Shwe News

“သက်ငယ်မုဒိန်းကောင်တွေကို အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ တောင်းဆိုတဲ့ နိုင်းနိုင်း”




Source – Hiso Myanmar
No No May Ju Ju

Unicode Version

ပရိသတ်တွေ ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်သရုပ်ဆောင် နိုင်းနိုင်းကတော့ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူပေးဖ်ု့တောင်းဆိုလိုက်ပါတယ်။ မကြာသေးခင်က MC ရဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုဖြေဆိုသွားခဲ့တာပါ။

နိုင်းနိုင်းက “အရေးကြီးတဲ့ ဥပဒေတွေ ချမှတ်ဖို့ ဘာလို့ ဒီလောက်ကြာနေတာလဲ ဆိုတာပဲ မေးချင်တယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်ထားသူတွေက လောကမှာ မရှိသင့်၊ မထားသင့်ဘူး ထင်တယ်။ထောင်ထဲမှာထားရင်လည်း နိုင်ငံတော်ပိုက်ဆံတွေကုန်ပါတယ်။တိုင်းပြည်မှာ ဒီလိုလူတွေထားရင်ကော အကျိုးထူးမှာလား လို့ သက်ငယ်မုဒိမ်းမှုတွေ ဆက်တိုက် ဖြစ်ပွားလာတဲ့ အပေါ်သူ့အမြင်ကိုပြောဆိုခဲ့တာပါ။

နိုင်းနိုင်းက စင်္ကာပူလို့နိုင်ငံမှာတောင် ဥပဒေကို ပြင်းထန်အောက်လုပ်ထားတဲ့အတွက် ဘယ်သူမှ မချိုးဖောက်ရဲဘူးလေ။သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်လို့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ပေးဖို့ မြန်မာနိုင်ငံသားပြည်သူတစ်ယောက်အနေနဲ့တောင်းဆိုပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ကဲ သိစေချင်လွန်းလို့ ပရိသတ်တွေလည်း နိုင်းနိုင်းရဲ့တောင်းဆိုမှုအပေါ် မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်

Source – Hiso Myanmar
No No May Ju Ju
Credit: သိစေချင်လွန်းလို့

About the author

ilove

Leave a Comment