Shwe News

“အနုပညာကို ချစ်လွန်းလို့ ရှေ့နေအလုပ်ကို စွန့်လွတ်ထားတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ”









Unicode Version

ထူးခြားတဲ့သီချင်းတွေ ထူးခြားတဲ့ ဝတ်စားဆင်ယင်မှုပုံတေတွကြောင့် ပရိသတ်တွေရဲ့ အမြင်အာရုံဖမ်းစားထားနိုင်တဲ့ တေးသံရှင် ကျော်ကျော်နန္ဒကတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အရမ်းကို လူပြောသူပြောများနေတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါတယ်။

ပြီးသွားပြီ ဖြစ်တဲ့ ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာလည်း ကျော်ကျော်နန္ဒရဲ့ အကယ်ဒမီပွဲတက်ဖိတ်စာကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပိတ်ပင်မှုတွေ လုပ်ခဲ့ပေမယ့်လည်း ညှိနှိုင်းပြီးတဲ့နောက်မှာတော့ ပွဲတက်ခွင့်ရလာခဲ့ပါတယ်။ ကျော်ကျော်နန္ဒအနေနဲ့ အနေနဲ့ အနုပညာကို အရမ်းချစ်လွန်းလို့ ရှေ့နေအလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ကျော်ကျော်နန္ဒ”ဒီနေ့ဝတ်စုံလေး အကယ်ဒမီမှာ မဝတ်ဖြစ်ဘူးဆိုတာက ကျွန်တော့်ကို ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ ကျွန်တော့်ရဲ့ လက်မှတ်ကို ပိတ်လိုက်တယ်ပေါ့နော် ပိတ်တယ်ဆိုတာက ကျွန်တော်ကလည်း Hero ဖြစ်နေတဲ့ အချိန်ပေါ့နော် မထော်မနမ်းတွေနဲ့ လူမှုကွန်ရက်မှာ ပေါက်လာတဲ့အဆိုတော် တစ်ယောက် ဖြစ်နေတဲ့ အခါကျတော့ လူတွေက သူတို့ကို ပြောကြတာပေါ့နော်။ အခုမှ Cele ဖြစ်ပြီး ဒီလက်မှတ်ကို ဘယ်လိုဖြစ်ပြီး ပေးတာလဲ အမှန်မှန်ကတော့ သူတို့ကိုယ်တိုင်လည်း သိပါတယ်။

ဆယ်စုနှစ်တစ်စုကျော်နေပြီ နောက်ပြီးတော့ ကျွန်တော့်မှာ အစည်းအရုံး လက်မှတ်ရှိတယ်။ ပြီးတော့ နှစ်တိုင်းလိုလိုလည်း တက်တယ်ဆိုတာကို အားလုံးကို ချပြထားပြီးသား ပြီးတော့ ဒီလိုမျိုးဟာမှာ ကျတော့ ဘယ်လိုပြောမလဲ ဒီပွဲမှာကျတော့ ကျွန်တော်က ဝတ်မယ်စားမယ်ဆိုရင် အရမ်းကြီးလည်း ပေါ်လွင်သွားလိမ့်မယ် အားလုံးရဲ့အထက်ကို ရောက်သွားမှာ ဘာလို့လဲဆိုတော့ အွန်လိုင်းမှာက အကယ်ဒမီဆိုတာက ပေးတဲ့အခါလေးပဲ TV မှာကြည့်ကြတာလေ အွန်လိုင်းက လူတိုင်းက နေ့တိုင်းလိုလို သုံးနေတာဆိုတော့ ကျွန်တော်က ဒီလိုမျိုးဝတ်စုံတွေနဲ့ သွားမယ်လာမယ် တက်မယ်ဆိုရင် အားလုံးကို ကျော်ဖြတ်သွားသလို ဖြစ်သွားမှာပေါ့နော် အဲ့လိုဖြစ်သွားရင် တကယ့်စီနီယာကြီးတွေရဲ့ပွဲဆိုတော့ ကျွန်တော်က အဲ့လိုမလုပ်သင့်ဘူးပေါ့နော် ကိုယ့်ကိုယ်ကိုယ်လည်း ထင်တယ်။

ဒါက မထော်မနမ်းလုပ်ရမယ့် ပွဲလည်း မဟုတ်ဘူး ဒါပေမဲ့ အဲ့လိုလည်း ကျွန်တော် လုပ်မှာလည်း မဟုတ်ဘူး ကိုယ့်ဘာသာ ကောင်းကောင်းမွန်မွန် တိုင်းရင်းသား ဝတ်စုံလေးကို ဝတ်ပြီးတော့ တက်မယ်ဆိုပြီးတော့ စီစဉ်ထားတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ လက်မှတ်အခက်အခဲက အဲ့လိုဖြစ်သွားတဲ့ အခါကျတော့ ကျွန်တော်က မတက်တော့ဘူးပေါ့နော် ကဲ ကျွန်တော်လည်း သူတို့ကိုလည်းညဝန်ခံထားရတာ ကျွန်တော်ကောင်းကောင်းမွန်မွန် တက်မှာပါ ကျွန်တော် ဒီအကယ်ဒမီပေးပွဲကို နှစ်တိုင်းလိုလို တက်နေတာဖြစ်တဲ့အတွက်ဘကျွန်တော် တက်ပါ့မယ်ဆိုပြီးပြောတော့ သူတို့ကလည်း လက်ခံတယ် အားလုံးကတော့ အာမခံပေးတာပေါ့နော် ဆရာညီညီထွန်းလွင်တို့ ဦးမြိုင်တို့ အမေထူးတို့ ကိုရဲမွန်တို့ ရုပ်ရှင် အစည်းအရုံး တစ်ဖွဲ့သားလုံးပဲ အဲ့လိုဆိုတော့ ဦးဇင်ဝိုင်းကလည်း ကြည်ကြည်ဖြူဖြူ ခွင့်ပြုလိုက်တာပေါ့နော်။ ကောင်းကောင်းမွန်မွန်နဲ့ ရိုရိုသေသေလေးပဲ တက်ပါဆိုပြီးတော့ ပြောတော့ တက်လိုက်ပါတယ်။

အဲ့လို တက်တဲ့အခါမှာလည်း ကျွန်တော်က ဘယ်လိုပြောမလဲ ကိုကတော့ ကိုယ့်ရဲ့ ပရိသတ်ကို ဒီလိုချပြသွားချင်တာပေါ့ ဒါပေမဲ့ ကိုယ်မလုပ်တော့ဘူး မလုပ်တော့ဘူးဆိုတာ ကိုယ့်ကိုယ် ခွင့်လွတ်တဲ့လူရှိသလို မခွင့်လွတ်တဲ့သူက ကိုယ်ဒီလိုသွားလိုက်မယ်ဆိုရင် ကိုယ့်ကိုယ် အနှောက်အယှက်တွေ ပေးလာမယ် ပြီးရင် မီဒီယာတွေကလည်း ကိုယ့်ကိုယ်ပဲ အုံလာမယ် ပြောကြမယ်ဆိုရင် ပိုလူမုန်းစရာဖြစ်မှာဆိုးလို့လည်း ကျွန်တော် မတက်တာ အဓိကတော့ ကျွန်တော်ဟာ ကျွန်တော်ရဲ့ မြန်မာနိုင်ငံကို ကျွန်တော်ချစ်တယ် အဲ့အတွက် ကျွန်တော်ရဲ့ အနောက်မှာ မြန်မာပြည်မြေပုံလေးကို ဒီဇိုင်နာ မေတွံတေးကနေပြီးတော့ သေချာကို ဖော်ပေးထားတာ။

အဲ့လိုမျိုးဆိုတော့ ကျွန်တော်က ဒီလိုအခက်အခဲ ကြားကနေပြီးတော့ ဘယ်လိုပြောရမလဲ ကျော်လွှားနိုင်သွားတာပေါ့နော် ဒီလိုလေးမတက်တဲ့အတွက်ပေါ့။ တကယ်လို့ ဒီဝတ်စုံနဲ့တက်မယ်ဆိုရင် ကျွန်တော့် အခက်အခဲက ရှိမှာပါ။ ကျွန်တော် ကွင်းထဲဝင်လာတဲ့အချိန်မှာ ကျွန်တော့်ကို မီဒီယာတွေက ဗျူးနေကြတဲ့အချိန်မှာ အရှေ့မှာ နင့်ကိုမစစ်ဘူးလားတဲ့ အဲ့တော့ ကျွန်တော်ကလည်း ဟာ..လို့ မဟုတ်ဘူးလေလို့ ကျွန်တော့်ကို အစည်းအရုံးက ပြန်ဖွင့်ပေးထားပြီးပြီလေလို့ ကောင်းကောင်းမွန်မွန်ပဲ ပြောလိုက်ပါတယ်။ ဘာကြောင့် ဒီလိုပိတ်တာလည်းဆိုတာကို ကျွန်တော်သိတယ် သူတို့ကိုယ်လည်း သူတို့ သိမှာပါ။ ဒါပေမဲ့ ဆိုလိုချင်တဲ့ သဘောကတော့ လူကတော့ ကျွန်တော်လည်း အနုပညာကိုညချစ်မြတ်နိုးအားကြီးလို့ ကျွန်တော့်ရဲ့ပညာတတ်တစ်ယောက်ရှေ့နေဆိုတဲ့ အလုပ်တစ်ခုကို စွန့်လွတ်ပြီးတော့ ဒီလိုလောကထဲကို ဝင်လာတာ ကျွန်တော်ပညာတတ်တစ်ယောက်ဆိုတာကိုလည်း သိစေချင်ပါတယ် ကျွန်တော့်ကို ပြောတဲ့ဆိုတဲ့ သူအားလုံးကိုပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

Credit: ပြောချင်လွန်းလို့

About the author

ilove

Leave a Comment