Shwe News

Wisdom Hill မူႀကိဳေက်ာင္းမွ..ာ တရားမဝင္ေက်ာင္းျဖစ္ျပီး.. အၿပီးတိုင္ပိတ္သိမ္းခိုင္းထား… အရာရွိမ်ားကို အေရးယူမည္…

Zawgyi

ေနျပည္ေတာ္၊ ဇူလိုင္ ၅ (သတင္းတမန္) –

အ သက္ ၂ ႏွစ္ေက်ာ္မိန္းကေလးငယ္ လိင္ပိုင္းဆိုင္ရာျပဳက်င့္ခံရမႈျဖစ္ပြားခဲ့သည့္ wisdom hill မူႀကိဳေက်ာင္းကို ေက်ာင္းတည္ေထာင္ခြင့္ျပဳမိန္႔ ေပးေတာ့မည္မဟုတ္ေၾကာင္း နုိင္ငံေတာ္သမၼတရံုးကေျပာသည္။

ေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက “တရားမ၀င္ေက်ာင္းျဖစ္ေနတယ္။ အဲ့ေက်ာငး္ကပိတ္ရမွာ။ လိုင္စင္ေတြဘာေတြမေပးေတာ့ဘူး။ အဲ့မူႀကိဳေက်ာင္းကေတာ့ပိတ္ရမယ္” ဟု ဆိုသည္။ ယေန႔ ေနျပည္ေတာ္တြင္ သတင္းမီဒီယာမ်ားအား သတင္းထုတ္ျပန္ျခင္းအခမ္းအနားတြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။


 

wisdom hill က ဖြင့္လွစ္ထားသည့္ အျခားေသာ အထက္တန္း/အလယ္တတန္း /မူလတန္း ပုဂၢလိကေက်ာင္းမ်ားကိုလည္းစစ္ေဆးခိုင္းထားၿပီး စည္းမ်ဥ္းစည္းကမ္းႏွင့္မညီမႈမ်ားေတြ႕ပါက အေရးယူမည္ျဖစ္ေၾကာင္း ဦးေဇာ္ေဌးက ေျပာသည္။

ယေန႔ ပဲ နုိင္ငံေတာ္သမၼတက ပညာေရး၀န္ႀကီးကို ညႊန္ၾကားလိုက္ၿပီျဖစ္ေၾကာင္း ၎ကဆိုသည္။ wisdom hill ေက်ာင္းသည္ ခြင့္ျပဳခ်က္မရခင္ ဖြင့္လွစ္ထားသည့္ေက်ာင္းျဖစ္သည့္အတြက္ လူမႈ၀န္ထမ္းက ယာယီပိတ္ခိုင္းထားသည့္ေက်ာင္းျဖစ္သည္။

ခြင့္ျပဳ ခ်က္ မ ရွိ ဘဲ ဖြင့္လွစ္ထားသည့္ wisdom hill မူႀကိဳေက်ာင္းကို မသိခ်င္ေယာင္ေဆာင္ထားေသာ လူမႈ၀န္ထမ္းမွအရာရွိမ်ားကို အေရးယူမည္။

ေနျပည္ေတာ္၊ ဇူလိုင္ ၅ (သတင္းတမန္) – ခြင့္ျပဳခ်က္မရွိဘဲ ဖြင့္လွစ္ထားသည့္ ေနျပည္ေတာ္မွ wisdom hill မူႀကိဳေက်ာင္းဖြင့္လွစ္ေနမႈကို မသိခ်င္ေယာင္ေဆာင္ထားသည့္ လူမႈ၀န္ထမ္းဦးစီးဌာနမွ အရာရွိမ်ားကို ေဖာ္ထုတ္အေရးယူမည္ျဖစ္ေၾကာင္းနုိင္ငံေတာ္သမၼတရံုးကေျပာသည္။

ယေန ႔ေနျပည္ေတာ္တြင္ သတင္းထုတ္ျပန္ျခင္းအခမ္းအနားျပဳလုပ္စဥ္ နုိင္ငံေတာ္သမၼတရံုးေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။ အဆိုပါမူႀကိဳေက်ာင္းဖြင့္လွစ္ေနမႈအေပၚ မသိေက်းကၽြံျပဳသည့္ လူမႈ၀န္ထမ္းအရာရွိမ်ားကို အေရးယူမည္ျဖစ္ေၾကာင္း၊ ယင္းအရာရွိမ်ားကို စံုစမ္းေဖာ္ထုတ္ရန္ညႊန္ၾကားထားေၾကာင္း ၎ကဆိုသည္။

wisdom hill မူႀကိဳေက်ာင္းတြင္ အသက္၂ႏွစ္ေက်ာ္အရြယ္ မိန္းကေလးငယ္ လိင္ပိုင္းဆုိင္ရာျပဳက်င့္ခံရၿပီး လက္ရွိတြင္ ျပႆနာျဖစ္ပြားေနျခင္းျဖစ္သည္။ အဆိုပါမူႀကိဳေက်ာင္းသည္ ခြင့္ျပဳမိန္႔မက်ေသးခင္ တြင္ ၿကိဳတင္ဖြင့္လွစ္ထားသည့္အတြက္ ၿပီးခဲ့သည့္ ၁ ရက္ေန႔တြင္ အစိုးရက စာထုတ္၍ ျပန္လည္ပိတ္ခိုင္းထားျခင္းျဖစ္သည္။

(သတင္းတမန္)
ေလးစားစြာျဖင့္ ခရက္ဒစ္

  • Unicode Version

နေပြည်တော်၊ ဇူလိုင် ၅ (သတင်းတမန်) – အသက် ၂ နှစ်ကျော်မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရမှုဖြစ်ပွားခဲ့သည့် wisdom hill မူကြိုကျောင်းကို ကျောင်းတည်ထောင်ခွင့်ပြုမိန့် ပေးတော့မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးကပြောသည်။

ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “တရားမဝင်ကျောင်းဖြစ်နေတယ်။ အဲ့ကျောငး်ကပိတ်ရမှာ။ လိုင်စင်တွေဘာတွေမပေးတော့ဘူး။ အဲ့မူကြိုကျောင်းကတော့ပိတ်ရမယ်” ဟု ဆိုသည်။ ယနေ့ နေပြည်တော်တွင် သတင်းမီဒီယာများအား သတင်းထုတ်ပြန်ခြင်းအခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

wisdom hill က ဖွင့်လှစ်ထားသည့် အခြားသော အထက်တန်း/အလယ်တတန်း /မူလတန်း ပုဂ္ဂလိကကျောင်းများကိုလည်းစစ်ဆေးခိုင်းထားပြီး စည်းမျဉ်းစည်းကမ်းနှင့်မညီမှုများတွေ့ပါက အရေးယူမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ယနေ့ပဲ နိုင်ငံတော်သမ္မတက ပညာရေးဝန်ကြီးကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ wisdom hill ကျောင်းသည် ခွင့်ပြုချက်မရခင် ဖွင့်လှစ်ထားသည့်ကျောင်းဖြစ်သည့်အတွက် လူမှုဝန်ထမ်းက ယာယီပိတ်ခိုင်းထားသည့်ကျောင်းဖြစ်သည်။

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် wisdom hill မူကြိုကျောင်းကို မသိချင်ယောင်ဆောင်ထားသော လူမှုဝန်ထမ်းမှအရာရှိများကို အရေးယူမည်။

နေပြည်တော်၊ ဇူလိုင် ၅ (သတင်းတမန်) – ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် နေပြည်တော်မှ wisdom hill မူကြိုကျောင်းဖွင့်လှစ်နေမှုကို မသိချင်ယောင်ဆောင်ထားသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိများကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးကပြောသည်။

ယနေ့နေပြည်တော်တွင် သတင်းထုတ်ပြန်ခြင်းအခမ်းအနားပြုလုပ်စဉ် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါမူကြိုကျောင်းဖွင့်လှစ်နေမှုအပေါ် မသိကျေးကျွံပြုသည့် လူမှုဝန်ထမ်းအရာရှိများကို အရေးယူမည်ဖြစ်ကြောင်း၊ ယင်းအရာရှိများကို စုံစမ်းဖော်ထုတ်ရန်ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

wisdom hill မူကြိုကျောင်းတွင် အသက်၂နှစ်ကျော်အရွယ် မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရပြီး လက်ရှိတွင် ပြဿနာဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါမူကြိုကျောင်းသည် ခွင့်ပြုမိန့်မကျသေးခင် တွင် ကြိုတင်ဖွင့်လှစ်ထားသည့်အတွက် ပြီးခဲ့သည့် ၁ ရက်နေ့တွင် အစိုးရက စာထုတ်၍ ပြန်လည်ပိတ်ခိုင်းထားခြင်းဖြစ်သည်။

(သတင်းတမန်)
လေးစားစွာဖြင့် ခရက်ဒစ်

About the author

Crypoetess

Leave a Comment