Shwe News
ရဟန်းများက ပရိတ်တရားများကို ရွတ်ဆိုနေတဲ့အခါမှာ… လူအများ လိုက်ရွတ်သင့်/မသင့်
  • Unicode Version
ရ ဟန်းတော်များကို ဆွမ်းစားပင့်တဲ့အခါမှာ ရဟန်းတော်များက ပရိတ်တရားများကို ရွတ်ပေးလေ့ရှိပါတယ်။ အဲ့လို ရွတ်ပေးတဲ့အခါ အချို့သော ဒကာ ဒကာမတွေက ရဟန်းတော်များနှင့်အတူ ပရိတ်တရားများကို လိုက်ရွက်တတ် ကြတယ်။ပရိတ်တရားများ ရွတ်ဆိုတာကောင်းပေမဲ့ ရဟန်းတော်များဟာ လူတွေနဲ့အတူ ပါဠိတော် အဋ္ဌကထာများကို လူတွေနဲ့အတူ ရွက်ဆိုခြင်းကို ဘုရားရှင်က ခွင့်ပြုတော်မမူခဲ့ပါဘူး။
ရွတ် ဆို ခဲ့ ရင် ဝတ်နည်းအရ အပြစ်ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ၎င်းတခါက အရှင်မဟာမောဂ္ဂ နှင့် အရှင်မဟာ ကသဿပမထေရ်တို့ ဖျားနားတော့ ဘုရားရှင်ဟာ ဗောဇ္ဈင်္ဂသုတ်တရားများကို ရွတ်ဆိုပေးတဲ့အခါ ရိုသေစွာ နာယူခြင်းကြောင့် ရောဂါမှ ပျောက်ကင်းချမ်းသာခဲ့ပါတယ်။
မြတ် စွာ ဘု ရား ရှင် ရောဂါဝေဒနာတွေဖြစ်တော့လည်း ဗောဇ္ဈင်္ဂသုတ်တရားကို အရှင်စုန္ဒမထေရ်က ရွတ်ပေးတဲ့အခါ ဘုရားရှင်က ရိုသေစွာပဲနာယူခဲ့ပါတယ် ။ဘုရားရှင်က အရှင်စုန္ဒမထေရ်နဲ့ အတူလိုက်မရွတ်ဆိုခဲ့ပါဘူး။ဒါကြောင့်တို့ဒကာ ဒကာမများလည်း ရဟန်းတော်များနဲ့ အတူလိုက်ရွတ်ဆိုခြင်းထက် ရိုသေစွာနာယူခြင်းက ပိုသင့်ပါလိပ်မည် ။
ဓမ္မ မာမက နိုင်သပြေ မေတ္တာဖြင့် (လေးစားမှုဖြင့် ခရက်ဒစ်)
About the author
Crypoetess
Leave a Comment