Shwe News

နာဂေဒသအတြက္ …အေရးေပၚေဆးဝါးမ်ား…အလႉခံလွ်က္ရွိတဲ့ ခင္သဇင္

ခင္ သ ဇင္ဟာ နာဂေဒသမွာ ေနထိုင္ၾကတဲ့ နာဂတိုင္းရင္းသားေတြအတြက္ အေရးေပၚလိုအပ္ေနတဲ့ ေဆးဝါးပစၥည္းေတြ အလႉခံေနတာ ေတြ႕ရပါတယ္။ နာဂေဒသအတြင္းမွာလည္း က်န္းမာေရးခ်ိဳ႕တဲ့မႈေတြေၾကာင့္ အေသအေပ်ာက္မ်ားေနတယ္လို႔ ဆိုပါတယ္။

သ ႐ုပ္ေ ဆာင္ ခင္သဇင္က သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာထပ္မွာ နာဂတိုင္းရင္းသားေတြအတြက္ အေရးေပၚ အလႉခံေနတဲ့အေၾကာင္းေျပာလာပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ နာဂေဒသအတြက္ က်န္းမာေရးနဲ႕ပတ္သက္ၿပီး လိုအပ္တဲ့ေဆးဝါးေတြ စုေဆာင္းေနတယ္လို႔ Duwun Media ရဲ႕ ဆက္သြယ္ေမးျမန္းမႈမွာ အခုလို ေျဖဆိုခဲ့ပါတယ္။

‘’ အဓိ က က မာရီကိုးက အဲဒီက သံအမတ္ကိုး။ သူကိုယ္တိုင္ကလည္း နာဂလူမ်ိဳးေလ။ မနက္ျဖန္ဆို သူက သြားလႉေတာ့မွာျဖစ္တဲ့အတြက္ သဇင္လည္း အခု ထီးတို႔၊ မိုးကာတို႔၊ ဖိနပ္တို႔ကို ကမကထလုပ္ၿပီးလႉေပးလိုက္တယ္။ ေဆးဝါးပစၥည္းေတြလည္းလိုအပ္တဲ့အခါက်ေတာ့ ေ႐ႊအိုးေဆးဆိုင္တို႔၊ ေဆးကုမၼဏီေတြနဲ႕ အခုေတာ့ လိုက္ခ်ိတ္ေနတယ္။ ဟိုမွာက ပစၥည္းေတြကလည္း မေလာက္ေတာ့ Basic ေဆးေလးေတြ၊ ဘိုင္အိုဂ်က္ဆစ္တို႔ ေခါင္းကိုက္ဖ်ားနာေပ်ာက္ေဆး တို႔၊ယားနာေပ်ာက္ေဆးတို႔၊ မ်က္စဥ္းခပ္ေဆးတို႔ လိုတာေပါ့ေနာ္။ ဟိုဘက္မွာက မိုးတြင္းဆိုရင္ ဝမ္းေရွာတာမ်ားတယ္၊ ဝမ္းပိတ္ေဆးေတြလိုတယ္။ ကေလးေတြ အေအးမိၿပီး ဖ်ားၾကတာေပါ့။ ဝမ္းပိတ္ေဆး၊ ဖ်ားနာေပ်ာက္ေဆး၊ ေခါင္းကိုက္ေပ်ာက္ေဆး အဓိက လိုအပ္တာပါ’’ လို႔ ဆိုပါတယ္။

လက္ရွိမွာလည္း နာဂေဒသမွာ အျဖစ္မ်ားေနတဲ့ က်န္းမာေရး အေျခအေနေတြကိုလည္း ခင္သဇင္က ေျပာျပခဲ့ျပန္ပါေသးတယ္။

‘’ ကေ လးေတြကဟိုမွာ အရမ္းဖ်ားနာၿပီး အေသအေပ်ာက္လည္းမ်ားၾကေတာ့ မာရီကိုးက ကိုယ္တိုင္သြားမွာေပါ့။ သဇင္ကေတာ့ သတင္းအတိအက်ရေအာင္ လိုအပ္တဲ့ ေဆးဝါးပစၥည္းေလးေတြကို သိခ်င္လို႔ စာရင္းေလးေကာက္ေပးပါလားလို႔ အကူအညီေတာင္းတာေပါ့ေနာ္။ ဒီဘက္ကလည္း အၿမဲလွမ္းပို႔ေပးလို႔ရေအာင္ ပင္တိုင္လႉတဲ့သူရွိရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ သဇင္ကေတာ့ အလႉအက်ိဳးေဆာင္ေပါ့ေနာ္။ ဘာပဲေျပာေျပာ ကုမၼဏီတစ္ခုက လႉလိုက္ရင္ ေနာက္ထပ္ ကုမၼဏီေတြကလည္း လႉလို႔ရေအာင္ ေတြးၿပီးေတာ့ အလႉခံတာပါ’’လို႔ သူကဆိုပါတယ္။

အဲ ဒီေ နာက္ မဖြံ႕ၿဖိဳးေသးတဲ့ ေဒသေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ အမ်ားႀကီး လိုတယ္လို႔လည္း ခင္သဇင္က ေျပာပါတယ္။ သူမဟာ စီးပြားေရးပါရဂူဘြဲ႕၊ ေဒါက္တာဘြဲ႕ အတြက္ ပညာသင္ၾကားေနတာျဖစ္လို႔ သိကြၽမ္းတဲ့ ေဆးကုမၼဏီေတြနဲ႕ ခ်ိတ္ဆက္ၿပီး ေဆးဝါးေတြ လႉဒါန္းသြားမယ္လို႔ ဆိုပါတယ္။

‘’ မဖြံ႕ၿဖိဳ းေသးတဲ့ ေဒသေတြမွာ က်န္းမာေရးနဲ႕ ပတ္သက္ၿပီး နိုင္ငံရဲ႕ အာ႐ုံစိုက္မႈလိုအပ္ေနသလားေပါ့။ ကိုေဝဠုေက်ာ္တို႔လည္း သြားတာ ေတြ႕ေနတာပဲ။ သူတို႔ တက္လာတဲ့ပုံေတြဆိုရင္ ေဘာလုံးေတာင္ ကန္စရာမရွိလို႔ အမွိုက္ထုတ္ေတြကို အကၤ်ီနဲ႕ လုံးထားတဲ့ဟာနဲ႕ ကန္ရတာ။ လမ္းတံတားလည္း မရွိဘူးေပါ့။ ဒါကေတာ့ ဖြံ႕ၿဖိဳးဖို႔ လိုအပ္တဲ့အပိုင္းေပါ့။ က်န္းမာေရးကလည္း အေသအေပ်ာက္ႏႈန္းေတြ မ်ားေနတယ္ ဆိုကတည္းက ဒါဟာ သူတို႔ဘက္ကို ေပါက္ေရာက္မႈ နည္းတာေပါ့ေနာ္။ အစ္မတို႔ P H D ေက်ာင္းက အစ္မတစ္ေယာက္ကလည္း စစ္ကိုင္းတိုင္းလႊတ္ေတာ္အမတ္ဆိုေတာ့ သူ႕ကို တစ္ခ်က္လွမ္းခ်ိတ္ပါဦးမယ္။ အဲဒီဘက္ကက်န္းမာေရး ဘာေတြလိုအပ္ေနေသးလဲေပါ့။ လိုအပ္တာေတြကို ဝိုင္းၿပီး အလႉခံသင့္ရင္ အလႉခံ၊ တိုင္းျပည္က က်န္းမာေရးနဲ႕ ပတ္သက္တဲ့သူေတြအာ႐ုံစိုက္မႈရေအာင္လည္း တစ္ဖက္တစ္လမ္းက ကူညီနိုင္ရင္လည္း ကူညီမယ္ေပါ့’’ လို႔ သူကဆိုပါတယ္။

ခင္ သ ဇင္က လက္ရွိမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံဇာတ္လမ္းတြဲေတြရိုက္ကူးေနရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လို႔ေနပါတယ္။ အဲဒီေနာက္ သူမဟာ ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရးနဲ႕ ပတ္သက္ၿပီးေတာ့လည္း အဆက္မျပတ္ ျပဳစု ေစာင့္ေရွာက္ေပးေနသူ တစ္ဦးပါ။ ခင္သဇင္က အႏုပညာအလုပ္လည္း လုပ္ေနတာျဖစ္သလို ပညာေရးနဲ႕ ပတ္သက္ၿပီးေတာ့လည္း စီးပြားေရးပါရဂူဘြဲ႕၊ ေဒါက္တာဘြဲ႕ယူဖို႔ ႀကိဳးစားေနသူျဖစ္ပါတယ္။

Credit – duwun

  • Unicode Version

ခင် သ ဇင်ဟာ နာဂဒေသမှာ နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးပစ္စည်းတွေ အလှူခံနေတာ တွေ့ရပါတယ်။ နာဂဒေသအတွင်းမှာလည်း ကျန်းမာရေးချို့တဲ့မှုတွေကြောင့် အသေအပျောက်များနေတယ်လို့ ဆိုပါတယ်။

သ ရုပ်ေ ဆာင် ခင်သဇင်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထပ်မှာ နာဂတိုင်းရင်းသားတွေအတွက် အရေးပေါ် အလှူခံနေတဲ့အကြောင်းပြောလာပါတယ်။ လက်ရှိအချိန်မှာတော့ နာဂဒေသအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ဆေးဝါးတွေ စုဆောင်းနေတယ်လို့ Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

‘’ အဓိ က က မာရီကိုးက အဲဒီက သံအမတ်ကိုး။ သူကိုယ်တိုင်ကလည်း နာဂလူမျိုးလေ။ မနက်ဖြန်ဆို သူက သွားလှူတော့မှာဖြစ်တဲ့အတွက် သဇင်လည်း အခု ထီးတို့၊ မိုးကာတို့၊ ဖိနပ်တို့ကို ကမကထလုပ်ပြီးလှူပေးလိုက်တယ်။ ဆေးဝါးပစ္စည်းတွေလည်းလိုအပ်တဲ့အခါကျတော့ ရွှေအိုးဆေးဆိုင်တို့၊ ဆေးကုမ္မဏီတွေနဲ့ အခုတော့ လိုက်ချိတ်နေတယ်။ ဟိုမှာက ပစ္စည်းတွေကလည်း မလောက်တော့ Basic ဆေးလေးတွေ၊ ဘိုင်အိုဂျက်ဆစ်တို့ ခေါင်းကိုက်ဖျားနာပျောက်ဆေး တို့၊ယားနာပျောက်ဆေးတို့၊ မျက်စဉ်းခပ်ဆေးတို့ လိုတာပေါ့နော်။ ဟိုဘက်မှာက မိုးတွင်းဆိုရင် ဝမ်းရှောတာများတယ်၊ ဝမ်းပိတ်ဆေးတွေလိုတယ်။ ကလေးတွေ အအေးမိပြီး ဖျားကြတာပေါ့။ ဝမ်းပိတ်ဆေး၊ ဖျားနာပျောက်ဆေး၊ ခေါင်းကိုက်ပျောက်ဆေး အဓိက လိုအပ်တာပါ’’ လို့ ဆိုပါတယ်။

လက်ရှိမှာလည်း နာဂဒေသမှာ အဖြစ်များနေတဲ့ ကျန်းမာရေး အခြေအနေတွေကိုလည်း ခင်သဇင်က ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ကေ လးတွေကဟိုမှာ အရမ်းဖျားနာပြီး အသေအပျောက်လည်းများကြတော့ မာရီကိုးက ကိုယ်တိုင်သွားမှာပေါ့။ သဇင်ကတော့ သတင်းအတိအကျရအောင် လိုအပ်တဲ့ ဆေးဝါးပစ္စည်းလေးတွေကို သိချင်လို့ စာရင်းလေးကောက်ပေးပါလားလို့ အကူအညီတောင်းတာပေါ့နော်။ ဒီဘက်ကလည်း အမြဲလှမ်းပို့ပေးလို့ရအောင် ပင်တိုင်လှူတဲ့သူရှိရင်တော့ ကောင်းတာပေါ့နော်။ သဇင်ကတော့ အလှူအကျိုးဆောင်ပေါ့နော်။ ဘာပဲပြောပြော ကုမ္မဏီတစ်ခုက လှူလိုက်ရင် နောက်ထပ် ကုမ္မဏီတွေကလည်း လှူလို့ရအောင် တွေးပြီးတော့ အလှူခံတာပါ’’လို့ သူကဆိုပါတယ်။

အဲ ဒီေ နာက် မဖွံ့ဖြိုးသေးတဲ့ ဒေသတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ အများကြီး လိုတယ်လို့လည်း ခင်သဇင်က ပြောပါတယ်။ သူမဟာ စီးပွားရေးပါရဂူဘွဲ့၊ ဒေါက်တာဘွဲ့ အတွက် ပညာသင်ကြားနေတာဖြစ်လို့ သိကျွမ်းတဲ့ ဆေးကုမ္မဏီတွေနဲ့ ချိတ်ဆက်ပြီး ဆေးဝါးတွေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

‘’ မဖွံ့ဖြို းသေးတဲ့ ဒေသတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ အာရုံစိုက်မှုလိုအပ်နေသလားပေါ့။ ကိုဝေဠုကျော်တို့လည်း သွားတာ တွေ့နေတာပဲ။ သူတို့ တက်လာတဲ့ပုံတွေဆိုရင် ဘောလုံးတောင် ကန်စရာမရှိလို့ အမှိုက်ထုတ်တွေကို အင်္ကျီနဲ့ လုံးထားတဲ့ဟာနဲ့ ကန်ရတာ။ လမ်းတံတားလည်း မရှိဘူးပေါ့။ ဒါကတော့ ဖွံ့ဖြိုးဖို့ လိုအပ်တဲ့အပိုင်းပေါ့။ ကျန်းမာရေးကလည်း အသေအပျောက်နှုန်းတွေ များနေတယ် ဆိုကတည်းက ဒါဟာ သူတို့ဘက်ကို ပေါက်ရောက်မှု နည်းတာပေါ့နော်။ အစ်မတို့ P H D ကျောင်းက အစ်မတစ်ယောက်ကလည်း စစ်ကိုင်းတိုင်းလွှတ်တော်အမတ်ဆိုတော့ သူ့ကို တစ်ချက်လှမ်းချိတ်ပါဦးမယ်။ အဲဒီဘက်ကကျန်းမာရေး ဘာတွေလိုအပ်နေသေးလဲပေါ့။ လိုအပ်တာတွေကို ဝိုင်းပြီး အလှူခံသင့်ရင် အလှူခံ၊ တိုင်းပြည်က ကျန်းမာရေးနဲ့ ပတ်သက်တဲ့သူတွေအာရုံစိုက်မှုရအောင်လည်း တစ်ဖက်တစ်လမ်းက ကူညီနိုင်ရင်လည်း ကူညီမယ်ပေါ့’’ လို့ သူကဆိုပါတယ်။

ခင် သ ဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါတယ်။ အဲဒီနောက် သူမဟာ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အဆက်မပြတ် ပြုစု စောင့်ရှောက်ပေးနေသူ တစ်ဦးပါ။ ခင်သဇင်က အနုပညာအလုပ်လည်း လုပ်နေတာဖြစ်သလို ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စီးပွားရေးပါရဂူဘွဲ့၊ ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

Credit – duwun

About the author

Crypoetess

Leave a Comment