Shwe News

“ျပည္ေထာင္စုဝန္ႀကီး ခ်ီးျမင့္တဲ့ ဂုဏ္ျပဳမွတ္တမ္းလႊာ ရ႐ွိခဲ့တဲ့ သက္ထားသူဇာ”

႐ုပ္ေလးကလည္းေခ်ာ အားကစားမွာလည္း ထူးခြၽန္တဲ့ ၾကက္ေတာင္မယ္ေလး မသက္ထားသူဇာ ကေတာ့ လက္႐ွိမွာေတ့ ျမန္မာတႏိုင္ငံလံုးဆိုင္ရာ အမ်ိဳးသမီး ေကာ္မတီက က်င္းပျပဳလုပ္တဲ့ ျမန္မာအမ်ိဳးသမီးမ်ားေန့အထိမ္းအမွတ္အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးမွ ခ်ီးျမွင့္ေသာ “အားကစားထူးခၽြန္” ဂုဏ္ျပဳမွတ္တမ္းလႊာကို ခ်ီးျမင့္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

သက္ထားသူဇာကေတာ့ ႏို္င္ငံတကာနဲ႔ ယွဥ္ၿပိဳင္ရတဲ့ ၾကက္ေတာင္ၿပိဳင္ပြဲေတြမွာေတာ့ ၿပိဳင္ဖက္ႏို္င္ငံက ကစားသမားေတြကိုေတာ့ ခက္ခက္ခဲခဲ အႏိုင္ယူၿပီး ခ်န္ပီယံဆုေတြကို ရယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာကို ကမာၻ့အလယ္မွာ မ်က္ႏွာပန္းပြင့္ေစတဲ့ မသက္ထားသူဇာကေတာ့ ယခုမွာ အားကစားထူးခြၽန္ ဂုဏ္ျပဳမွတ္တမ္းလႊာကို ထိုက္ထို္က္တန္တန္ ခ်ီးျမင့္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

မသက္ထားသူဇာကေတာ့ ဒီဆုေလးကို ရ႐ွိခဲ့ေပမယ့္လည္း ျပည္ပေရာက္ေနတာေၾကာင့္ ကိုယ္တိုင္တက္မယူႏိုင္ခဲ့ပဲ သူ႔ရဲ႕ အေဖနဲ႔အေမက ယူခဲ့ေပးတာကိုလည္း သူ႔ရဲ႕ေပ့ခ်္ေလးမွာေတာ့ ျပန္လည္ ႐ွင္းျပထားတာ ျဖစ္ပါတယ္။

သက္ထားသူဇာကေတာ့ သူ႔ရဲ႕ေပ့ခ်္ေလးမွာ “Get All Myanmar Co., Ltd ကိုလည္း ေက်းဇူးတင္ပါတယ္ရွင့္။ ညီမျပည္ပမွာၿပိဳင္ပြဲေတြရွိေနတဲ့အတြက္ ညီမရဲ့ခ်စ္လွစြာေသာ ေဖေဖနဲ့ေမေမမွ ဆုကိုယူေပးခဲ့ပါတယ္။

ဆုခ်ီးျမွင့္ပါေသာ ျပည္ေထာင္စုဝန္ႀကီးနွင့္ ႏိုင္ငံေတာ္အႀကီးအကဲမ်ားကိုလည္း အထူးေက်းဇူးတင္ရွိပါတယ္ရွင့္” ဆိုၿပီး ျပည္ေထာင္စုဝန္ႀကီးနဲ႔ ႏိုင္ငံေတာ္ အႀကီးအကဲေတြကို ေက်းဇူးတင္စကားဆိုထားတာ ျဖစ္ပါတယ္။ မသက္ထားသူဇာရဲ႕ ႀကိဳးစားအားထုတ္မႈကေတာ့ တကယ့္ကို အံ့မခန္းျဖစ္ၿပီး ခ်ီးက်ဴးစရာေကာင္းလွပါတယ္။ ခ်စ္ပရိသတ္ႀကီးလည္း သူနဲ႔ထပ္တူ ဂုဏ္ယူဝမ္းသာမိၾကမယ္ ထင္ပါတယ္။

Credit: ApannPyay

Unicode Version

ရုပ်လေးကလည်းချော အားကစားမှာလည်း ထူးချွန်တဲ့ ကြက်တောင်မယ်လေး မသက်ထားသူဇာ ကတော့ လက်ရှိမှာတေ့ မြန်မာတနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီက ကျင်းပပြုလုပ်တဲ့ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ချီးမြှင့်သော “အားကစားထူးချွန်” ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

သက်ထားသူဇာကတော့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရတဲ့ ကြက်တောင်ပြိုင်ပွဲတွေမှာတော့ ပြိုင်ဖက်နိုင်ငံက ကစားသမားတွေကိုတော့ ခက်ခက်ခဲခဲ အနိုင်ယူပြီး ချန်ပီယံဆုတွေကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာကို ကမ္ဘာ့အလယ်မှာ မျက်နှာပန်းပွင့်စေတဲ့ မသက်ထားသူဇာကတော့ ယခုမှာ အားကစားထူးချွန် ဂုဏ်ပြုမှတ်တမ်းလွှာကို ထိုက်ထိုက်တန်တန် ချီးမြင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မသက်ထားသူဇာကတော့ ဒီဆုလေးကို ရရှိခဲ့ပေမယ့်လည်း ပြည်ပရောက်နေတာကြောင့် ကိုယ်တိုင်တက်မယူနိုင်ခဲ့ပဲ သူ့ရဲ့ အဖေနဲ့အမေက ယူခဲ့ပေးတာကိုလည်း သူ့ရဲ့ပေ့ချ်လေးမှာတော့ ပြန်လည် ရှင်းပြထားတာ ဖြစ်ပါတယ်။

သက်ထားသူဇာကတော့ သူ့ရဲ့ပေ့ချ်လေးမှာ “Get All Myanmar Co., Ltd ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ ညီမပြည်ပမှာပြိုင်ပွဲတွေရှိနေတဲ့အတွက် ညီမရဲ့ချစ်လှစွာသော ဖေဖေနဲ့မေမေမှ ဆုကိုယူပေးခဲ့ပါတယ်။

ဆုချီးမြှင့်ပါသော ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်အကြီးအကဲများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင့်” ဆိုပြီး ပြည်ထောင်စုဝန်ကြီးနဲ့ နိုင်ငံတော် အကြီးအကဲတွေကို ကျေးဇူးတင်စကားဆိုထားတာ ဖြစ်ပါတယ်။ မသက်ထားသူဇာရဲ့ ကြိုးစားအားထုတ်မှုကတော့ တကယ့်ကို အံ့မခန်းဖြစ်ပြီး ချီးကျူးစရာကောင်းလှပါတယ်။ ချစ်ပရိသတ်ကြီးလည်း သူနဲ့ထပ်တူ ဂုဏ်ယူဝမ်းသာမိကြမယ် ထင်ပါတယ်။

Credit: ApannPyay

About the author

ilove

Leave a Comment