Shwe News

“ရဲတိုက္ရဲ႕ အႏုပညာကို ခ်ီးက်ဴးလိုက္တဲ့ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း”

လူကို အက်ဥ္းခ်ခံရေပမယ့္ အႏုပညာက အက်ဥ္းမက်ခဲ့ဘူးလို႕ ေမာင္မ်ိဳးမင္းက ဆုိပါတယ္။ ရဲတိုက္ရဲ႕ သရုပ္ေဆာင္မႈေတြက ေနာက္မက်န္ခဲ့ဘူးတဲ့။

ဝါရင့္ဒါရိုက္တာႀကီးတစ္ဦးျဖစ္တဲ့ ဒါရိုက္တာ ေမာင္မ်ိဳးမင္းက ဒ႑ာရီမိုး ဇာတ္ကားၾကည့္ၿပီး ရဲတုိက္ရဲ႕ သရုပ္ေဆာင္မႈေတြကို ခ်ီးက်ဴးလိုက္တာပါ။ ႏွစ္ေတြ ေတာ္ေတာ္မ်ားမ်ား အႏုပညာအလုပ္ေတြနဲ႕ အဆက္အသြယ္ ျပတ္ခဲ့ေပမယ့္ ရဲတိုက္ရဲ႕ အႏုပညာေတြက ေနာက္မွ မက်န္ခဲ့ဘဲ လြတ္လပ္စြာ ရွင္သန္လတ္ဆတ္ေနဆဲလုိ႕ ေမာင္မ်ိဳးမင္းက ဆုိပါတယ္။

“လူကိုသာအက်ဥ္းခ်ခံရေပမယ့္ အႏုပညာကအက်ဥ္းမက်ခဲ့ဘူး ေနာက္မက်န္ခဲ့ဘူး။ လြတ္လပ္စြာရွင္သန္လတ္ဆပ္ေနစဲဆိုတာ ဒဏၰာရီမိုး ဇာတ္ကားထဲမွာ ရဲတိုက္ ကိုျပန္ေတြ႕ခဲ့ရတယ္။ ဒါရိုက္တာဝင္းလြင္ထက္ရဲ႕ဇာတ္ကားေတြထဲမွာ အေကာင္းဆံုးဆိုတာကိုလည္း ျမင္ခဲ့ရပါတယ္။အျပင္းကင္းၿပီး ခ်စ္ခ်င္းတရားေတြနဲ႔လွပေနတဲ့ မိုးနီလြင္ရဲ႕ဇာတ္ညႊန္းကေလးလည္း ေက်နပ္ရပါတယ္” ဆုိၿပီး ေမာင္မ်ိဳးမင္းက သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလုိင္(၄) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

ဒ႑ာရီမိုး ရုပ္ရွင္ဇာတ္ကားႀကီးကို ဇူလိုင္(၁၁) ရက္ေန႕မွာ ရံုတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ မင္းသားသံုးေယာက္ရဲ႕ အားၿပိဳင္မႈေတြနဲ႕အတူ ဝတ္မံႈေရႊရည္ရဲ႕ သရုပ္ေဆာင္မႈေတြက ဒ႑ာရီမိုး ပရိသတ္ေတြအတြက္ ခံစားမႈရသေတြ အျပည့္အဝ ရေစမွာ အမွန္ပါပဲ။ ဒါရုိက္တာ ေမာင္မ်ိဳးမင္းကလည္း ဒီဇာတ္ကားကိုၾကည့္ၿပီးေနာက္ အရမ္းကို ေက်နပ္စရာေကာင္းတဲ့ ဇာတ္ကားတစ္ကားျဖစ္လို႕ ေျပာထားတာပါ။ 7 Sense Film Production က ထုတ္လုပ္တာျဖစ္ၿပီး ဒါရုိက္တာ ဝင္းလြင္ထက္ပံုေဖာ္ထားတဲ့ ဒ႑ာရီမုိး ရုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ေဒါင္း၊ ေရႊထူး နဲ႔ ဝတ္မႈံေရႊရည္ တုိ႔နဲ႕အတူ ပါဝင္သရုပ္ေဆာင္ထားပါေသးတယ္။

ရဲတုိက္ဟာ ၂၀၁၇ခုႏွစ္ ႏိုဝင္ဘာ(၁၇) ရက္ေန႕က ေထာင္ကေန ျပန္လႊတ္လာတာျဖစ္ၿပီး ဇန္နဝါရီ(၁၃) ရက္ေန႕စၿပီး ဇာတ္ကားေတြ ရုိက္ကူး ျဖစ္ခဲ့ပါတယ္။ သူစတင္ရိုက္ကူးခဲ့တဲ့ ဇာတ္ကားကေတာ့ bo bo film production နဲ႕အတူ လက္တြဲၿပီး “မွန္” ဆိုတဲ့ ဇာတ္ကားကို စတင္ရိုက္ကူးခဲ့ပါတယ္။ ေနာက္ထပ္လည္း ဇာတ္ကားေတြရုိက္ကူးထားေသးတယ္လုိ႔ သိရပါတယ္။

ဒါရုိက္တာ ေမာင္မ်ဳိးမင္းဟာ လက္ရွိမွာလည္း ေအာင္ျမင္မႈေတြနဲ႔ ရပ္တည္ေနတဲ့ ဒါရုိက္တာတစ္ဦးဆုိလည္း မမွားပါဘူး။ သူရုိက္ကူး ပုံေဖာ္ လုိက္တဲ့ ဇာတ္ကားတုိင္းကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့တဲ့ ဇာတ္ကားေတြခ်ည္းပါပဲ။ လက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးထားေသးတယ္လို႔ သိရပါတယ္။

Credit: Duwun

Unicode Version

လူကို အကျဉ်းချခံရပေမယ့် အနုပညာက အကျဉ်းမကျခဲ့ဘူးလို့ မောင်မျိုးမင်းက ဆိုပါတယ်။ ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေက နောက်မကျန်ခဲ့ဘူးတဲ့။

ဝါရင့်ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်းက ဒဏ္ဍာရီမိုး ဇာတ်ကားကြည့်ပြီး ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျူးလိုက်တာပါ။ နှစ်တွေ တော်တော်များများ အနုပညာအလုပ်တွေနဲ့ အဆက်အသွယ် ပြတ်ခဲ့ပေမယ့် ရဲတိုက်ရဲ့ အနုပညာတွေက နောက်မှ မကျန်ခဲ့ဘဲ လွတ်လပ်စွာ ရှင်သန်လတ်ဆတ်နေဆဲလို့ မောင်မျိုးမင်းက ဆိုပါတယ်။

“လူကိုသာအကျဉ်းချခံရပေမယ့် အနုပညာကအကျဉ်းမကျခဲ့ဘူး နောက်မကျန်ခဲ့ဘူး။ လွတ်လပ်စွာရှင်သန်လတ်ဆပ်နေစဲဆိုတာ ဒဏ္ဏာရီမိုး ဇာတ်ကားထဲမှာ ရဲတိုက် ကိုပြန်တွေ့ခဲ့ရတယ်။ ဒါရိုက်တာဝင်းလွင်ထက်ရဲ့ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဆိုတာကိုလည်း မြင်ခဲ့ရပါတယ်။အပြင်းကင်းပြီး ချစ်ချင်းတရားတွေနဲ့လှပနေတဲ့ မိုးနီလွင်ရဲ့ဇာတ်ညွှန်းကလေးလည်း ကျေနပ်ရပါတယ်” ဆိုပြီး မောင်မျိုးမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်(၁၁) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မင်းသားသုံးယောက်ရဲ့ အားပြိုင်မှုတွေနဲ့အတူ ဝတ်မှုံရွှေရည်ရဲ့ သရုပ်ဆောင်မှုတွေက ဒဏ္ဍာရီမိုး ပရိသတ်တွေအတွက် ခံစားမှုရသတွေ အပြည့်အဝ ရစေမှာ အမှန်ပါပဲ။ ဒါရိုက်တာ မောင်မျိုးမင်းကလည်း ဒီဇာတ်ကားကိုကြည့်ပြီးနောက် အရမ်းကို ကျေနပ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ပြောထားတာပါ။ 7 Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်ပုံဖော်ထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဒေါင်း၊ ရွှေထူး နဲ့ ဝတ်မှုံရွှေရည် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ရဲတိုက်ဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာ(၁၇) ရက်နေ့က ထောင်ကနေ ပြန်လွှတ်လာတာဖြစ်ပြီး ဇန်နဝါရီ(၁၃) ရက်နေ့စပြီး ဇာတ်ကားတွေ ရိုက်ကူး ဖြစ်ခဲ့ပါတယ်။ သူစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ bo bo film production နဲ့အတူ လက်တွဲပြီး “မှန်” ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်းဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာတစ်ဦးဆိုလည်း မမှားပါဘူး။ သူရိုက်ကူး ပုံဖော် လိုက်တဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားတွေချည်းပါပဲ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment