Shwe News

ရန္ကုန္မွာေန ပုသိမ္ျမဳိ့ႏွင့္အျခားျမဳိ့တို႔အား… ေရႊဆြဲႀကိဳး အစစ္ျပ အတုလိမ္ေရာင္းတဲ့ သက္ၾကားရြယ္အို အမ်ဳိးသၼီး အေရးယူလိုက္ၿပီ

ရန္ ကုန္ မွာေန ပုသိမ္ျမဳိ့ႏွင့္အျခားျမဳိ့တို႔အား ေရႊဆြဲႀကိဳး အစစ္ျပ အတုလိမ္ေရာင္းတဲ့ သက္ၾကားရြယ္အို အမ်ဳိးသၼီး အေရးယူလိုက္တဲ့ သတင္း။
————————————————

ဧ ရာ ဝ တီတိုင္းေဒသႀကီး ပုသိမ္ျမဳိ့ ေရႊျပည္သာေစ်း ေရႊဆိုင္းတန္း႐ွိ ေရႊဆိုင္တဆိုင္မွာ သက္ၾကားရြယ္အို အဖြားအိုတစ္ေယာက္က သိန္း(၂၀)ေက်ာ္တန္ ဆြဲၾကဳိးတကုံး လက္လဲွ ့ျပၿပီး အတုနဲ႔အစစ္ အား လိမ္လည္ေရာင္းခ်သျဖင့္အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္းသိ့ရသည္။

ျဖစ္စဥ္မွာ ၁၂.၇.၂၀၁၉.ရက္ေန႔လည္ (၁၂)နာရီ အခ်ိန္႔ ပုသိမ္ျမဳိ့ အမွတ္(၄)ရပ္ကြက္ ေရႊျပည္သာေစ်းေရႊဆိုင္း လမ္း႐ွိ ဆင္ပ်ံေရႊဆိုင္မွာ မျမတ္သင္းၾကဴ အသက္(၂၉)ႏွစ္ ေရႊဆိုင္ဖြင့္လစ္ေရာင္းခ်ေနခ်ိန္ အသက္(၇၀)ေက်ာ္ခန္႔႐ွိ အမ်ဳိးသၼီး တဦးေရာက္႐ွိလာၿပီး ေရႊဆြဲႀကိဳး (၁)ကုံးေပါင္ႏွံလိုေၾကာင္း ေျပာဆိုခဲ့ရာ ဆိုင္႐ွင္မွ အေပါင္မခံေၾကာင္း ေဘာက္ခ်ာပါ ေရႊတည္ပစၥည္းမ်ားသာ ဝယ္ယူေၾကာင္း ျပန္လည္ေျပာခဲ့၏။

ထိုသုိ႔ေျပာလိုက္ေသာေၾကာင့္ အမ်ဳိးသၼီးက ေခတၱေနၿပီး ေငြအရမ္းအခက္ခဲျဖစ္ေနလို႔ေရာင္းလိုက္ေတာ့မယ္ ေဘာက္ခ်ာ လဲပါတယ္ ဆိုၿပီး MC ေရႊဆြဲႀကိဳး (၁)ကုံး ၾကယ္တံဆိပ္ ေရႊဆိုင္ အမည္ျဖင့္ ေဘာက္ခ်ာ အားျပသျဖင့္ ဆိုင္႐ွင္မွ ဆြဲၾကဳိးအားယူ၍ မွတ္တိုက္ စစ္ေဆးၿပီးမွ ေရႊအေလးခ်ိန္အားခ်ိန္တြယ္ၾကည့္ရာ အေလးခ်ိန္(၁)က်ပ္(၉)ပဲသား ေရႊမွန္ကန္ေန၍ (၂၃)သိန္းေတာ့ ရမယ္ေျပာခဲ့ရာ ေငြလိုေနတယ္ ေရာင္းမယ္ဆိုခဲ့သျဖင့္ ေရႊဆြဲႀကိဳး အား ၎ေ႐ွ႕ ခင္းက်င္းျပသထားေသာ မွန္ပုံးေပၚသို႔တင္ထားခဲ့ၿပီး ဆိုင္အတြင္ အန္ဆဲြထဲမွ ေငြေခ်ရန္(၂၃)သိန္း ေရတြက္ထုပ္ေနခ်ိန္ လ်ွပ္တပ်က္ ၎ အမ်ဳိးသၼီး က ဝဲလက္ျဖင့္ ဆြဲႀကိဳးအားလွမ္းယူတာျမင္လိုက္ရသည္။

ဆိုင္႐ွင္မွ ေငြေခ်မယ္ ေျပာလိုက္ရာ ဆြဲၾကဳိးအား ယာလက္ဘက္ လက္မွျပန္ေပး သျဖင့္ မသကၤာ ျဖစ္မိ၍ ေရြဆြဲၾကဳိးအား ျပန္လည္ခ်ိန္တြယ္စစ္ေဆးၾကည့္ရာ မူလခ်ိန္တြယ္ထားသည္တဲ့အေလးခ်ိန္ (၁)က်ပ္(၉)ပဲ ကေန အေလးခ်ိန္တိုးကာ (၁)က်ပ္(၁၀)ပဲ ျဖစ္ေန၍ ထပ္မံမွတ္တိုက္စစ္ေဆးၾကည့္ရာ ေရႊအတု ျဖစ္ေန၍ ဆိုင္နီးခ်င္း အမ်ဳိးသၼီး မ်ားႏွင့္ အတူ ၎၏ ခႏၶာကိုယ္ မွာဝတ္ထားသည့္ အက်ႌ အတြင္းဘက္မွာ လ်ဳိ့ဝွက္ ခ်ဳပ္ထားသည့္ အိပ္ငယ္ အတြင္းမွ မူလျပသထားသည့္ ေရႊဆြဲႀကိဳး အစစ္ ကိုေတြ႔ရသည္။

ယင္းျဖစ္စဥ္အား ေဒၚျမသင္းၾကဴ မွ ၎ေရာင္း/ဝယ္ လုပ္ကိုင္ေနသည့္ ဆင္ပ်ဳံ ေရႊဆိုင္ သို႔လာေရာက္ၿပီး ေဘာက္ခ်ာအတုျပဳလုပ္ ေရႊဆြဲႀကိဳး အတုျပဳလုပ္ ေရႊဆြဲႀကိဳးအစစ္ ျဖင့္ျပသ အတုျဖင့္လဲလည္ မ႐ုိးေျဖာင့္ေသာ သေဘာျဖင့္ ေနာက္မွအမည္သိ့ရသူ ေဒၚေအးျမင့္ (ဘ)ဦးဟန္ထြန္း အား ဥပေဒ အရ အေရးယူ ေပးရန္ တရားလိုျပဳ တိုင္ၾကားသျဖင့္ ပုသိမ္နယ္ေျမရဲစခန္း (ပ)၃၄၂/၂၀၁၉.ရာဇသတ္ႀကီးပုဒ္မ၄၂၀/၄၆၈တို႔ျဖင့္အမႈဖြင့္၍အမႈအားဒုရဲအုပ္ ေအာင္သူ မွ တာဝန္ယူ စစ္ေဆးေနေၾကာင္းသိ့ရသည္။

စာေရးသူ ၁၃.၇.၂၀၁၉.ရက္ေန႔နံနက္ပိုင္း (၉)နာရီအခ်ိန္ခန္႔ ပုသိမ္နယ္ေျမရဲစခန္း သို႔ေရာက္႐ွိ တာဝန္မႉး ဒုရဲအုပ္ ခ်ဳိခ်ဳိဝင္းျမဳိင္ ထံ သတင္းအခ်က္လက္မ်ားရယူခဲ့ရာ ၎အမ်ဳိးသၼီးက သာေပါင္းျမဳိ့ ေရႊဆိုင္တဆိုင္ကိုလည္း ယခုလို ပုံတူ MC ေရႊဆဲြၾကဳိး ပုံသ႑န္းတူ အေလးခ်ိန္တူေဘာက္ခ်ာလဲအတူတူအစစ္ျပအတုကိုေရာင္းခဲ့ေၾကာင္းသိ့ရၿပီးcctvမွတ္တမ္းဓာတ္ပုံမ်ားဆြဲၾကဳိးေဘာက္ခ်ာဓာတ္ပုံမ်ားတိုက္ၾကည့္ၾကရာတူညီေနၿပီး လူနာမည္သာကြဲေနသည္ကိုေတြ႔႐ွိခဲ့သည္။

အမႈစစ္က အေသးစိတ္ မစစ္ရေသး ပဏာမစစ္ေဆးသိ့ရသည္မွာ ေဒၚေအးျမင့္ အသက္(၇၅)ႏွစ္(ဘ)ဦးဟန္ထြန္း ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာပျမဳိ့နယ္ စိုက္ပ်ိဳးေရး ခိုင္ေရြဝါ (၁)လမ္း အမွတ္(၂၂)ေနေၾကာင္း ေမာ္လျမဳိင္ကြၽန္းဇာတိျဖစ္ၿပီး တရြာတည္းေန ဦးၿငိမ္းႏွင့္အိမ္ေထာင္ျပဳခဲ့ၿပီး ခင္ပြန္းျဖစ္သူ ဆုံးၿပီး ေဖာ္ျပလိပ္စာမွာ သၼီးသမက္တို႔ျဖင့္အတူေနေၾကာင္းသိ့ရပါသည္။

ေရႊဘိုိဝဠာ

  • Unicode Version

ရန် ကုန် မှာနေ ပုသိမ်မြို့နှင့်အခြားမြို့တို့အား ရွှေဆွဲကြိုး အစစ်ပြ အတုလိမ်ရောင်းတဲ့ သက်ကြားရွယ်အို အမျိုးသ္မီး အရေးယူလိုက်တဲ့ သတင်း။
————————————————

ဧ ရာ ဝ တီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေပြည်သာဈေး ရွှေဆိုင်းတန်းရှိ ရွှေဆိုင်တဆိုင်မှာ သက်ကြားရွယ်အို အဖွားအိုတစ်ယောက်က သိန်း(၂၀)ကျော်တန် ဆွဲကြိုးတကုံး လက်လဲှ့ပြပြီး အတုနဲ့အစစ် အား လိမ်လည်ရောင်းချသဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိ့ရသည်။

ဖြစ်စဉ်မှာ ၁၂.၇.၂၀၁၉.ရက်နေ့လည် (၁၂)နာရီ အချိန့် ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက် ရွှေပြည်သာဈေးရွှေဆိုင်း လမ်းရှိ ဆင်ပျံရွှေဆိုင်မှာ မမြတ်သင်းကြူ အသက်(၂၉)နှစ် ရွှေဆိုင်ဖွင့်လစ်ရောင်းချနေချိန် အသက်(၇၀)ကျော်ခန့်ရှိ အမျိုးသ္မီး တဦးရောက်ရှိလာပြီး ရွှေဆွဲကြိုး (၁)ကုံးပေါင်နှံလိုကြောင်း ပြောဆိုခဲ့ရာ ဆိုင်ရှင်မှ အပေါင်မခံကြောင်း ဘောက်ချာပါ ရွှေတည်ပစ္စည်းများသာ ဝယ်ယူကြောင်း ပြန်လည်ပြောခဲ့၏။

ထိုသို့ပြောလိုက်သောကြောင့် အမျိုးသ္မီးက ခေတ္တနေပြီး ငွေအရမ်းအခက်ခဲဖြစ်နေလို့ရောင်းလိုက်တော့မယ် ဘောက်ချာ လဲပါတယ် ဆိုပြီး MC ရွှေဆွဲကြိုး (၁)ကုံး ကြယ်တံဆိပ် ရွှေဆိုင် အမည်ဖြင့် ဘောက်ချာ အားပြသဖြင့် ဆိုင်ရှင်မှ ဆွဲကြိုးအားယူ၍ မှတ်တိုက် စစ်ဆေးပြီးမှ ရွှေအလေးချိန်အားချိန်တွယ်ကြည့်ရာ အလေးချိန်(၁)ကျပ်(၉)ပဲသား ရွှေမှန်ကန်နေ၍ (၂၃)သိန်းတော့ ရမယ်ပြောခဲ့ရာ ငွေလိုနေတယ် ရောင်းမယ်ဆိုခဲ့သဖြင့် ရွှေဆွဲကြိုး အား ၎င်းရှေ့ ခင်းကျင်းပြသထားသော မှန်ပုံးပေါ်သို့တင်ထားခဲ့ပြီး ဆိုင်အတွင် အန်ဆွဲထဲမှ ငွေချေရန်(၂၃)သိန်း ရေတွက်ထုပ်နေချိန် လျှပ်တပျက် ၎င်း အမျိုးသ္မီး က ဝဲလက်ဖြင့် ဆွဲကြိုးအားလှမ်းယူတာမြင်လိုက်ရသည်။

ဆိုင်ရှင်မှ ငွေချေမယ် ပြောလိုက်ရာ ဆွဲကြိုးအား ယာလက်ဘက် လက်မှပြန်ပေး သဖြင့် မသင်္ကာ ဖြစ်မိ၍ ရွေဆွဲကြိုးအား ပြန်လည်ချိန်တွယ်စစ်ဆေးကြည့်ရာ မူလချိန်တွယ်ထားသည်တဲ့အလေးချိန် (၁)ကျပ်(၉)ပဲ ကနေ အလေးချိန်တိုးကာ (၁)ကျပ်(၁၀)ပဲ ဖြစ်နေ၍ ထပ်မံမှတ်တိုက်စစ်ဆေးကြည့်ရာ ရွှေအတု ဖြစ်နေ၍ ဆိုင်နီးချင်း အမျိုးသ္မီး များနှင့် အတူ ၎င်း၏ ခန္ဓာကိုယ် မှာဝတ်ထားသည့် အင်္ကျီ အတွင်းဘက်မှာ လျို့ဝှက် ချုပ်ထားသည့် အိပ်ငယ် အတွင်းမှ မူလပြသထားသည့် ရွှေဆွဲကြိုး အစစ် ကိုတွေ့ရသည်။

ယင်းဖြစ်စဉ်အား ဒေါ်မြသင်းကြူ မှ ၎င်းရောင်း/ဝယ် လုပ်ကိုင်နေသည့် ဆင်ပျုံ ရွှေဆိုင် သို့လာရောက်ပြီး ဘောက်ချာအတုပြုလုပ် ရွှေဆွဲကြိုး အတုပြုလုပ် ရွှေဆွဲကြိုးအစစ် ဖြင့်ပြသ အတုဖြင့်လဲလည် မရိုးဖြောင့်သော သဘောဖြင့် နောက်မှအမည်သိ့ရသူ ဒေါ်အေးမြင့် (ဘ)ဦးဟန်ထွန်း အား ဥပဒေ အရ အရေးယူ ပေးရန် တရားလိုပြု တိုင်ကြားသဖြင့် ပုသိမ်နယ်မြေရဲစခန်း (ပ)၃၄၂/၂၀၁၉.ရာဇသတ်ကြီးပုဒ်မ၄၂၀/၄၆၈တို့ဖြင့်အမှုဖွင့်၍အမှုအားဒုရဲအုပ် အောင်သူ မှ တာဝန်ယူ စစ်ဆေးနေကြောင်းသိ့ရသည်။

စာရေးသူ ၁၃.၇.၂၀၁၉.ရက်နေ့နံနက်ပိုင်း (၉)နာရီအချိန်ခန့် ပုသိမ်နယ်မြေရဲစခန်း သို့ရောက်ရှိ တာဝန်မှူး ဒုရဲအုပ် ချိုချိုဝင်းမြိုင် ထံ သတင်းအချက်လက်များရယူခဲ့ရာ ၎င်းအမျိုးသ္မီးက သာပေါင်းမြို့ ရွှေဆိုင်တဆိုင်ကိုလည်း ယခုလို ပုံတူ MC ရွှေဆွဲကြိုး ပုံသဏ္ဍန်းတူ အလေးချိန်တူဘောက်ချာလဲအတူတူအစစ်ပြအတုကိုရောင်းခဲ့ကြောင်းသိ့ရပြီးcctvမှတ်တမ်းဓာတ်ပုံများဆွဲကြိုးဘောက်ချာဓာတ်ပုံများတိုက်ကြည့်ကြရာတူညီနေပြီး လူနာမည်သာကွဲနေသည်ကိုတွေ့ရှိခဲ့သည်။

အမှုစစ်က အသေးစိတ် မစစ်ရသေး ပဏာမစစ်ဆေးသိ့ရသည်မှာ ဒေါ်အေးမြင့် အသက်(၇၅)နှစ်(ဘ)ဦးဟန်ထွန်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် စိုက်ပျိုးရေး ခိုင်ရွေဝါ (၁)လမ်း အမှတ်(၂၂)နေကြောင်း မော်လမြိုင်ကျွန်းဇာတိဖြစ်ပြီး တရွာတည်းနေ ဦးငြိမ်းနှင့်အိမ်ထောင်ပြုခဲ့ပြီး ခင်ပွန်းဖြစ်သူ ဆုံးပြီး ဖော်ပြလိပ်စာမှာ သ္မီးသမက်တို့ဖြင့်အတူနေကြောင်းသိ့ရပါသည်။

ရွှေဘိုဝဠာ

About the author

Crypoetess

Leave a Comment