Shwe News

“ပရိသတ္ေတြနဲ႔ ပထမဆုံး ျပန္လည္ေတြ႕ဆုံမယ့္ မိုးေအာင္ရင္”

မိုုးေအာင္ကေတာ့ သူ႕ရဲ႕ ပရိသတ္ေတြနဲ႕ ျပန္ေတြ႕ရေတာ့မွာမို႕ စိတ္လႈပ္ရွားေနပါတယ္။ ဇူလိုင္(၆) ရက္ေန႕မွာ ျပဳလုပ္မယ့္ “ခ်ာလီဘ” ရုပ္ရွင္ဇာတ္ကား red Carpet Show ကို သူ လာမွာ ျဖစ္ပါတယ္။

သရုပ္ေဆာင္ မိုးေအာင္ရင္ကေတာ့ ေထာင္ကေန ျပန္ထြက္လာၿပီးေနာက္ ပရိသတ္ေတြနဲ႕ ပထမဆံုး ျပန္လည္ေတြ႕ဆံုေတာ့မွာ ျဖစ္ပါတယ္။ ပရိသတ္ေတြနဲ႕ ပထမဆံုး ျပန္လည္ဆံုေတြ႕ရမွာျဖစ္လို႕ စိတ္လႈပ္ရွားလို႕ ေနပါတယ္။

“အႏုပညာခ်စ္ပရိသတ္ အႏုပညာေမာင္ႏွမ စာနယ္ဇင္းညီအကိုေမာင္ႏွမ မ်ားနဲ႔စိတ္သစ္လူသစ္နဲ႔ ပထမဆုံးေတြ႕ဆုံရမွာမို႔ ရင္ခုန္ေနပါတယ္”ဆိုၿပီး ဇူလိုင္ (၄) ရက္ေန႕က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

မိုးေအာင္ရင္က ဇူလိုင္(၆) ရက္ေန႕မွာ ျပဳလုပ္မယ့္ “ခ်ာလီဘ” ရုပ္ရွင္ဇာတ္ကား Red Carpet Show ကို သူတက္ေရာက္မွာ ျဖစ္ပါတယ္။ ဒီပြဲဟာ သူအေနနဲ႕ ေထာင္ကေန ထြက္လာၿပီး ပထမဆံုးျပန္လည္တက္ေရာက္တဲ့ ပြဲလည္း ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း သူပြဲျပန္တက္မယ္ဆိုေတာ့ အရမ္းဝမ္းသာေနၾကပါတယ္။ သူ႕ရဲ႕ ရုပ္ရွင္ဇာတ္ကားေတြကိုလည္း ေမွ်ာ္လင့္ေနေၾကာင္း မွတ္ခ်က္ေတြ ေပးထားၾကတာ ေတြ႕ရပါတယ္။

မုိးေအာင္ရင္ဟာ ေမလ ၇ ရက္ေန႔မွာ လြတ္ျငိမ္းခ်မ္းသာခြင့္နဲ႔ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာတာျဖစ္ပါတယ္။ သူ႔ကုိေတာ့ မူးယစ္ေဆးဝါးမႈနဲ႔ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔က မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ အက်ဥ္းခ်ခံခဲ့ရတာျဖစ္ပါတယ္။ သူဟာ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ သုံးစြဲမႈ တုိ႔အတြက္ ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ အတြင္းက အလုပ္နဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္ က်ခံခဲ့ရတာျဖစ္ပါတယ္။

မုိးေအာင္ရင္ကုိေတာ့ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကား၊ တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ သူဟာ အဆုိေတာ္ ေအာင္ရင္ရဲ႕ သားတစ္ေယာက္ျဖစ္ပါတယ္။ အျပဳံးခ်ဳိခ်ဳိ၊ သေဘာေကာင္းလြန္းသူ၊ ေပးလာတဲ့ ကာရုိက္တာအေပၚ အေကာင္းဆုံး သရုပ္ေဆာင္ႏုိင္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကုိ ဒီေန႔ အထိ ရရွိပုိင္ဆုိင္ထားတဲ့ မင္းသားေခ်ာတစ္ေယာက္ပါ။

Credit: Dwuun

Unicode Version

မိုးအောင်ကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ ပြန်တွေ့ရတော့မှာမို့ စိတ်လှုပ်ရှားနေပါတယ်။ ဇူလိုင်(၆) ရက်နေ့မှာ ပြုလုပ်မယ့် “ချာလီဘ” ရုပ်ရှင်ဇာတ်ကား red Carpet Show ကို သူ လာမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကတော့ ထောင်ကနေ ပြန်ထွက်လာပြီးနောက် ပရိသတ်တွေနဲ့ ပထမဆုံး ပြန်လည်တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ပထမဆုံး ပြန်လည်ဆုံတွေ့ရမှာဖြစ်လို့ စိတ်လှုပ်ရှားလို့ နေပါတယ်။

“အနုပညာချစ်ပရိသတ် အနုပညာမောင်နှမ စာနယ်ဇင်းညီအကိုမောင်နှမ များနဲ့စိတ်သစ်လူသစ်နဲ့ ပထမဆုံးတွေ့ဆုံရမှာမို့ ရင်ခုန်နေပါတယ်”ဆိုပြီး ဇူလိုင် (၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

မိုးအောင်ရင်က ဇူလိုင်(၆) ရက်နေ့မှာ ပြုလုပ်မယ့် “ချာလီဘ” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို သူတက်ရောက်မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ သူအနေနဲ့ ထောင်ကနေ ထွက်လာပြီး ပထမဆုံးပြန်လည်တက်ရောက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူပွဲပြန်တက်မယ်ဆိုတော့ အရမ်းဝမ်းသာနေကြပါတယ်။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း မျှော်လင့်နေကြောင်း မှတ်ချက်တွေ ပေးထားကြတာ တွေ့ရပါတယ်။

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။

Credit: Dwuun

About the author

ilove

Leave a Comment