Shwe News

ပိတ်ကားထောင် ..ရုပ်ရှင် လုပ်ငန်းပိုင်ရှင် ရဲ့  ..ရုပ်ရှင်မဆန်တဲ့ နောက်ဆုံးအခန်း




SAW

  • Unicode Version

လမ်းဘေး ပိတ်ကားထောင် ရုပ်ရှင် စတင်ထူထောင်ခဲ့တဲ့သူ ထိုင်းနိုင်ငံ ဖိစနုလို့ ခရိုင် က နိုင် ချန်ချိုင်း အသက် (၇၉) နှစ်ဟာ သူခံစားနေရတဲ့ အူကင်ဆာ ရောဂါ ဒဏ်ကိုမခံစားနိုင်တော့လို့အိမ်နဲ့အနီးဆုံးဘုန်းကြီးကျောင်းအတွင်းက အလောင်းသကြိုတဲ့ နေရာ ကိုလာပြီး မိမိကိုယ် သေနတ်နဲ့ ပစ်သတ်အဆုံးစီရင်သွားခဲ့ပါတယ်။

တချိန်က အလွန်နာမည်ကြီးခဲ့တဲ့ သူဌေးကြီးပါ၊ ဝန်ထမ်းရာကျော်နဲ့ ခရိုင်တွေ နယ်တွေမှာ အလွန်စီးပွားကောင်းခဲ့ပါတယ်။

လမ်းဘေးရုပ်ရှင် ခေတ်ကုန်သွားခဲ့ပြီး ၊ စီးပွားရေးတစတစ ကျဆင်းလာ
နေတဲ့အချိန်မှာ ကင်ဆာရောဂါဖိစီးမှုက နိုင်ချန်ချိုင်းကို စိတ်ကျရောဂါပါ ဖြစ်လာပြီး မြန်မြန်သေပါရစေလို့ တချိန်လုံးပြောနေခဲ့တယ်လို့ သူ့အနီးမှာ စောင့်ကြည့်နေသူ အသက် ၄၀ အရွယ် အမျိုးသမီးကပြောပါတယ်။

SAW

About the author

Crypoetess

Leave a Comment