Shwe News

“ဓားကိုင္ရမ္းကားေနသူအား သြားေရာက္ထိန္းသိမ္းေျပာဆိုသူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဓားထိခံရ”

ဓားကိုင္ရမ္းကားေနသူအား သြားေရာက္ထိန္းသိမ္းေျပာဆိုသူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဓားထိခံရ
ဇူလိုင္-၉

လားရႈိးၿမိဳ႕၊ အမွတ္(၆)ေရႊလီရပ္ကြက္တြင္ ဇူလိုင္(၈)ရက္ ေန႔လည္က ရပ္ကြက္အတြင္း ဓားကိုင္ရမ္းကားေနသူအား သြားေရာက္ထိန္းသိမ္းေျပာဆိုသူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဓားထိခံရသျဖင့္ ဒဏ္ရာအား ၆-ခ်က္ခ်ဳပ္လိုက္ရေၾကာင္းသိရသည္။

အမွတ္(၆)ေရႊလီရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းဖိုးၾကြယ္ သည္ အုပ္ခ်ဳပ္ေရးမွဴးရုံး၌ တာဝန္ထမ္းေဆာင္ေနစဥ္ နယ္ေျမ(၈) လမ္းမေတာ္(၄)လမ္း ေရႊလီဘုန္းႀကီးေက်ာင္းအနီးတြင္ အမ်ဳိးသားတစ္ဦးဓားကိုင္၍ လမ္းသြားလမ္းလာျပည္သူမ်ားအား ဆဲဆိုရမ္းကားေနေၾကာင္း သတင္းေပးပို႔ခ်က္အရ ရပ္ကြက္အရံမီးသတ္တပ္ဖြဲ႕ဝင္ ၂ ဦးႏွင့္အတူ အထက္ပါေနရာသို႔သြားေရာက္ခ့ဲၾကေၾကာင္းသိရသည္။

အထက္ပါေနရာသို႔အေရာက္တြင္ ေစာေရႊဆိုသူသည္ အရိုးအသြား ၃ ေပခြဲခန္႔ရွိ ကင္ဒိုအမ်ဳိးအစားဓားရွည္တစ္ေခ်ာင္းအားကိုင္ေဆာင္ထားကာ လမ္းသြားလမ္းလာမ်ားအား ဆဲဆိုရမ္းကားေနသည္ကိုျမင္ေတြ႕ရေၾကာင္းသိရသည္။ အုပ္ခ်ဳပ္ေရးမွဴးမွ ေစာေရႊအား ထိုသို႔မျပဳလုပ္ရန္ ထိန္းသိမ္းေျပာဆိုရာ ေစာေရႊဆိုသူမွ ဓားရွည္ကိုင္ေဆာင္လ်က္ ေရႊလီဘုန္းႀကီးေက်ာင္းဘက္မွ နဂါးတြင္းလမ္းအတိုင္း ထြက္ေျပးသြားေၾကာင္းသိရသည္။

နဂါးတြင္းလမ္းအတိုိင္း ထြက္ေျပးသြားသည့္ ေစာေရႊအား အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕မွလိုိက္လံဝိုင္းဝန္းဖမ္းဆီးရာ ေစာေရႊက ဓားအိမ္မွဓားကိုခ်ြတ္ျပီး ”ငါ့နားမကပ္နဲ႔”ဟုေအာ္ေျပာကာ ဓားႏွင့္ေဝ့ရမ္းခုတ္လိုက္သျဖင့္ အုပ္ခ်ဳပ္ေရးမွဴးဦးစိုင္းဖိုးၾကြယ္၏ ဘယ္ဘက္မ်က္ခုံးအေပၚအားခုတ္မိသျဖင့္ အရွည္ ၃ လက္မခန္႔ရွိျပတ္ရွဒဏ္ရာ(မစိုးရိမ္ရ)တစ္ခ်က္ရရွိခ့ဲေၾကာင္းႏွင့္ ေစာေရႊအား ပတ္ဝန္းက်င္လူမ်ားမွလုံးေထြးဖမ္းဆီးလိုက္ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တာဝန္ထမ္းေဆာင္ေနသူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးျဖစ္သူအား ဒဏ္ရာရရွိေအာင္ျပဳလုပ္သူ ေစာေရႊ ကို လားရႈိးၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၅/၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၃၃ ျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္းသိရသည္။

Credit: Lasho News

Unicode Version

ဓားကိုင်ရမ်းကားနေသူအား သွားရောက်ထိန်းသိမ်းပြောဆိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိခံရ
ဇူလိုင်-၉

လားရှိုးမြို့၊ အမှတ်(၆)ရွှေလီရပ်ကွက်တွင် ဇူလိုင်(၈)ရက် နေ့လည်က ရပ်ကွက်အတွင်း ဓားကိုင်ရမ်းကားနေသူအား သွားရောက်ထိန်းသိမ်းပြောဆိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိခံရသဖြင့် ဒဏ်ရာအား ၆-ချက်ချုပ်လိုက်ရကြောင်းသိရသည်။

အမှတ်(၆)ရွှေလီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖိုးကြွယ် သည် အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ထမ်းဆောင်နေစဉ် နယ်မြေ(၈) လမ်းမတော်(၄)လမ်း ရွှေလီဘုန်းကြီးကျောင်းအနီးတွင် အမျိုးသားတစ်ဦးဓားကိုင်၍ လမ်းသွားလမ်းလာပြည်သူများအား ဆဲဆိုရမ်းကားနေကြောင်း သတင်းပေးပို့ချက်အရ ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့ဝင် ၂ ဦးနှင့်အတူ အထက်ပါနေရာသို့သွားရောက်ခဲ့ကြကြောင်းသိရသည်။

အထက်ပါနေရာသို့အရောက်တွင် စောရွှေဆိုသူသည် အရိုးအသွား ၃ ပေခွဲခန့်ရှိ ကင်ဒိုအမျိုးအစားဓားရှည်တစ်ချောင်းအားကိုင်ဆောင်ထားကာ လမ်းသွားလမ်းလာများအား ဆဲဆိုရမ်းကားနေသည်ကိုမြင်တွေ့ရကြောင်းသိရသည်။ အုပ်ချုပ်ရေးမှူးမှ စောရွှေအား ထိုသို့မပြုလုပ်ရန် ထိန်းသိမ်းပြောဆိုရာ စောရွှေဆိုသူမှ ဓားရှည်ကိုင်ဆောင်လျက် ရွှေလီဘုန်းကြီးကျောင်းဘက်မှ နဂါးတွင်းလမ်းအတိုင်း ထွက်ပြေးသွားကြောင်းသိရသည်။

နဂါးတွင်းလမ်းအတိုင်း ထွက်ပြေးသွားသည့် စောရွှေအား အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှလိုက်လံဝိုင်းဝန်းဖမ်းဆီးရာ စောရွှေက ဓားအိမ်မှဓားကိုချွတ်ပြီး ”ငါ့နားမကပ်နဲ့”ဟုအော်ပြောကာ ဓားနှင့်ဝေ့ရမ်းခုတ်လိုက်သဖြင့် အုပ်ချုပ်ရေးမှူးဦးစိုင်းဖိုးကြွယ်၏ ဘယ်ဘက်မျက်ခုံးအပေါ်အားခုတ်မိသဖြင့် အရှည် ၃ လက်မခန့်ရှိပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တစ်ချက်ရရှိခဲ့ကြောင်းနှင့် စောရွှေအား ပတ်ဝန်းကျင်လူများမှလုံးထွေးဖမ်းဆီးလိုက်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူအား ဒဏ်ရာရရှိအောင်ပြုလုပ်သူ စောရွှေ ကို လားရှိုးမြို့မရဲစခန်းတွင် (ပ)၂၅၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

Credit: Lasho News

About the author

ilove

Leave a Comment