Shwe News

ပုဂံကို ကမာၻ႔အေမြအႏွစ္အျဖစ္… သတ္မွတ္လိုက္လို႔.. ဝမ္းသာေနတဲ့ ေအးေသာင္း

[Zawgyi Version]

ေအးေသာင္းကေတာ့ ျမန္မာႏိုင္ငံအတြက္ သတင္းေကာင္းတစ္ခု သယ္ေဆာင္လာႏိုင္လို႕ ေပ်ာ္မဆံုးျဖစ္လို႕ေနပါတယ္။ ယူနက္စကို အစည္းအေဝးပြဲႀကီးကို တက္ေရာက္ခဲ့တဲ့ သူမဟာ ပုဂံကို ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ သတ္မွတ္လိုက္တယ္ဆုိတဲ့ သတင္းေၾကာင့္ ဝမ္းသာလို႕ေနပါတယ္။

Photo : ေအးေသာင္း

ဇူလိုင္(၆) ရက္ေန႕က အဇာဘိုင္ဂ်န္ ဘာကုၿမိဳ႕ေတာ္မွာ (၄၃)ႀကိမ္ေျမာက္ ယူနက္စကို အစည္းအေဝးပြဲကို ျပဳလုပ္ခဲ့တာပါ။ အဲဒီအစည္းအေဝးပြဲကို ျမန္မာႏိုင္ငံက ” ႏွလံုးသားထဲက ပုဂံအဖြဲ႕”ကလည္း ပုဂံကို ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ သတ္မွတ္ႏိုင္ေရးအတြက္ သြားေရာက္ႀကိဳးစားခဲ့ၾကသလို သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းကလည္း အဲဒီအဖြဲ႕နဲ႕အတူ လိုက္ပါသြားခဲ့တာ ျဖစ္ပါတယ္။

Photo : ေအးေသာင္း

ေအးေသာင္းဟာ အေဝးအစည္းလုပ္တဲ့အခ်ိန္တေလွ်ာက္လံုးမွာလည္း ပုဂံရဲ႕ သတင္းအတြက္ စိတ္လႈပ္ရွားခဲ့ရၿပီး ပုဂံရဲ႕ သတင္းကို ေၾကညာၿပီးခ်ိန္မွာလည္း ေပ်ာ္လြန္းလို႕ မ်က္ရည္ေတြေတာင္ ဝဲခဲ့ရတယ္လို႕ ဇူလိုင္(၆) ရက္ေန႕ညက သူမရဲ႕ ေဖ့စ္ဘြတ္ကေန Live လႊင့္ၿပီး ေျပာခဲ့တာပါ။ပုဂံကို ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ သတ္မွတ္ေၾကာင္း ေၾကညာၿပီးခ်ိန္မွာလည္း ေအးေသာင္းဟာ ပုဂံဝတ္စံုေလးနဲ႕ ေအာင္ပြဲခဲ့တာ ေတြ႕ရပါတယ္။

ပုဂံကုိ ကမၻာ့ေရွးေဟာင္းအေမြအႏွစ္ၿမိဳ႕ေတာ္ တစ္ခုအျဖစ္ သတ္မွတ္ႏုိင္ဖုိ႔ အတြက္ႏွလုံးသားထဲကပုဂံ အဖြဲ႕နဲ႕အတူ ေအးေသာင္းဟာ ဇူလုိင္လ ၄ ရက္ေန႔က ျမန္မာႏုိင္ငံကေန ထြက္ခြာ ခဲ့ၾကတာျဖစ္ပါတယ္။

Photo : ေအးေသာင္း

(၂၀၁၉)ခုႏွစ္၊ ဇူလိုင္လ ( ၆ )ရက္ေန႔မွာ ပုဂံ ယဥ္ေက်းမႈအေမြအႏွစ္ေဒသအား ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္လိုက္ျခင္းေၾကာင့္ ျမန္မာတစ္ႏိုင္ငံလံုးမွာ ရွိတဲ့ ျပည္သူေတြလည္း အရမ္းကို ဝမ္းသာလို႕ေနၾကပါတယ္။

၂၀၁၄ ခုႏွစ္၊ ဇြန္လ (၂၂)ရက္ေန႔၌ ကာတာနိုင္ငံ၊ ဒိုဟာၿမိဳ႕တြင္ က်င္းပခဲ့ေသာ (၃၈)ႀကိမ္ေျမာက္ ကမၻာ့အေမြအႏွစ္ ေကာ္မတီညီလာခံအစည္းအေဝးမွ ပ်ဴၿမိဳ႕ေဟာင္း (၃)ၿမိဳ႕ျဖစ္ေသာ ဟန္လင္း၊ ဗိႆနိုးႏွင့္ သေရေခတၱရာၿမိဳ႕ေဟာင္းမ်ားအား ျမန္မာနိုင္ငံ၏ ပထမဆုံး ကမၻာ့အေမြအႏွစ္အျဖစ္ သတ္မွတ္ခံရရာ ယခုပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသဟာ ျမန္မာနိုင္ငံရဲ႕ ဒုတိယအႀကိမ္ေျမာက္ ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံရျခင္း ျဖစ္တယ္လို႕ သိရပါတယ္။

Photo : ေအးေသာင္း

ေအးဝတ္ရည္ေသာင္းဟာ ၂၀၁၇ ခုႏွစ္မွာ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ပရိသတ္အားေပးမႈကို ယခင္ကထက္ေတာင္ ပိုမိုရရွိလာပါတယ္။ မေအးေသာင္းဟာ ရုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။ ကုိယ္ပုိင္စီးပြားေရးတစ္ခုျဖစ္တဲ့ ပုိးထည္ဆုိင္ေတြကုိလည္း ဦးေဆာင္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။

Credit- Duwun

  • [Unicode Version]

အေးသောင်းကတော့ မြန်မာနိုင်ငံအတွက် သတင်းကောင်းတစ်ခု သယ်ဆောင်လာနိုင်လို့ ပျော်မဆုံးဖြစ်လို့နေပါတယ်။ ယူနက်စကို အစည်းအဝေးပွဲကြီးကို တက်ရောက်ခဲ့တဲ့ သူမဟာ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ဝမ်းသာလို့နေပါတယ်။

Photo : အေးသောင်း

ဇူလိုင်(၆) ရက်နေ့က အဇာဘိုင်ဂျန် ဘာကုမြို့တော်မှာ (၄၃)ကြိမ်မြောက် ယူနက်စကို အစည်းအဝေးပွဲကို ပြုလုပ်ခဲ့တာပါ။ အဲဒီအစည်းအဝေးပွဲကို မြန်မာနိုင်ငံက ” နှလုံးသားထဲက ပုဂံအဖွဲ့”ကလည်း ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် သွားရောက်ကြိုးစားခဲ့ကြသလို သရုပ်ဆောင် အေးဝတ်ရည်သောင်းကလည်း အဲဒီအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

Photo : အေးသောင်း

အေးသောင်းဟာ အဝေးအစည်းလုပ်တဲ့အချိန်တလျှောက်လုံးမှာလည်း ပုဂံရဲ့ သတင်းအတွက် စိတ်လှုပ်ရှားခဲ့ရပြီး ပုဂံရဲ့ သတင်းကို ကြေညာပြီးချိန်မှာလည်း ပျော်လွန်းလို့ မျက်ရည်တွေတောင် ဝဲခဲ့ရတယ်လို့ ဇူလိုင်(၆) ရက်နေ့ညက သူမရဲ့ ဖေ့စ်ဘွတ်ကနေ Live လွှင့်ပြီး ပြောခဲ့တာပါ။ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီးချိန်မှာလည်း အေးသောင်းဟာ ပုဂံဝတ်စုံလေးနဲ့ အောင်ပွဲခဲ့တာ တွေ့ရပါတယ်။

ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တော် တစ်ခုအဖြစ် သတ်မှတ်နိုင်ဖို့ အတွက်နှလုံးသားထဲကပုဂံ အဖွဲ့နဲ့အတူ အေးသောင်းဟာ ဇူလိုင်လ ၄ ရက်နေ့က မြန်မာနိုင်ငံကနေ ထွက်ခွာ ခဲ့ကြတာဖြစ်ပါတယ်။

Photo : အေးသောင်း

(၂၀၁၉)ခုနှစ်၊ ဇူလိုင်လ ( ၆ )ရက်နေ့မှာ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေလည်း အရမ်းကို ဝမ်းသာလို့နေကြပါတယ်။

၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့၌ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးမှ ပျူမြို့ဟောင်း (၃)မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရာ ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Photo : အေးသောင်း

အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment