Shwe News

သဘင္ေလာကသားမ်ားအတြက္ …တုိက္ခန္းေတြ ေဆာက္လုပ္ေပးေနတဲ့ မင္းသား ဖိုးခ်စ္

ရန္ ကုန္ တိုင္ းေဒသၾကီးမွာ ေနထိုင္တဲ့ သဘင္အနုပညာရွင္မ်ား ေနစရာအတြက္ အခက္အခဲမရွိ အဆင္ေျပနိုင္ဖို့အတြက္ သဘင္အဖြဲ ့အစည္း ဥကၠ႒ ဖိုးခ်စ္က ရန္ကုန္တိုုင္းေဒသၾကီး မဂၤလာဒံုျမိဳ့နယ္မွာ သဘင္အိမ္ရာ စီမံကိန္းၾကီးကို အေကာင္ထည္ေဖာ္ေနၿပီး မၾကာခင္မွာ သဘင္ေလာကသားမ်ား ၿငိမ္းခ်မ္းစြာ ေနထိုင္နိုင္ေတာ့မွာ ျဖစ္ေၾကာင္း ေၾကညာလိုက္ပါၿပီ။

မိသားစု (၅၀၀)နဲ့ (၁၀၀၀) ၾကားေနထိုင္ခြင့္ ရရွိမွာျဖစ္ၿပီး အျခားတိုင္းနွင့္ျပည္နယ္မွ သဘင္အနုပညာရွင္မ်ား သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းနဲ့ ကိုက္ညီလွ်င္ ဝယ္ယူခြင့္ရရွိမွာ ျဖစ္ပါတယ္။ သဘင္အနုပညာရွင္မ်ားအပ ျပန္လည္ေရာင္းခ်ျခင္း ခြင့္မျပဳသလို့ ျပန္လည္ေရာင္းခ်ျခင္းလည္း ခြင့္ျပဳမွာမဟုတ္ဘူးလို့ ဆိုပါတယ္။

တန္ဖိုးနည္း အိမ္ရာျဖစ္ၿပီး သိန္း (၁၁၀) ကေန သိန္း (၂၀၀) ေက်ာ္အထိ A ၊ B ၊ C သံုးမ်ိဳးခြဲျခားထားမွာျဖစ္ပါတယ္။(၂၀) ရာခိုင္နွုန္း သာ သြင္းရမွာျဖစ္ၿပီး က်န္တာကို (၁၅ )နွစ္အရစ္က်နဲ့ ဝယ္ယူနိုင္မွာျဖစ္ပါတယ္။ တစ္လမွ (၆) ေသာင္း ၊ (၇) ေသာင္း သာသြင္းရမွာျဖစ္ၿပီး အမ်ားဆံုး ၁ သိန္းခန့္သာ သြင္းရမွာျဖစ္ပါတယ္။ အေပၚထပ္ ၊ ေအာက္ထပ္ ကြာျခားမွဳရွိမွာမဟုတ္ဘဲ တိုက္ခန္းေတြမွာ ဓါတ္ေလွကား ေတြကို တပ္ဆင္ေပးသြားမွာ ျဖစ္တယ္လို့ ဆိုပါတယ္။

(၁၀) ေပ ၊ (၁၅) ေပ ခန္းေလေတြနဲ့ က်ဥ္းက်ဥ္းက်ပ္က်ပ္ ေနရတာမ်ိဳးမျဖစ္ေတာ့ဘဲ အေသးဆံုးအခန္းေတာင္မွ ေပ (၂၀) ၊ ေပ (၃၀) အထိရွိတယ္လို့ ဆိုပါတယ္။ ဒါၿပီးသြားရင္လည္း ရပ္သြားမွာမဟုတ္ဘဲ မႏၱေလး နွင့္ အျခားတိုင္းနွင့္ ျပည္နယ္ေတြကိုလည္း ဆက္လက္ေဆာင္ရြတ္ေပးသြားမယ္လို့ ဆိုပါတယ္။

Credit- PoPoLay

  • Unicode Version

ရန် ကုန် တိုင် းဒေသကြီးမှာ နေထိုင်တဲ့ သဘင်အနုပညာရှင်များ နေစရာအတွက် အခက်အခဲမရှိ အဆင်ပြေနိုင်ဖို့အတွက် သဘင်အဖွဲ့အစည်း ဥက္ကဋ္ဌ ဖိုးချစ်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ သဘင်အိမ်ရာ စီမံကိန်းကြီးကို အကောင်ထည်ဖော်နေပြီး မကြာခင်မှာ သဘင်လောကသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်တော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။

မိသားစု (၅၀၀)နဲ့ (၁၀၀၀) ကြားနေထိုင်ခွင့် ရရှိမှာဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်မှ သဘင်အနုပညာရှင်များ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီလျှင် ဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ သဘင်အနုပညာရှင်များအပ ပြန်လည်ရောင်းချခြင်း ခွင့်မပြုသလို့ ပြန်လည်ရောင်းချခြင်းလည်း ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တန်ဖိုးနည်း အိမ်ရာဖြစ်ပြီး သိန်း (၁၁၀) ကနေ သိန်း (၂၀၀) ကျော်အထိ A ၊ B ၊ C သုံးမျိုးခွဲခြားထားမှာဖြစ်ပါတယ်။(၂၀) ရာခိုင်နှုန်း သာ သွင်းရမှာဖြစ်ပြီး ကျန်တာကို (၁၅ )နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တစ်လမှ (၆) သောင်း ၊ (၇) သောင်း သာသွင်းရမှာဖြစ်ပြီး အများဆုံး ၁ သိန်းခန့်သာ သွင်းရမှာဖြစ်ပါတယ်။ အပေါ်ထပ် ၊ အောက်ထပ် ကွာခြားမှုရှိမှာမဟုတ်ဘဲ တိုက်ခန်းတွေမှာ ဓါတ်လှေကား တွေကို တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၁၀) ပေ ၊ (၁၅) ပေ ခန်းလေတွေနဲ့ ကျဉ်းကျဉ်းကျပ်ကျပ် နေရတာမျိုးမဖြစ်တော့ဘဲ အသေးဆုံးအခန်းတောင်မှ ပေ (၂၀) ၊ ပေ (၃၀) အထိရှိတယ်လို့ ဆိုပါတယ်။ ဒါပြီးသွားရင်လည်း ရပ်သွားမှာမဟုတ်ဘဲ မန္တလေး နှင့် အခြားတိုင်းနှင့် ပြည်နယ်တွေကိုလည်း ဆက်လက်ဆောင်ရွတ်ပေးသွားမယ်လို့ ဆိုပါတယ်။

Credit- PoPoLay

About the author

Crypoetess

Leave a Comment