Shwe News
YBS နှစ်စီးပြိုင်မောင်းရာကနေ …တစ်စီးက ကျနော့် ငယ်သူငယ်ချင်း ရဲ့ … ၃နှစ်နဲ့ ၆လအရွယ်သားလေးကို ..တိုက်မိသွားတာပါ (ပြန်လည်ဖြန့် ဝေပေးဖို့  အကူညီတောင်းခံခြင်း😢)
မေ န့ က နာရေးတစ်ခု လိုက်ပို့ ဖြစ်တယ်..
သေ ဆုံး သူ မောင်ကောင်းခန့် ရှိန်းရဲ့မိခင်က ယာဉ်တိုက်မှုဖြစ်ပွားရာ အနီး က အင်စိန်မြို့ သစ်ဈေးမှာ လက်ဖက် နဲ့ အကြော်စုံ ရောင်းတာပါ။အခင်းဖြစ်ပွားတဲ့ နေ့  ညနေမှာ ဈေးထဲကိုရောက်လာတဲ့ အိမ်နီးချင်းဖြစ်သူ မအေးမွန် နဲ့ မောင်ကောင်းခန့်ရှိန်း က အိမ်ကိုပြန်လိုက် သွားပါတယ်။
Htun Kyaw FB
..
  • Unicode Version
မနေ ့က နာရေးတစ်ခု လိုက်ပို ့ဖြစ်တယ်..
ဇူလိုင်(၁)ရက်နေ ့ညနေ၅နာရီလောက် က အင်းစိန်ပေါက်တောဝ အနီး ညောင်ပင်မှတ်တိုင်နား မှာ YBS နှစ်စီးပြိ ုင်မောင်းရာကနေ တစ်စီးက ကျနော့် ငယ်သူငယ်ချင်း ရဲ ့ ၃နှစ်နဲ ့၆လအရွယ်သားလေးကို တိုက်မိသွားတာပါ။
ကလေးက ခေါင်းမှာဒဏ်ရာအပြင်းအထန်ရပြီး မြောက်ဥဣလာဆေးရုံရဲ ့ ဦးနှောက်နဲ ့အာရုံကြောဌာနမှာ အတွင်းလူနာအနေနဲ ့တက်ရောက်ကုသရင်း နှစ်ရက်အကြာမှာ ဆုံးပါးသွားပါတယ်။စတင်ဖြစ်ပွားတဲ့ အချိန်ကစပြီး ကွယ်လွန်တဲ့အချိန်အထိ ကလေးက သတိပြန်လည် မလာခဲ့ပါဘူး။
သေဆုံးသူ မောင်ကောင်းခန် ့ရှိန်းရဲ့မိခင်က ယာဉ်တိုက်မှုဖြစ်ပွားရာ အနီး က အင်စိန်မြို ့သစ်စျေးမှာ လက်ဖက် နဲ ့အကြော်စုံ ရောင်းတာပါ။အခင်းဖြစ်ပွားတဲ့ နေ ့ ညနေမှာ စျေးထဲကိုရောက်လာတဲ့ အိမ်နီးချင်းဖြစ်သူ မအေးမွန် နဲ ့မောင်ကောင်းခန့်ရှိန်း က အိမ်ကိုပြန်လိုက် သွားပါတယ်။
စျေးထဲကပြန်အထွက် အင်းစိန်မြိ ု ့သစ်(က-၄)လမ်းက စတိုးဆိုင်မှာ ကလေးအတွက် မအေးမွန် မုန့် ့ဝင်ဝယ်တဲ့ အချိန်မှာ ခု ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။YBS-61ယာဉ်လိုင်းက ယာဉ်တိုက်မှုကျုးလွန်ခဲ့တဲ့ 3P-2997 ရဲ ့ယာဉ်မောင်းဟာ အခင်းဖြစ်ပွားပြီး ယာဉ်ကို မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာအမျိုးသမီးတစ်ဦး အငှားယာဉ်နဲ ့ ရောက်လာပြီး မအေးမွန် နဲ ့ဒဏ်ရာ အပြင်းထန်ရနေတဲ့ မောင်ကောင်းခန် ့ရှိန်းကို သမိုင်းမြို ့နယ်ထဲ က ဆေးခန်းတစ်ခုကို လိုက်ပို ့ပါတယ်။
ဆေးခန်းသွားတဲ့လမ်း(ကြို့ကုန်းမှတ်တိုင်အနီး)မှာ ထွက်ပြေးသွားတဲ့ YBS -61ရဲ ့3P-2997ကို လူတွေက ၀ိုင်းဖမ်းထားတာ မအေးမွန်တွေ ့ခဲ့ပါတယ်(အဲ့ဒီအချိန်ထိ ကလေးရဲ ့မိဘတွေနဲ ့ မအေးမွန် အဆက်သွယ်မရသေးပါဘူး)
သမိုင်းမြို့ နယ်ထဲ က ဆေးခန်းအရောက်မှာ လိုက်လံ ပို ့ဆောင်ပေးတဲ့ အမျိုးသမီး က ဆေးခန်းအိမ်သာထဲကို သတိလစ်မေ့မြောနေတဲ့ မောင်ကောင်းခန် ့ရှိန်းကို ချီသွားပြီးအိမ်သာရေများနဲ ့မျက်နှာကိုပက်ပေမယ့် ကလေးက သတိလည်မလာခဲ့သလို ဆေးခန်းကလည်း လက်မခံခဲ့ပါဘူး(နောက်ပိုင်းသိရှိချက်အရ ထိုအမျိုးသမီးဟာ ယာဉ်တိုက်မှုကျုးလွန်ခဲ့တဲ့ ယာဉ်မောင်းရဲ့ အမျိုးသမီးဖြစ်နေပါတယ်)
အင်စိန်ဆေးရုံအပို ့မှာတော့ မောင်ကောင်းခန် ့ရှိန်း ့မိဘတွေနဲ ့ မအေးမွန် အဆက်သွယ်ရပါပြီ။ဒဏ်ရာပြင်းထန်တဲ့အတွက် မြောက်ဥဣလာဆေးရုံရဲ ့ ဦးနှောက်နဲ ့အာရုံကြောဌာနကို ဇူလိုင်(၁)ရက်နေ ့ညနေမှာပဲ တင်ပို ့ခဲ့ပြီး ရရှိထားတဲ့ ပြင်းထန်ဒဏ်ရာများကြောင့် 3.7.2019မနက် 3:07မိနှစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ ယာဉ်မောင်းကို ဖမ်းဆီးပြီးဖြစ်တယ်လို ့ ရဲတပ်ဖွဲ ့ရဲ ့ပြောကြားချက်အရသိရပါတယ်။
ကွယ်လွန်သူ မောင်ကောင်းခန် ့ရှိန်း ရဲ့ မိဘတွေအနေနဲ ့ လည်း ယာဉ်တိုက်မှုဖြစ်ပွားရာမှာ ထွက်ပြေးတိမ်းရှောင်ဖို ့ အားပေးကူညီခဲ့တဲ့ ယာဉ်မောင်းရဲ ့ ဇနီးဖြစ်သူကိုလည်း တရားစွဲဆိုဖို ့ပြင်ဆင်နေပါတယ်။
(1.7.2019ရက်နေ ့ ညနေ(၄)နာရီခန် ့ကလှိုင်သာယာကနေ ထွက်ခွာလာတဲ့ YBS-61 ယာဉ်နံပါတ်(3P-2997)ပေါ်မှာစီးနှင်းလိုက်ပါလာတဲ့ ခရီးသည်တွေ အနေနဲ ့လည်း ပူပေါင်းကူညီပေးဖို ့ လေးစားစွာ တင်ပြအပ်ပါသည်)
09799743673 ကိုဇော်မျိုးညွန် ့(ကွယ်လွန်သူ ၏ ဖခင်)09441545238 မအေးမွန်
Htun Kyaw FB
About the author
Crypoetess
Leave a Comment