Shwe News

“ေ႐ႊဆံပင္ေက်ာင္းမွာ ဆံပင္လႉဒါန္းခဲ့တဲ့ သၪၨာႏြယ္ဝင္း”

သဥၨာႏြယ္ဝင္းက သမီးေလး မေမြးခင္မွာ သူမရဲ႕ ဆံပင္အရွည္ကို ျဖတ္ၿပီး လွဴဒါန္းခဲ့ပါတယ္။ ဒါက ဒုတိယအႀကိမ္ လွဴဒါန္းျခင္းပါ။

သရုပ္ေဆာင္ သဥၨာႏြယ္ဝင္းက သူမရဲ႕ ဆံပင္အရွည္ကို ျဖတ္ၿပီး ေရႊဆံပင္ေက်ာင္းမွာ ဇူလိုင္လ(၇) ရက္ေန႕က သြားေရာက္လွဴဒါန္းခဲ့ပါတယ္။ သမီးေလး မေမြးခင္ သူမရဲ႕ ဆံပင္အရွည္ကို ျဖတ္ၿပီး ဒုတိယအႀကိမ္ သြားလွဴခဲ့တာ ျဖစ္ပါတယ္။ သဥၨာႏြယ္ဝင္းဟာ သူမရဲ႕ ဆံပင္ကို ဇြန္လ(၂၇) ရက္ေန႕က ကတည္းက ညွပ္ထားတာျဖစ္ပါတယ္။

သရုပ္ေဆာင္ သဥၨာႏြယ္ဝင္းက လက္ရွိမွ ဒုတိယကိုယ္ဝန္ကို လြယ္ထားေနရၿပီ ျဖစ္ပါတယ္။ ကိုယ္ဝန္က ေလးလေက်ာ္ထဲကို ေရာက္ေနပါၿပီ။ ခ်စ္စရာေကာင္းတဲ့ သားေလးကို ပိုင္ဆိုင္ထားၿပီး မၾကာခင္မွာ သမီးေလး ရေတာ့မွာမို႕ သဥၨာႏြယ္ဝင္းက ေပ်ာ္လို႕ေနပါတယ္။

အိမ္ေထာင္က်သြားၿပီးေနာက္ အႏုပညာအလုပ္ေတြ မလုပ္ျဖစ္ေတာ့ သၪၨာႏြယ္ဝင္းဟာ အခုလက္ရွိ အခ်ိန္မွာေတာ့ သူမ႐ူးသြပ္ခဲ့ရတဲ့ အႏုပညာအလုပ္ေတြကို အရမ္းသတိရေနပါတယ္တဲ့။

တစ္ခါတေလဆိုရင္ အိမ္မက္ထဲမွာေတာင္ ဇာတ္ကားေတြ ျပန္႐ိုက္ေနၿပီဆိုၿပီး အိမ္မက္ေတြေတာင္ မက္ေနမိတယ္လို႔ ဆိုပါတယ္။ သူမဟာ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း သူမ႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားေလး ျပန္လႊင္တဲ့အခါက်ရင္ ေသခ်ာျပန္ၾကည့္ျဖစ္သလို အမွတ္ရစာေလးေတြကိုလည္း ျပန္သတိရမိတယ္ ဆိုတာကို မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

ကုိလွမ်ဳိးျမင့္နဲ႔ သရုပ္ေဆာင္ သဥၨာႏြယ္ဝင္းတုိ႔ရဲ႕ မဂၤလာပြဲကို ၂၀၁၇ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္ေန႔က မဂၤလာဆြမ္းေကြၽး အလႉျပဳလုပ္ခဲ့ၿပီး ေဖေဖာ္ဝါရီ(၂)ရက္ေန႔က ႏွစ္ဦးသေဘာတူ ႐ုံးတက္လက္မွတ္ထိုးခဲ့ၾကပါတယ္။ေဖေဖာ္ဝါရီ(၃)ရက္ေန႔ကေတာ့ Melia ဟိုတယ္မွာ မဂၤလာပြဲကို ေပ်ာ္႐ႊင္စြာနဲ႔ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

သဉ္ဇာနွယ်ဝင်းက သမီးလေး မမွေးခင်မှာ သူမရဲ့ ဆံပင်အရှည်ကို ဖြတ်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒါက ဒုတိယအကြိမ် လှူဒါန်းခြင်းပါ။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက သူမရဲ့ ဆံပင်အရှည်ကို ဖြတ်ပြီး ရွှေဆံပင်ကျောင်းမှာ ဇူလိုင်လ(၇) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။ သမီးလေး မမွေးခင် သူမရဲ့ ဆံပင်အရှည်ကို ဖြတ်ပြီး ဒုတိယအကြိမ် သွားလှူခဲ့တာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့ ဆံပင်ကို ဇွန်လ(၂၇) ရက်နေ့က ကတည်းက ညှပ်ထားတာဖြစ်ပါတယ်။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက လက်ရှိမှ ဒုတိယကိုယ်ဝန်ကို လွယ်ထားနေရပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်က လေးလကျော်ထဲကို ရောက်နေပါပြီ။ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီး မကြာခင်မှာ သမီးလေး ရတော့မှာမို့ သဉ္ဇာနွယ်ဝင်းက ပျော်လို့နေပါတယ်။

အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ သဉ္ဇာနွယ်ဝင်းဟာ အခုလက်ရှိ အချိန်မှာတော့ သူမရူးသွပ်ခဲ့ရတဲ့ အနုပညာအလုပ်တွေကို အရမ်းသတိရနေပါတယ်တဲ့။

တစ်ခါတလေဆိုရင် အိမ်မက်ထဲမှာတောင် ဇာတ်ကားတွေ ပြန်ရိုက်နေပြီဆိုပြီး အိမ်မက်တွေတောင် မက်နေမိတယ်လို့ ဆိုပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး ပြန်လွှင်တဲ့အခါကျရင် သေချာပြန်ကြည့်ဖြစ်သလို အမှတ်ရစာလေးတွေကိုလည်း ပြန်သတိရမိတယ် ဆိုတာကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment