Shwe News

“သမီးေလးနဲ႔ ေတြ႕ရေတာ့မွာမို႔ ရင္ခုန္ေနတဲ့ စႏၵီျမင့္လြင္”

စႏၵီျမင့္လြင္က သမီးေလးနဲ႕ ေတြ႕ရေတာ့မွာမို႕ ရင္ခုန္လို႕ ေနပါတယ္။ သမီးေလးကို လြယ္ထားရတာ (၃၇)ပတ္ ရွိလို႕ေနပါၿပီ။

စႏၵီျမင့္လြင္က မၾကာခင္မွာ သမီးေလးကို ေမြးဖြားေတာ့မွာျဖစ္ပါတယ္။ လက္ရွိမွာ ကိုယ္ဝန္က (၉)ပတ္ေက်ာ္ ရွိေနၿပီ ျဖစ္ၿပီး သမီးေလးနဲ႕ ေတြ႕ရေတာ့မွာမို႕ သူမလည္း ရင္ေတြခုန္လို႕ေနပါတယ္။

“သမီးေလးနဲ ့ေတြ ့ရဖို ့ရက္ပိုင္းပဲလိုေတာ့တယ္” ဆုိၿပီး ဇူလိုင္(၈) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။ သူမကေတာ့ သမီးေလးကို ေတြ႕ခ်င္လြန္းလို႕ မေစာင့္ႏိုင္ေတာ့ဘူးလို႕ ဆုိပါတယ္။

စႏၵီျမင့္လြင္တစ္ေယာက္ ဗုိက္ထဲမွာရွိတဲ့ သမီးေလးအတြက္ အစစအရာရာ လုိေလေသးမရွိေအာင္ ျပင္ဆင္ေနၿပီလုိ႔ဆုိပါတယ္။ အဝတ္အစားေတြ ဝယ္ေပးရုံတင္မဟုတ္ပဲ သမီးေလးေနဖုိ႔အခန္းကုိေတာင္ ျပင္ဆင္ေနၿပီလို႔ ေျပာပါတယ္။ စႏၵီျမင့္လြင္က သူ႔ရဲ႕ ပထမဦးဆုံးရင္ေသြးေလးကုိ ဇူလုိင္လကုန္ပုိင္းမွာ ေမြးဖြားမယ္လုိ႔ သိရပါတယ္။ မၾကာခင္ သမီးေလးကုိ ေမြးဖြားရေတာ့မွာျဖစ္လုိ႔လည္း အရမ္းကုိေပ်ာ္ေနၿပီလုိ႔ Duwun Media ကေနေျပာျပလာပါတယ္။

‘’ဒီးဒီက ပန္းလႈိင္မွာ ေမြးျဖစ္ဖုိ႔ မ်ားပါတယ္။ ၇ လပုိင္း လကုန္ခါနီးေလာက္ေပါ့။ ေဒါက္တာ ေဒၚေမသူမ်ဳိးညႊန္႔နဲ႔ပါ။ ကေလးကေတာ့ မိ္န္းကေလးအခန္းဆိုေတာ့ ထုံးစံအတုိင္း ပန္းေရာင္ေလးေတြ၊ ဆင္မယ္၊ ျခယ္မယ္၊ သမီး အက်ၤီေလးေတြေတြ႔ရင္ ကုိယ္ကေပ်ာ္ေနတာေပါ့ေနာ္။ ဗုိက္ထဲမွာကတည္းက ကုိယ္က မိဘေမတၱာ ခံစားေနရၿပီေပါ့ေနာ္’’ လုိ႔ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပလာပါတယ္။

စႏၵီျမင့္လြင္က ခင္ပြန္းျဖစ္သူ ကုိသီဟလြင္နဲ႔ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ႏုိဗုိတယ္ဟုိတယ္မွာ မဂၤလာပြဲက်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ သူတုိ႔ရဲ႕ အိမ္ေထာင္သက္တမ္းက ၁ ႏွစ္နဲ႔ ၃ လေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။ ပထမဆုံးရင္ေသြးေလး အတြက္ကုိလည္း ဇနီးေမာင္ႏွံ ႏွစ္ေယာက္ စလုံးက ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ေနၾကပါတယ္။

Credit: Duwun

Unicode Version

စန္ဒီမြင့်လွင်က သမီးလေးနဲ့ တွေ့ရတော့မှာမို့ ရင်ခုန်လို့ နေပါတယ်။ သမီးလေးကို လွယ်ထားရတာ (၃၇)ပတ် ရှိလို့နေပါပြီ။

စန္ဒီမြင့်လွင်က မကြာခင်မှာ သမီးလေးကို မွေးဖွားတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ကိုယ်ဝန်က (၉)ပတ်ကျော် ရှိနေပြီ ဖြစ်ပြီး သမီးလေးနဲ့ တွေ့ရတော့မှာမို့ သူမလည်း ရင်တွေခုန်လို့နေပါတယ်။

“သမီးလေးနဲ့တွေ့ရဖို့ရက်ပိုင်းပဲလိုတော့တယ်” ဆိုပြီး ဇူလိုင်(၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ သူမကတော့ သမီးလေးကို တွေ့ချင်လွန်းလို့ မစောင့်နိုင်တော့ဘူးလို့ ဆိုပါတယ်။

စန္ဒီမြင့်လွင်တစ်ယောက် ဗိုက်ထဲမှာရှိတဲ့ သမီးလေးအတွက် အစစအရာရာ လိုလေသေးမရှိအောင် ပြင်ဆင်နေပြီလို့ဆိုပါတယ်။ အဝတ်အစားတွေ ဝယ်ပေးရုံတင်မဟုတ်ပဲ သမီးလေးနေဖို့အခန်းကိုတောင် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စန္ဒီမြင့်လွင်က သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ဇူလိုင်လကုန်ပိုင်းမှာ မွေးဖွားမယ်လို့ သိရပါတယ်။ မကြာခင် သမီးလေးကို မွေးဖွားရတော့မှာဖြစ်လို့လည်း အရမ်းကိုပျော်နေပြီလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ဒီးဒီက ပန်းလှိုင်မှာ မွေးဖြစ်ဖို့ များပါတယ်။ ၇ လပိုင်း လကုန်ခါနီးလောက်ပေါ့။ ဒေါက်တာ ဒေါ်မေသူမျိုးညွှန့်နဲ့ပါ။ ကလေးကတော့ မိန်းကလေးအခန်းဆိုတော့ ထုံးစံအတိုင်း ပန်းရောင်လေးတွေ၊ ဆင်မယ်၊ ခြယ်မယ်၊ သမီး အင်္ကျီလေးတွေတွေ့ရင် ကိုယ်ကပျော်နေတာပေါ့နော်။ ဗိုက်ထဲမှာကတည်းက ကိုယ်က မိဘမေတ္တာ ခံစားနေရပြီပေါ့နော်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment