Shwe News

“စဥ့်လုပ်ငန်းရှင်အား နျူးကလီးယားဓါတ်ပေါင်းဖို ထုတ်လုပ်နိုင်ရန်ဝန်ချုပ်ကြိုးစားခိုင်း”








Unicode Version

ယနေ့နံနက်ပိုင်း ပဲခူးမြို့တော်ခန်မးတွင်ကျင်းပသည့် စိုက်ပျိုးရေးဦးစီးဌာနနှင့်ကိုးရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ပူးပေါင်းဆောင်ရွက်သော ပဲခူးတိုင်းဒေသကြီးစွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်းအလုပ်ရုံဆွေးနွေးပွဲနှင့်စီမံကိန်းတွင်ပါဝင်မည့်သူများညှိနှိုင်းဆွေးနွေးပွဲတွင်စစ်ကိုင်းတိုင်းမှလာရောက်သည့်စဉ်လုပ်ငန်းရှင်များအားပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းမှာတိုက်တွန်းပြောကြားခြင်းဖြစ်သည်။

စဉ့်လုပ်ငန်ရှင်များမှ၎င်းတို့ထုတ်လုပ်သည့်စွမ်းအားမြှင့်မီးဖိုးများကိုဝန်ကြီးချုပ်ကိုပြသစဉ်ဝန်ကြီးချုပ်မှ မီးဖိုထုတ်လုပ်မှုတွင်ရပ်တန့်မနေဘဲနူးကလီယားဓါတ်ပေါင်းဖိုအထိထုတ်လုပ်နိုင်ရန်ကြိုးစားသင့်ကြောင်းတိုက်တွန်းမှာကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်အစိုးရကမျော်မှန်းချက်မြင့်မြင့်ထားတယ် နူးကလီယားဓါတ်ပေါင်းဖိုထုတ်နိုင်အောင်ကြိုးစားပါ ဟုဝန်ချုပ်ကပြောသည်။

ယင်းကဲ့သို့ပြောဆိုပြီးချိန်တွင်ဝန်ကြီးချုပ်သည့်ယနေ့ကျင်းပမည့်ပဲခူးတိုင်ဒေသကြီးလွှတ်အရေးပေါ်အစည်းအဝေးတတိယနေ့သို့တက်ရောက်ရန်လွှတ်တော်သို့ထွက်ခွာသွားသည်။


ယင်းဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အပါအဝင် စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေမှုးချုပ် ဦးဝင်းကို တိုင်းစိုက်ပျိုးရေးဦးစီးမှုးဦးလှမြင့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦး ထန်းတပင်တိုင်းလွှတ်တော်ကိုယ် ဦးဌေးလွင် ပဲခူးခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ် ၂၈ မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှုးများ စိုက်ပျိုးရေးဌာနမှတာဝန်ရှိသူများနှင့်ဒေသခံတောင်သူးများတက်ရောက်ကြသည်။

Credit: Bago Weekly Journal Online Page

About the author

ilove

Leave a Comment