Shwe News

“သက္ထားသူဇာ ကမၻာ့အဆင့္ ၈၅ ထိျမင့္တက္လာ အိုလံပစ္ဝင္ခြင့္ရရန္ အဆင့္၅၀ေက်ာ္မွ စိတ္ခ်ရမည္ဟု ဆို “

အိုင္ဗရီကို႔စ္ ႏိုင္ငံတကာစီးရီးၾကက္ေတာင္ရိုက္ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုရယူႏိုင္ခဲ့ေသာ ျမန္မာ့လက္ေ႐ြးစင္ၾကက္ေတာင္အားကစားမယ္သက္ထားသူဇာသည္ ယေန႔(ဇြန္လ ၉ရက္)တြင္ ေနာက္ဆုံးထုတ္ျပန္လိုက္သည့္ ကမၻာ့အဆင့္သတ္မွတ္ခ်က္၌ အဆင့္၈၄ေနရာအထိတက္လွမ္းႏိုင္ခဲ့သည္။

သက္ထားသူဇာသည္ ယခင္ အဆင့္ ၁၀၁ရွိခဲ့ရမွ ၈၄အထိျမင့္တက္လာခဲ့ၿပီးျဖစ္ေသာ္လည္း ၂၀၂၀ အိုလံပစ္၀င္ခြင့္ရရန္ အတြက္ဆက္ႀကိဳးစားသြားရဦးမည္ျဖစ္ၿပီး ကမၻာ့အဆင့္သတ္မွတ္ခ်က္အဆင့္ ၅၀ေက်ာ္အတြင္း ေရာက္ရွိေနမွသာလ်ွင္ စိတ္ခ်ရမည့္အေျခအေနရွိေၾကာင္း ျမန္မာႏိုင္ငံၾကက္ေတာင္အဖြဲ႕ခ်ဳပ္တြဲဖက္အေထြအေထြအတြင္းေရးမွဴး ဦးဘရန္မိုင္က ျပည္ျမန္မာသို႔ ေျပာသည္။

“အိုလံပစ္ဝင္ခြင့္ ရဖို႔က သူကအခုအဆင့္၈၀ေက်ာ္ဆိုေတာ့စိတ္ခ်ရတဲ့ အေနအထားေတာ့မဟုတ္ေသးဘူးေပါ့ေနာ္။ဒါေပမဲ့ ဒီၾကားထဲမွာ ၿပိဳင္ပြဲေတြအမ်ားႀကီးရွိေသးတယ္။ သူကလည္းဆက္ႀကိဳးစားေနေတာ့ ရလဒ္ေတြေကာင္းၿပီး အဆင့္၅၀ေက်ာ္ အတြင္းေလာက္ ေရာက္သြားရင္ေတာ့ အိုလံပစ္ဝင္ခြင့္ရဖို႔ကစိတ္ခ်ရေလာက္ပါတယ္´´ဟု ယင္းကေျပာသည္။

၂၀၂၀ တိုက်ဳိအိုလံပစ္ၿပိဴင္ပြဲအတြက္ ၾကက္ေတာင္အားကစားနည္း၌ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ႏွင့္ပတ္သက္၍ လာမည့္ႏွစ္ ဧၿပီလ ၃၀ရက္တြင္ ေနာက္ဆုံးသတ္မွတ္ခ်က္မ်ားအား ထုတ္ျပန္သြားမည္ ျဖစ္ေၾကာင္းသိသည္။

“ အိုလံပစ္အတြက္က ကမၻာ့သတ္မွတ္ခ်က္နဲ႔လည္းသြားတယ္။Road to Tokyo Olympic လမ္းေၾကာင္းနဲ႔ အိုလံပစ္အဆင့္သက္မွတ္ခ်က္နဲ႔ သြားတာရွိတယ္။ အိုလံပစ္အဆင့္သတ္မွတ္ခ်က္မွာေနာက္ဆုံးသတ္မွတ္ထားတဲ့ အဆင့္အတြင္းဝင္ရင္ေတာ့ တိုက္ရိုက္
ဝင္ခြင့္ ရၿပီေပါ့ေနာ္။ အဲဒီလိုမွ မဝင္ရင္ ဝႈိက္ကတ္နဲ႔သြားရမယ္။အဲ့ဒါက ဒီဘက္ကနည္းလမ္းေပါ့ေနာ္။ ဝႈိက္ကတ္က်ေတာ့ OIC တို႔ အာရွၾကက္ေတာင္အဖြဲ႕ခ်ဳပ္တို႔က စတဲ့ ေထာက္ခံခ်က္ေတြ အမ်ားႀကီးလိုတာေပါ့ေနာ္´´ ဟု သက္ထားသူဇာ၏ ဖခင္ဦးထြန္းထြန္းေဇာ္က ေျပာသည္။

မိုင္းေစာလြင္
ဓာတ္ပုံ- THET HTAR Thuzar Fb
Credit: Pyi Myamar

Unicode Version

အိုင်ဗရီကို့စ် နိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့သော မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ်သက်ထားသူဇာသည် ယနေ့(ဇွန်လ ၉ရက်)တွင် နောက်ဆုံးထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အဆင့်၈၄နေရာအထိတက်လှမ်းနိုင်ခဲ့သည်။

သက်ထားသူဇာသည် ယခင် အဆင့် ၁၀၁ရှိခဲ့ရမှ ၈၄အထိမြင့်တက်လာခဲ့ပြီးဖြစ်သော်လည်း ၂၀၂၀ အိုလံပစ်ဝင်ခွင့်ရရန် အတွက်ဆက်ကြိုးစားသွားရဦးမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်အဆင့် ၅၀ကျော်အတွင်း ရောက်ရှိနေမှသာလျှင် စိတ်ချရမည့်အခြေအနေရှိကြောင်း မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးဘရန်မိုင်က ပြည်မြန်မာသို့ ပြောသည်။

“အိုလံပစ်ဝင်ခွင့် ရဖို့က သူကအခုအဆင့်၈၀ကျော်ဆိုတော့စိတ်ချရတဲ့ အနေအထားတော့မဟုတ်သေးဘူးပေါ့နော်။ဒါပေမဲ့ ဒီကြားထဲမှာ ပြိုင်ပွဲတွေအများကြီးရှိသေးတယ်။ သူကလည်းဆက်ကြိုးစားနေတော့ ရလဒ်တွေကောင်းပြီး အဆင့်၅၀ကျော် အတွင်းလောက် ရောက်သွားရင်တော့ အိုလံပစ်ဝင်ခွင့်ရဖို့ကစိတ်ချရလောက်ပါတယ်´´ဟု ယင်းကပြောသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိူင်ပွဲအတွက် ကြက်တောင်အားကစားနည်း၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နှင့်ပတ်သက်၍ လာမည့်နှစ် ဧပြီလ ၃၀ရက်တွင် နောက်ဆုံးသတ်မှတ်ချက်များအား ထုတ်ပြန်သွားမည် ဖြစ်ကြောင်းသိသည်။

“ အိုလံပစ်အတွက်က ကမ္ဘာ့သတ်မှတ်ချက်နဲ့လည်းသွားတယ်။Road to Tokyo Olympic လမ်းကြောင်းနဲ့ အိုလံပစ်အဆင့်သက်မှတ်ချက်နဲ့ သွားတာရှိတယ်။ အိုလံပစ်အဆင့်သတ်မှတ်ချက်မှာနောက်ဆုံးသတ်မှတ်ထားတဲ့ အဆင့်အတွင်းဝင်ရင်တော့ တိုက်ရိုက်
ဝင်ခွင့် ရပြီပေါ့နော်။ အဲဒီလိုမှ မဝင်ရင် ဝှိုက်ကတ်နဲ့သွားရမယ်။အဲ့ဒါက ဒီဘက်ကနည်းလမ်းပေါ့နော်။ ဝှိုက်ကတ်ကျတော့ OIC တို့ အာရှကြက်တောင်အဖွဲ့ချုပ်တို့က စတဲ့ ထောက်ခံချက်တွေ အများကြီးလိုတာပေါ့နော်´´ ဟု သက်ထားသူဇာ၏ ဖခင်ဦးထွန်းထွန်းဇော်က ပြောသည်။

မိုင်းစောလွင်
ဓာတ်ပုံ- THET HTAR Thuzar Fb
Credit: Pyi Myamar

About the author

ilove

Leave a Comment