Shwe News

ျမင့္ျမတ္နဲ႔ …႐ုပ္ရွင္ျပန္႐ိုက္ရမွာမို႔…. ေပ်ာ္ေနတဲ့ မိုးေအာင္ရင္

[Zawgyi Version]

မို းေအာင္ ရင္ကေတာ့ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လို႕လာပါၿပီ။ ေထာင္ကေန ျပန္လြတ္လာၿပီးေနာက္ ျမင့္ျမတ္နဲ႕ ရုပ္ရွင္ဇာတ္ကားႀကီး ရိုက္ကူးဖို႕အတြက္ ျပင္ဆင္လို႕ေနပါတယ္။

သ ရု ပ္ေဆာင္ မိုးေအာင္ရင္က အႏုပညာေလာကထဲ ျပန္လည္ဝင္ေရာက္လာၿပီျဖစ္ၿပီး ပထမဆံုး ရုပ္ရွင္ဇာတ္ကားကို ျမင့္ျမတ္နဲ႕အတူ ရိုက္ကူးသြားမယ္လို႕ ဆုိပါတယ္။ သူ႕ရဲ႕ ပထမဆံုး ရုပ္ရွင္ဇာတ္ကားကို သူငယ္ခ်င္းနဲ႕အတူတူ ျပန္ရိုက္ရမွာမို႕ ေပ်ာ္မိတယ္လို႕ မိုးေအာင္ရင္က ေျပာပါတယ္။

“ကၽြ န္ေတာ္နဲ႕ ျမင့္ျမတ္နဲ႕က အေစာကတည္းက သူငယ္ခ်င္း အျပင္မွာလည္း ခင္တယ္။ တျခားသူထက္စာရင္ ျမင့္ျမတ္နဲ႕ အခုလို ျပန္ရိုက္ရေတာ့ ကၽြန္ေတာ္ေပ်ာ္တာေပ့ါ။ ကၽြန္ေတာ္ကိုယ္တိုင္လည္း တခ်ိဳ႕အရာေတြမွာ အားငယ္တာရွိတယ္။ အဆင္ေျပပ့ါမလား လုပ္ႏိုင္ပ့ါမလားဆုိၿပီး ေတြးေနတာ ရွိတယ္။ ကၽြန္ေတာ့္သူငယ္ခ်င္းက ကၽြန္ေတာ့္ကို ေဖးမမယ္ထင္ပါတယ္။ ေဖးမေပးပါလို႕လည္း ဒီကေန ေျပာခ်င္ပါတယ္” လို႕ ဇူလိုင္(၆) ရက္ေန႕က ျပဳလုပ္တဲ့”ခ်ာလီဘ” ရုပ္ရွင္ဇာတ္ကားအထူးပြဲမွာ ေျပာခဲ့တာပါ။

Photo : ျမင့္ျမတ္

ႏွ စ္ေတြ အေတာ္ၾကာမွ ျပန္ရိုက္ရမယ့္ ရုပ္ရွင္ဇာတ္ကားႀကီးအတြက္ ျပင္ဆင္မႈ အပိုင္းကိုလည္း ယခုလုိ ေျပာျပခဲ့ပါေသးတယ္။

“ကၽြန္ေတာ္အထဲမွာ အခ်ိန္သံုးႏွစ္ေတာင္ ယူခဲ့ရတယ္။ အဲဒီသံုးႏွစ္အတြက္ႀကိဳးစားမယ္လို႕ ကၽြန္ေတာ္ဆံုးျဖတ္ထားတယ္။ ပရိသတ္ေတြကိုလည္း ကၽြန္ေတာ္အမ်ားႀကီး ႀကိဳးစားသြားပ့ါမယ္လို႕ ေျပာခ်င္ပါတယ္။ အေျပာထက္ အလုပ္နဲ႕ပဲ သက္ေသျပခ်င္ပါတယ္။ကၽြန္ေတာ့္ အိုက္တင္ပိုင္းနဲ႕ ပတ္သက္ၿပီး ျပင္ခ်င္တာေတြလည္း အမ်ားႀကီး ရွိပါတယ္”လို႕ သူက ဆက္လက္ေျပာျပခဲ့ပါတယ္။

Photo : မိုးေအာင္ရင္

ေထ ာင္ကေန ျပန္ထြက္လာၿပီးေနာက္ ဗီဒီယိုေစ်းကြက္ ပ်က္သြားတဲ့အေပၚကိုလည္း စိတ္မေကာင္းဘူးလို႕ ဆုိပါတယ္။

“ေထာင္က ျပန္ထြက္လာေတာ့ ဘာေတြ မရွိေတာ့ဘူးလဲဆိုေတာ့ ဗီဒီယိုေခတ္မရွိေတာ့ဘူးဆိုတာ သိလုိက္ရတယ္။ ငါေရာ ရိုက္လို႕ရပ့ါမလားေပ့ါေနာ္။ ရုပ္ရွင္ေတြပဲ ျဖစ္ေနေတာ့ င့ါကိုေရာေခၚၿပီး ရိုက္ပါ့မလားဆုိၿပီး ျဖစ္ခဲ့တယ္။ ကၽြန္ေတာ့္ပရိုဂ်ဴဆာက ကၽြန္ေတာ့္ကို အခုလို ေခၚၿပီး ရိုက္တဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္” လုိ႕ မုိးေအာင္ရင္ ဆုိပါတယ္။

Photo : မိုးေအာင္ရင္

မုိးေအာင္ရင္ဟာ ေမလ ၇ ရက္ေန႔မွာ လြတ္ျငိမ္းခ်မ္းသာခြင့္နဲ႔ အက်ဥ္းေထာင္ကေန ျပန္လည္ လြတ္ေျမာက္လာခဲ့ပါတယ္။ သူ႔ကုိေတာ့ မူးယစ္ေဆးဝါးမႈနဲ႔ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔က မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ သုံးစြဲမႈ တုိ႔အတြက္ ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ အတြင္းက အလုပ္နဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္ က်ခံခဲ့ရပါတယ္။

မုိးေအာင္ရင္ကုိေတာ့ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကား၊ တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ သူဟာ အဆုိေတာ္ ေအာင္ရင္ရဲ႕ သားတစ္ေယာက္ျဖစ္ပါတယ္။ အျပဳံးခ်ဳိခ်ဳိ၊ သေဘာေကာင္းလြန္းသူ၊ ေပးလာတဲ့ ကာရုိက္တာအေပၚ အေကာင္းဆုံး သရုပ္ေဆာင္ႏုိင္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကုိ ဒီေန႔ အထိ ရရွိပုိင္ဆုိင္ထားတဲ့ မင္းသားေခ်ာတစ္ေယာက္ပါ။

Credit- Duwun

  • [Unicode Version]

မိုးအောင်ရင်ကတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လို့လာပါပြီ။ ထောင်ကနေ ပြန်လွတ်လာပြီးနောက် မြင့်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်လို့နေပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်က အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာပြီဖြစ်ပြီး ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်နဲ့အတူ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို သူငယ်ချင်းနဲ့အတူတူ ပြန်ရိုက်ရမှာမို့ ပျော်မိတယ်လို့ မိုးအောင်ရင်က ပြောပါတယ်။

“ကျွန်တော်နဲ့ မြင့်မြတ်နဲ့က အစောကတည်းက သူငယ်ချင်း အပြင်မှာလည်း ခင်တယ်။ တခြားသူထက်စာရင် မြင့်မြတ်နဲ့ အခုလို ပြန်ရိုက်ရတော့ ကျွန်တော်ပျော်တာပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း တချို့အရာတွေမှာ အားငယ်တာရှိတယ်။ အဆင်ပြေပ့ါမလား လုပ်နိုင်ပ့ါမလားဆိုပြီး တွေးနေတာ ရှိတယ်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ဖေးမမယ်ထင်ပါတယ်။ ဖေးမပေးပါလို့လည်း ဒီကနေ ပြောချင်ပါတယ်” လို့ ဇူလိုင်(၆) ရက်နေ့က ပြုလုပ်တဲ့”ချာလီဘ” ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ ပြောခဲ့တာပါ။

Photo : မြင့်မြတ်

နှစ်တွေ အတော်ကြာမှ ပြန်ရိုက်ရမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်မှု အပိုင်းကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော်အထဲမှာ အချိန်သုံးနှစ်တောင် ယူခဲ့ရတယ်။ အဲဒီသုံးနှစ်အတွက်ကြိုးစားမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ပရိသတ်တွေကိုလည်း ကျွန်တော်အများကြီး ကြိုးစားသွားပ့ါမယ်လို့ ပြောချင်ပါတယ်။ အပြောထက် အလုပ်နဲ့ပဲ သက်သေပြချင်ပါတယ်။ကျွန်တော့် အိုက်တင်ပိုင်းနဲ့ ပတ်သက်ပြီး ပြင်ချင်တာတွေလည်း အများကြီး ရှိပါတယ်”လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : မိုးအောင်ရင်

ထောင်ကနေ ပြန်ထွက်လာပြီးနောက် ဗီဒီယိုဈေးကွက် ပျက်သွားတဲ့အပေါ်ကိုလည်း စိတ်မကောင်းဘူးလို့ ဆိုပါတယ်။

“ထောင်က ပြန်ထွက်လာတော့ ဘာတွေ မရှိတော့ဘူးလဲဆိုတော့ ဗီဒီယိုခေတ်မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။ ငါရော ရိုက်လို့ရပ့ါမလားပေ့ါနော်။ ရုပ်ရှင်တွေပဲ ဖြစ်နေတော့ င့ါကိုရောခေါ်ပြီး ရိုက်ပါ့မလားဆိုပြီး ဖြစ်ခဲ့တယ်။ ကျွန်တော့်ပရိုဂျူဆာက ကျွန်တော့်ကို အခုလို ခေါ်ပြီး ရိုက်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်” လို့ မိုးအောင်ရင် ဆိုပါတယ်။

Photo : မိုးအောင်ရင်

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။

Credit- Duwun

About the author

Crypoetess

Leave a Comment