Shwe News

“မုဒိန္းမႈမွ DNA ကိုလွည့္ျဖားျခင္း (ျဖစ္ရပ္မွန္)”

၁၉၉၂ ခုုႏွစ္မွာ ကေနဒါႏိုုင္ငံက ခြဲစိတ္ဆရာဝန္တစ္ေယာက္ဟာ သူ႔ရဲ့လူနာျဖစ္သူ အမ်ိဳးသမီးတစ္ဦးကိုု ေဆးကုုသခန္းထဲမွာပဲ အဓမၼျပဳက်င့္ခဲ့ပါတယ္။ အမႈက်ဴးလြန္စဥ္က လူနာအမ်ိဳးသမီးကိုု ရုုန္းကန္ေအာ္ဟစ္ျခင္းမျပဳႏိုုင္ေအာင္ စိတ္ျငိမ္ေဆးအျပင္းစားတစ္မ်ိဳးေပးထားခဲ့ပါတယ္။ အမ်ိဳးသမီးက ရဲစခန္းမွာ တိုုင္ခ်က္ဖြင့္တဲ့အခါ အျခားသံသယရွိစရာ အခ်က္မ်ားရွိခဲ့ေပမယ့္ DNA စစ္ခ်က္မွာေတာ့ ဆရာဝန္ရဲ့ DNA ဟာ တရားခံရဲ့ DNA နဲ႔ လံုုးဝကြဲျပားေနလိုု႔ လြတ္ေျမာက္သြားခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ကေနဒါႏိုုင္ငံ ကစ္ပလင္ျမိဳ႔ မွာ ျဖစ္ပြားခဲ့တာပါ။ ကစ္ပလင္ဟာ နယ္ျမိဳ႔ေလးျဖစ္ျပီး စိုုက္ပ်ိဳးေရးလုုပ္ငန္းေတြ ေမြးျမဴေရးျခံေတြနဲ႔ ေအးခ်မ္းလွတဲ့ ျမိဳ႔တစ္ျမိဳ႔လည္း ျဖစ္ပါတယ္။ လူဦးေရသိပ္မမ်ားလွပဲ ျမိဳ႔ခံေတြဟာ တစ္ဦးကိုုတစ္ဦး သိေနၾကပါတယ္။ လူနာအမ်ိဳးသမီးရဲ့ အမည္က Candice ျဖစ္ျပီး ဆင္ဂယ္မားသားတစ္ဦးလည္း ျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္တဲ့သူကေတာ့ သူမရဲ့ မိသားစုု ဆရာဝန္တစ္ဦးျဖစ္ျပီး John Schneeberger လိုု႔အမည္ရပါတယ္။ ေဒါက္တာရွနီဘာဂါဟာ ဇမ္ဘီယာႏိုင္ငံမွ ကေနဒါႏိုုင္ငံသိုု႔ ေျပာင္းေရႊ႕အေျခခ်လာခဲ့သူပါ။ ကစ္ပလင္ျမိဳ႔ရဲ႕ ေဆးရံုုမွာအလုုပ္လုုပ္ေနရင္း ကန္ဒစ္ ရဲ့ ပထမကိုုယ္ဝန္ကိုုလည္း ေမြးဖြားေပးခဲ့ဖူးပါတယ္။

၁၉၉၂ ခုုႏွစ္ ေအာက္တိုုဘာ ၃၁ ရက္ (တေစၦပြဲေတာ္ညမွာ) ကန္ဒစ္ ဟာ သူ႔ရည္းစားနဲ႔ စကားမ်ားျပီးတဲ့ေနာက္ ကစ္ပလင္ေဆးရံုုမွာ အလုုပ္လုုပ္ေနတဲ့ သူငယ္ခ်င္းတစ္ေယာက္ဆီ ထြက္လာခဲ့ပါတယ္။ ေဆးရံုုမွာ သူမရဲ့ သူငယ္ခ်င္းကိုု မေတြ႔ခဲ့ရပါဘူး။ ဒါေပမယ့္ ကန္ဒစ္ရဲ့ အေျခအေနဟာ အရမ္းစိတ္လႈပ္ရွားလြန္းေနတာမိုု႔ ဆရာဝန္နဲ႔ တိုုင္ပင္ဖိုု႔ ေဆးရံုုဝန္ထမ္းေတြက အၾကံေပးခဲ့ပါတယ္။ အဲဒီမွာ ေဒါက္တာရွနီဘာဂါနဲ႔ ေတြ႔ဆံုုျပီး အထက္ပါ အျဖစ္ဆိုုးၾကီး ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

ကန္ဒစ္ဟာ အခင္းျဖစ္စဥ္က စိတ္ျငိမ္ေဆးေၾကာင့္ မိန္းေမာေနေပမယ့္ အျဖစ္အပ်က္ကိုု ေကာင္းစြာမွတ္မိေနပါတယ္။ တရားရံုုးက ေဒါက္တာရွနီဘာဂါကိုု အမႈက လႊတ္ေပးလိုုက္တဲ့အေပၚ မေက်နပ္တာေၾကာင့္ အယူခံဆက္လက္ဝင္ခဲ့ပါတယ္။ ၁၉၉၃ ခုုႏွစ္မာ ေဒါက္တာရွနီဘာဂါကိုု ရံုးေတာ္မွ ဒုုတိယအၾကိမ္ DNA စစ္ေစခဲ့ပါတယ္။ ဒီတစ္ၾကိမ္မွာလည္း တရားခံရဲ့ DNA နဲ႔ လံုုးဝကိုုက္ညီျခင္းမရွိတာေၾကာင့္ ေဒါက္တာရွနီဘာဂါကိုု အမႈက တရားေသလႊတ္ခဲ့ျပီး အမႈပိတ္သိမ္းခဲ့ပါတယ္။ အခ်ိဳ႔သူေတြရဲ့အျမင္မွာ ကန္ဒစ္အေနနဲ႔ တစံုုတရာ ရည္ရြယ္ခ်က္နဲ႔ ေဒါက္တာရွနီဘာဂါကိုု အမႈဆင္ခဲ့တာလိုု႔ သံုုးသပ္လာၾကပါတယ္။

ကန္ဒစ္ ဟာ လံုုးဝ လက္မေလ ွ်ာ့ေသးပဲ အလြတ္စံုုေထာက္အဖြဲ႔ကိုု ငွားရမ္းျပီး ေဒါက္တာရွနီဘာဂါရဲ့ ကားထဲကိုု ေဖာက္ထြင္းဝင္ေရာက္ေစကာ DNA sample ကိုု ရေအာင္ယူျပီး ထပ္မံစစ္ေဆးခဲ့ပါတယ္။ သူတိုု႔စစ္ေဆးၾကည့္ရမွာေတာ့ ေဒါက္တာရွနီဘာဂါရဲ့ DNA ဟာ တရားခံရဲ့ DNA နဲ႔ ကိုုက္ညီေနပါတယ္။ ဒါေပမယ့္ ရံုုးတင္တရားစြဲဖိုု႔ရာ တရားရံုုးမွ အသိအမွတ္ျပဳတဲ့ ဌာနမွာ ထပ္မံစစ္ေဆးဖိုု႔ လိုုပါတယ္။ ကံဆိုုးတာက အဲဒီလိုု ထပ္မံစစ္ေဆးဖိုု႔ လံုုေလာက္တဲ့ DNA နမူနာ မက်န္ေတာ့တာပဲ ျဖစ္ပါတယ္။ (သူတိုု႔ဘာသာ စစ္ေဆးၾကည့္တာနဲ႔တင္ ေသြးနမူနာေတြ ကုုန္သြားခဲ့ပံုုရပါတယ္) ဒါေၾကာင့္ တရားဝင္ ေဆးစစ္ရလာဒ္မပီျပင္တာေၾကာင့္ ေဒါက္တာရွနီဘာဂါအေပၚ ထပ္မံတရားစြဲဆိုုျခင္း မျပဳႏိုုင္ေတာ့ပါဘူး။

ဒီအေတာအတြင္းမွာ ေဒါက္တာရွနီဘာဂါဟာ ကေနဒါႏိုုင္ငံသားအျဖစ္ ခံယူခဲ့ပါတယ္။ သူဟာ ၁၉၉၁ ခုုႏွစ္တည္းက ကေလးႏွစ္ေယာက္မိခင္ လီဆာေဒလ္မန္နဲ႔ အိမ္ေထာင္က်ခဲ့ျပီး သူနဲ႔ေနာက္ထပ္ သားသမီးႏွစ္ဦး ထြန္းကားခဲ့ပါတယ္။ ရာဇဝတ္ေဘး ေျပးမလြတ္တာ ကေနဒါမွာေတာ့ မွန္တယ္လိုု႔ ေျပာရမွာ ျဖစ္ပါတယ္။ ၁၉၉၇ ခုုနွစ္မွာ သူ႔ဇနီး လီဆာက သူ႔ကိုု အမႈဖြင့္ခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ သူမရဲ့ပထမအိမ္ေထာင္က ပါလာတဲ့ ၁၅ႏွစ္အရြယ္သမီးၾကီးကိုု ေဒါက္တာရွနီဘာဂါက အၾကိမ္ၾကိမ္ေစာ္ကားေနေၾကာင္း သိလာရလိုု႔ ျဖစ္ပါတယ္။

ဒီတစ္ၾကိမ္မွာေတာ့ ေဒါက္တာရွနီဘာဂါကိုု DNA ထပ္မံစစ္ေဆးဖိုု႔ ျဖစ္လာပါတယ္။ ပထမအမႈမွာ သံသယမ်ားစြာရွိခဲ့လိုု႔လား ဒါမွမဟုုတ္ ဥပေဒအရ လိုုအပ္ခ်က္ေတြ တိုုးျမွင့္လာလိုု႔လားေတာ့ မသိပါ။ DNA နမူနာကိုု လက္ေမာင္းေသြးကေနသာ မက ပါးေစာင္မွအသားစႏွင့္ ဆံပင္တိုု႔ကပါ ယူေစခဲ့ပါတယ္။ အဲဒီအခါမွာ ေဒါက္တာရွနီဘာဂါရဲ့ DNA ဟာ သူ႔ရဲ့မယားပါသမီးကိုု ေစာ္ကားတဲ့တရားခံရဲ့ DNA နဲ႔ တူညီယံုုမ ွ်မက သူ႔ပထမအမႈက တရားလိုု ကန္ဒစ္ကိုု က်ဴးလြန္ခဲ့သူရဲ့ DNA နဲ႔ပါ တူညီေနေၾကာင္း ေတြ႔လာရပါတယ္။

ဒါဆိုုရင္ ပထမအမႈမွာ ေဒါက္တာရွနီဘာဂါဟာ ဘာလိုု႔ DNA မတူပဲ အမႈက လြတ္ေျမာက္သြားခဲ့ပါသလဲ။ ဒီေမးခြန္းကိုု တရားရံုုးနဲ႔ အမႈစစ္အဖြဲ႔က အၾကိမ္ၾကိမ္စစ္ေမးခဲ့ျပီးေနာက္ဆံုုး တရားခြင္တစ္ခုုမွာ ေဒါက္တာရွနီဘာဂါက သူ႔အျပစ္ကိုု ဝန္ခံခဲ့ျပီး DNA က လြတ္ေအာင္ ဘယ္လိုုေရွာင္ခဲ့သလဲဆိုုတာ ကိုုပါ ထုုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

သူ႔ကိုု DNA စစ္မယ့္ရက္ခ်ိန္းမတိုုင္ခင္မွာ သူ႔လူနာထဲက အမ်ိဳးသားတစ္ဦးရဲ့ ေသြးကိုု ပလပ္စတစ္ျပြန္ငယ္တစ္ခုုထဲမွာ ထည့္ျပီး သူ႔လက္ေမာင္းက ပံုုမွန္ေသြးစစ္ေနက် ေနရာနားမွာ ခြဲစိပ္ျပီး ျမႈပ္ထည့္ထားခဲ့တာ ျဖစ္ပါတယ္။ ခြဲစိပ္ဆရာဝန္တစ္ဦး ျဖစ္တာမိုု႔ သူ႔အတြက္ေတာ့ အခက္အခဲမရွိပါဘူး။ DNA နမူနာယူတိုုင္းမွာ အမ်ားေရွ႕ေမွာက္မွာ သူ႔လက္ေမာင္းေသြးကိုု သူကိုုယ္တိုုင္ အပ္နဲ႔ထုုတ္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီေသြးက သူ႔ေသြးအစစ္မဟုုတ္ပဲ သူကိုုယ္တိုုင္ျမႈပ္ထားတဲ့ ပိုုက္ထဲက ေသြးေတြ ျဖစ္ေနတာ တစ္ခုုပါပဲ။

အမႈနွစ္မႈလံုုးအတြက္ ေဒါက္တာရွနီဘာဂါဟာ ေထာင္ေျခာက္ႏွစ္ပဲ က်ခဲ့တာကေတာ့ ထူးျခားပါတယ္။ ဘာေၾကာင့္လဲေတာ့ မသိပါဘူး။ ဒါေပမယ့္ သူ႔ရဲ့ ဆရာဝန္လိုုင္စင္ကိုု ရုုပ္သိမ္းခဲ့ပါတယ္။ ဇနီးသည္ လီဆာကလည္း သူနဲ႔ ကြာရွင္းခဲ့တဲ့အျပင္ ၁၉၉၃ခုုႏွစ္က သူ ကေနဒါႏိုုင္ငံသား ေလ ွ်ာက္ထားစဥ္က စာရြက္စာတမ္းအခ်ိဳ႔လိမ္လည္တင္ျပခဲ့ေၾကာင္းကိုုပါ ေဖာ္ေကာင္လုုပ္ခဲ့တာေၾကာင့္ ႏိုုင္ငံသားအျဖစ္က ရုုပ္သိမ္းခဲ့ပါတယ္။ ဒါေၾကာင္ ေထာင္ကလြတ္ေတာ့ သူ႔ကိုုကေနဒါနိုုင္ငံက ႏွင္ထုုတ္ခဲ့ပါတယ္။

ဒီအမႈဟာ ကေနဒါႏိုုင္ငံမွာ အုုတ္ေအာ္ေသာင္းတင္းျဖစ္ခဲ့တာေၾကာင့္ ေနာက္ပိုုင္းမွာ Documentry ေတြနဲ႔ ရုုပ္သံဇာတ္လမ္းတြဲေတြ ရိုုက္ကူးခဲ့ၾကပါတယ္။

ဒီအမႈကေန ယူစရာေတြကေတာ့ DNA စစ္ခ်က္တစ္ခုုတည္းနဲ႔ အမႈကိုု ဆံုုးျဖတ္လိုု႔ မရပါ။ မသကၤာရင္ DNA ထပ္မံစစ္ေဆးဖိုု႔ ေတာင္းဆိုုခြင့္ ရွိရပါမယ္။ အေရးအၾကီးဆံုုးကေတာ့ ေစာ္ကားခံရသူဆီက ရတဲ့ DNA ကိုု ဘယ္လိုုစစ္ေဆးျပီး မွတ္တမ္းယူထားသလဲဆိုုတာက အေရးၾကီးပါတယ္။ အဲဒါကိုု အစားထိုုး ေဖ်ာက္ဖ်က္လိုုက္ရင္ေတာ့ လမ္းစေပ်ာက္သြားမွာပါ။

Crd M Zaw Moe

Unicode Version

၁၉၉၂ ခုနှစ်မှာ ကနေဒါနိုင်ငံက ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ သူ့ရဲ့လူနာဖြစ်သူ အမျိုးသမီးတစ်ဦးကို ဆေးကုသခန်းထဲမှာပဲ အဓမ္မပြုကျင့်ခဲ့ပါတယ်။ အမှုကျူးလွန်စဉ်က လူနာအမျိုးသမီးကို ရုန်းကန်အော်ဟစ်ခြင်းမပြုနိုင်အောင် စိတ်ငြိမ်ဆေးအပြင်းစားတစ်မျိုးပေးထားခဲ့ပါတယ်။ အမျိုးသမီးက ရဲစခန်းမှာ တိုင်ချက်ဖွင့်တဲ့အခါ အခြားသံသယရှိစရာ အချက်များရှိခဲ့ပေမယ့် DNA စစ်ချက်မှာတော့ ဆရာဝန်ရဲ့ DNA ဟာ တရားခံရဲ့ DNA နဲ့ လုံးဝကွဲပြားနေလို့ လွတ်မြောက်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ကနေဒါနိုင်ငံ ကစ်ပလင်မြို့ မှာ ဖြစ်ပွားခဲ့တာပါ။ ကစ်ပလင်ဟာ နယ်မြို့လေးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ မွေးမြူရေးခြံတွေနဲ့ အေးချမ်းလှတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ လူဦးရေသိပ်မများလှပဲ မြို့ခံတွေဟာ တစ်ဦးကိုတစ်ဦး သိနေကြပါတယ်။ လူနာအမျိုးသမီးရဲ့ အမည်က Candice ဖြစ်ပြီး ဆင်ဂယ်မားသားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူကတော့ သူမရဲ့ မိသားစု ဆရာဝန်တစ်ဦးဖြစ်ပြီး John Schneeberger လို့အမည်ရပါတယ်။ ဒေါက်တာရှနီဘာဂါဟာ ဇမ်ဘီယာနိုင်ငံမှ ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့အခြေချလာခဲ့သူပါ။ ကစ်ပလင်မြို့ရဲ့ ဆေးရုံမှာအလုပ်လုပ်နေရင်း ကန်ဒစ် ရဲ့ ပထမကိုယ်ဝန်ကိုလည်း မွေးဖွားပေးခဲ့ဖူးပါတယ်။

၁၉၉၂ ခုနှစ် အောက်တိုဘာ ၃၁ ရက် (တစ္ဆေပွဲတော်ညမှာ) ကန်ဒစ် ဟာ သူ့ရည်းစားနဲ့ စကားများပြီးတဲ့နောက် ကစ်ပလင်ဆေးရုံမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ဆီ ထွက်လာခဲ့ပါတယ်။ ဆေးရုံမှာ သူမရဲ့ သူငယ်ချင်းကို မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ကန်ဒစ်ရဲ့ အခြေအနေဟာ အရမ်းစိတ်လှုပ်ရှားလွန်းနေတာမို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ ဆေးရုံဝန်ထမ်းတွေက အကြံပေးခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာရှနီဘာဂါနဲ့ တွေ့ဆုံပြီး အထက်ပါ အဖြစ်ဆိုးကြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကန်ဒစ်ဟာ အခင်းဖြစ်စဉ်က စိတ်ငြိမ်ဆေးကြောင့် မိန်းမောနေပေမယ့် အဖြစ်အပျက်ကို ကောင်းစွာမှတ်မိနေပါတယ်။ တရားရုံးက ဒေါက်တာရှနီဘာဂါကို အမှုက လွှတ်ပေးလိုက်တဲ့အပေါ် မကျေနပ်တာကြောင့် အယူခံဆက်လက်ဝင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မာ ဒေါက်တာရှနီဘာဂါကို ရုံးတော်မှ ဒုတိယအကြိမ် DNA စစ်စေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း တရားခံရဲ့ DNA နဲ့ လုံးဝကိုက်ညီခြင်းမရှိတာကြောင့် ဒေါက်တာရှနီဘာဂါကို အမှုက တရားသေလွှတ်ခဲ့ပြီး အမှုပိတ်သိမ်းခဲ့ပါတယ်။ အချို့သူတွေရဲ့အမြင်မှာ ကန်ဒစ်အနေနဲ့ တစုံတရာ ရည်ရွယ်ချက်နဲ့ ဒေါက်တာရှနီဘာဂါကို အမှုဆင်ခဲ့တာလို့ သုံးသပ်လာကြပါတယ်။

ကန်ဒစ် ဟာ လုံးဝ လက်မလေ ျှာ့သေးပဲ အလွတ်စုံထောက်အဖွဲ့ကို ငှားရမ်းပြီး ဒေါက်တာရှနီဘာဂါရဲ့ ကားထဲကို ဖောက်ထွင်းဝင်ရောက်စေကာ DNA sample ကို ရအောင်ယူပြီး ထပ်မံစစ်ဆေးခဲ့ပါတယ်။ သူတို့စစ်ဆေးကြည့်ရမှာတော့ ဒေါက်တာရှနီဘာဂါရဲ့ DNA ဟာ တရားခံရဲ့ DNA နဲ့ ကိုက်ညီနေပါတယ်။ ဒါပေမယ့် ရုံးတင်တရားစွဲဖို့ရာ တရားရုံးမှ အသိအမှတ်ပြုတဲ့ ဌာနမှာ ထပ်မံစစ်ဆေးဖို့ လိုပါတယ်။ ကံဆိုးတာက အဲဒီလို ထပ်မံစစ်ဆေးဖို့ လုံလောက်တဲ့ DNA နမူနာ မကျန်တော့တာပဲ ဖြစ်ပါတယ်။ (သူတို့ဘာသာ စစ်ဆေးကြည့်တာနဲ့တင် သွေးနမူနာတွေ ကုန်သွားခဲ့ပုံရပါတယ်) ဒါကြောင့် တရားဝင် ဆေးစစ်ရလာဒ်မပီပြင်တာကြောင့် ဒေါက်တာရှနီဘာဂါအပေါ် ထပ်မံတရားစွဲဆိုခြင်း မပြုနိုင်တော့ပါဘူး။

ဒီအတောအတွင်းမှာ ဒေါက်တာရှနီဘာဂါဟာ ကနေဒါနိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ သူဟာ ၁၉၉၁ ခုနှစ်တည်းက ကလေးနှစ်ယောက်မိခင် လီဆာဒေလ်မန်နဲ့ အိမ်ထောင်ကျခဲ့ပြီး သူနဲ့နောက်ထပ် သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ်တာ ကနေဒါမှာတော့ မှန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ သူ့ဇနီး လီဆာက သူ့ကို အမှုဖွင့်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူမရဲ့ပထမအိမ်ထောင်က ပါလာတဲ့ ၁၅နှစ်အရွယ်သမီးကြီးကို ဒေါက်တာရှနီဘာဂါက အကြိမ်ကြိမ်စော်ကားနေကြောင်း သိလာရလို့ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဒေါက်တာရှနီဘာဂါကို DNA ထပ်မံစစ်ဆေးဖို့ ဖြစ်လာပါတယ်။ ပထမအမှုမှာ သံသယများစွာရှိခဲ့လို့လား ဒါမှမဟုတ် ဥပဒေအရ လိုအပ်ချက်တွေ တိုးမြှင့်လာလို့လားတော့ မသိပါ။ DNA နမူနာကို လက်မောင်းသွေးကနေသာ မက ပါးစောင်မှအသားစနှင့် ဆံပင်တို့ကပါ ယူစေခဲ့ပါတယ်။ အဲဒီအခါမှာ ဒေါက်တာရှနီဘာဂါရဲ့ DNA ဟာ သူ့ရဲ့မယားပါသမီးကို စော်ကားတဲ့တရားခံရဲ့ DNA နဲ့ တူညီယုံမ ျှမက သူ့ပထမအမှုက တရားလို ကန်ဒစ်ကို ကျူးလွန်ခဲ့သူရဲ့ DNA နဲ့ပါ တူညီနေကြောင်း တွေ့လာရပါတယ်။

ဒါဆိုရင် ပထမအမှုမှာ ဒေါက်တာရှနီဘာဂါဟာ ဘာလို့ DNA မတူပဲ အမှုက လွတ်မြောက်သွားခဲ့ပါသလဲ။ ဒီမေးခွန်းကို တရားရုံးနဲ့ အမှုစစ်အဖွဲ့က အကြိမ်ကြိမ်စစ်မေးခဲ့ပြီးနောက်ဆုံး တရားခွင်တစ်ခုမှာ ဒေါက်တာရှနီဘာဂါက သူ့အပြစ်ကို ဝန်ခံခဲ့ပြီး DNA က လွတ်အောင် ဘယ်လိုရှောင်ခဲ့သလဲဆိုတာ ကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူ့ကို DNA စစ်မယ့်ရက်ချိန်းမတိုင်ခင်မှာ သူ့လူနာထဲက အမျိုးသားတစ်ဦးရဲ့ သွေးကို ပလပ်စတစ်ပြွန်ငယ်တစ်ခုထဲမှာ ထည့်ပြီး သူ့လက်မောင်းက ပုံမှန်သွေးစစ်နေကျ နေရာနားမှာ ခွဲစိပ်ပြီး မြှုပ်ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ ခွဲစိပ်ဆရာဝန်တစ်ဦး ဖြစ်တာမို့ သူ့အတွက်တော့ အခက်အခဲမရှိပါဘူး။ DNA နမူနာယူတိုင်းမှာ အများရှေ့မှောက်မှာ သူ့လက်မောင်းသွေးကို သူကိုယ်တိုင် အပ်နဲ့ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီသွေးက သူ့သွေးအစစ်မဟုတ်ပဲ သူကိုယ်တိုင်မြှုပ်ထားတဲ့ ပိုက်ထဲက သွေးတွေ ဖြစ်နေတာ တစ်ခုပါပဲ။

အမှုနှစ်မှုလုံးအတွက် ဒေါက်တာရှနီဘာဂါဟာ ထောင်ခြောက်နှစ်ပဲ ကျခဲ့တာကတော့ ထူးခြားပါတယ်။ ဘာကြောင့်လဲတော့ မသိပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဆရာဝန်လိုင်စင်ကို ရုပ်သိမ်းခဲ့ပါတယ်။ ဇနီးသည် လီဆာကလည်း သူနဲ့ ကွာရှင်းခဲ့တဲ့အပြင် ၁၉၉၃ခုနှစ်က သူ ကနေဒါနိုင်ငံသား လေ ျှာက်ထားစဉ်က စာရွက်စာတမ်းအချို့လိမ်လည်တင်ပြခဲ့ကြောင်းကိုပါ ဖော်ကောင်လုပ်ခဲ့တာကြောင့် နိုင်ငံသားအဖြစ်က ရုပ်သိမ်းခဲ့ပါတယ်။ ဒါကြောင် ထောင်ကလွတ်တော့ သူ့ကိုကနေဒါနိုင်ငံက နှင်ထုတ်ခဲ့ပါတယ်။

ဒီအမှုဟာ ကနေဒါနိုင်ငံမှာ အုတ်အော်သောင်းတင်းဖြစ်ခဲ့တာကြောင့် နောက်ပိုင်းမှာ Documentry တွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့ကြပါတယ်။

ဒီအမှုကနေ ယူစရာတွေကတော့ DNA စစ်ချက်တစ်ခုတည်းနဲ့ အမှုကို ဆုံးဖြတ်လို့ မရပါ။ မသင်္ကာရင် DNA ထပ်မံစစ်ဆေးဖို့ တောင်းဆိုခွင့် ရှိရပါမယ်။ အရေးအကြီးဆုံးကတော့ စော်ကားခံရသူဆီက ရတဲ့ DNA ကို ဘယ်လိုစစ်ဆေးပြီး မှတ်တမ်းယူထားသလဲဆိုတာက အရေးကြီးပါတယ်။ အဲဒါကို အစားထိုး ဖျောက်ဖျက်လိုက်ရင်တော့ လမ်းစပျောက်သွားမှာပါ။

Crd M Zaw Moe

About the author

ilove

Leave a Comment