား စိတ်မှာထားပြီး၊ အားရပါးရ သောက်ပြတာပါ။
ကောင်မလေးရဲ့နာမည်ကိုတော့ မသိရပါဘူး။ ဒီဗွီဒိယိုကို Viralkan Ajer အမည်ရ Page က တင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီပို့စ်ဟာ မကြာမီမှာ Facebook က ဖျက်ချလိုက်လို့၊ ဓာတ်ပုံ SS တွေနဲ့ ပြန်တင်တာဖြစ်ပါတယ်။ Page မှာ ရေးထားတဲ့ စာက-
” အသည်းကွဲလို့တဲ့ … သူ့ခမျာ ရှန်ပူတွေကို သောက်ပြနေတယ် .. သနားပါတယ် “လို့ ရေးသားခဲ့ပါတယ်။ မှတ်ချက်ရေးသူ အားလုံးက သူမကို ဝိုင်းဝန်းနားချခဲ့ပြီး၊ တစ်ယောက်ကတော့ “လွတ်လပ်သွားလို့ ပျော်ပျော်နေဖို့ ကံပါလာတာ”လို့ မှတ်ချက်ရေးခဲ့ပါတယ်။
အားလုံးက သူမကို ဝိုင်းဝန်းအားပေးခဲ့ပြီး၊ ကိုယ်လည်း နောက်တစ်ယောက် အမြန်ရှာလိုက်လို့ ပြောကြပါတယ်။ ရှန်ပူတွေသောက်လိုက်လို့ ကလေးမမှာ ပါးစပ်က အမြုပ်တွေထွက်လာတဲ့အထိပါ။ ကြည့်ရတာ တစ်ဖက်ကောင်လေးကို သူမ အဆိပ်သောက်နေတဲ့ပုံစံကို မြင်စေချင်လို့ဖြစ်ပါလိ့မ်မယ်။
အဆိပ်ဘာညာသောက်ရင်လည်း ဒီလိုပဲ ပါးစပ်က အမြှုပ်တွေထွက်တယ်ဆိုတာ ကလေးမလေးက သိထားပုံရပါတယ်။ တစ်ချို့ကလည်း ကလေးမလေးရဲ့ လုပ်ရပ်ဟာ သနားဖို့ထက် ရယ်ဖို့ပိုကောင်းနေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အသည်းကွဲတာက ရယ်စရာမှ မဟုတ်တာ … တကယ်အသည်းကွဲသူတွေသာ ခံစားရနိုင်တာမျိုးလေ။
နေသူရိန် (D Khit Media)
source : World Of Buzz
About the author
Crypoetess
Leave a Comment