Shwe News

“ဗစ္တိုးရီးယားအတြက္ အမႈမွန္ေပၚေပါက္ေရး မႏၲေလးတြင္ လူေထာင္ႏွင့္ခ်ီကာ ဆႏၵျပေတာင္းဆို”

ေနျပည္ေတာ္ သေျပကုန္းရပ္ကြက္ရွိ Wisdom Hill မူႀကိဳေက်ာင္းတြင္ တက္ေရာက္ေနေသာ အသက္(၃)ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦး လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳ က်င့္ခံရမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမႈမွန္ေပၚေပါက္ေရးအတြက္ ေထာင္ႏွင့္ခ်ီေသာ မႏၲေလးဒသခံျပည္သူမ်ားက အျဖဴေရာင္အက်ႌမ်ား ဝတ္ဆင္ကာ ယေန႔ (ဇူလိူင္၈) နံနက္(၉)နာရီမွ စတင္၍ ဆႏၵျပေတာင္းဆိုလွ်က္ရွိသည္။

အသက္(၃)ႏွစ္ပင္ မျပည့္ေသးသည့္ ကေလးငယ္ ဗစ္တိုးရီးယား လိင္ပိုင္းဆိုင္ရာ အဓမၼျပဳက်င့္ခံရမူႏွင့္ ပတ္သက္၍ Wisdom Hill မူႀကိဳေက်ာင္း၏ ေက်ာင္းႀကီးၾကပ္ေရးမွဴး ေဒၚဥမၼာလိႈင္၏ ယာဥ္ေမာင္း ေအာင္ေက်ာ္မ်ိဳး(ခ) ေအာင္ႀကီး (၂၇ႏွစ္)ကို ရဲတပ္ဖြဲ႔မွ သံသယတရားခံအျဖစ္ ဖမ္းဆီးအမူဖြင့္ကာ တရားစြဲဆိုခဲ့ၿပီးေနာက္ ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီးအပါအ၀င္ နိဳင္ငံအတြင္းရွိ ၿမိဳ႔ႀကီးမ်ားတြင္ ယခုကဲ့သို႔ ဗစ္တိုးရီးယားအတြက္ အမႈ႔မွန္ေပၚေပါက္ေရး ဆႏၵျပေတာင္းဆိုမူမ်ား ေပၚေပါက္လာျခင္းျဖစ္သည္။

မႏၲေလးၿမိဳ႕တြင္ ဗစ္တိုးရီးယားအတြက္ အမူမွန္ေပၚေပါက္ေရး ဆႏၵျပေတာင္းဆိုရာ၌ ၃၅လမ္းႏွင့္ ၆၆လမ္းေဒါင့္ကို စုရပ္အျဖစ္ ျပဳလုပ္၍ ယင္းေနရာမွ စတင္ကာ ၆၂လမ္း၊ မေနာ္ရမၼံ ျပည္သူ႔ဟစ္တိုင္ကြင္းအထိ လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ေနျခင္းျဖစ္သည္။

ဆႏၵျပေတာင္းဆိုသူမ်ားက လမ္းတေလွ်ာက္ ေႂကြးေၾကာ္သံမ်ား ဟစ္ေႂကြးကာ ဆႏၵျပခဲ့သလို ဗစ္တိုးရီးယားအတြက္ တရားမ်ွတမႈရ႐ွိေရး၊ ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္း တရားဥပေဒစိုးမိုးေရး၊ ေနာက္ထပ္ ဗီတိုးရီးယားမ်ား ထပ္မံမေပၚေပါက္ေစေရး၊ လုံျခံဳစိတ္ခ်ရေသာ လူ႔အဖြဲ႕အစည္းတစ္ခု ဖန္တီးႏိုင္ေရး၊ သက္ငယ္မုဒိမ္းမူ ေလ်ွာ့နည္းပေပ်ာက္ေရး စသည့္ အခ်က္(၅)ခ်က္ပါ ဗီႏိုင္းပိုစတာမ်ား ကိုင္ေဆာင္ကာ ဆႏၵျပခဲ့သည္။

၎ဆႏၵျပပြဲကို သက္ငယ္မုဒိမ္း ေလွ်ာ့နည္းပေပ်ာက္ေရးအဖြဲ႔ (မႏၲေလး)မွ ဦးေဆာင္ျခင္းျဖစ္သည္ Mandalay Indepth News

Unicode Version

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသော အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြု ကျင့်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ထောင်နှင့်ချီသော မန္တလေးဒသခံပြည်သူများက အဖြူရောင်အင်္ကျီများ ဝတ်ဆင်ကာ ယနေ့ (ဇူလိူင်၈) နံနက်(၉)နာရီမှ စတင်၍ ဆန္ဒပြတောင်းဆိုလျှက်ရှိသည်။

အသက်(၃)နှစ်ပင် မပြည့်သေးသည့် ကလေးငယ် ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမူနှင့် ပတ်သက်၍ Wisdom Hill မူကြိုကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီး (၂၇နှစ်)ကို ရဲတပ်ဖွဲ့မှ သံသယတရားခံအဖြစ် ဖမ်းဆီးအမူဖွင့်ကာ တရားစွဲဆိုခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအပါအဝင် နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ယခုကဲ့သို့ ဗစ်တိုးရီးယားအတွက် အမှု့မှန်ပေါ်ပေါက်ရေး ဆန္ဒပြတောင်းဆိုမူများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ဗစ်တိုးရီးယားအတွက် အမူမှန်ပေါ်ပေါက်ရေး ဆန္ဒပြတောင်းဆိုရာ၌ ၃၅လမ်းနှင့် ၆၆လမ်းဒေါင့်ကို စုရပ်အဖြစ် ပြုလုပ်၍ ယင်းနေရာမှ စတင်ကာ ၆၂လမ်း၊ မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။

ဆန္ဒပြတောင်းဆိုသူများက လမ်းတလျှောက် ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြခဲ့သလို ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ် ဗီတိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ လုံခြုံစိတ်ချရသော လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးနိုင်ရေး၊ သက်ငယ်မုဒိမ်းမူ လျှော့နည်းပပျောက်ရေး စသည့် အချက်(၅)ချက်ပါ ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်။

၎င်းဆန္ဒပြပွဲကို သက်ငယ်မုဒိမ်း လျှော့နည်းပပျောက်ရေးအဖွဲ့ (မန္တလေး)မှ ဦးဆောင်ခြင်းဖြစ်သည် Mandalay Indepth News

About the author

ilove

Leave a Comment