Shwe News

Breaking News ဧရာဝတီမြစ်ရေတက်မှု.. ည ၈ နာရီတွင် စိုးရိမ်ရေအမှတ် ကျော်လွန်သွား





  • Unicode Version

ညနေ ၅ နာရီ အချိန်က ၁၁၈၀ စင်တီမီတာ၊ ညနေ ၆ နာရီတွင် ၁၁၈၈ စင်တီမီတာ၊ ည ၇ နာရီတွင် ၁၁၉၇ စင်တီမီတာ၊ ည ၈ခွဲတွင် ၁၂၀၅ စင်တီမီတာ

စသဖြင့် မြင့်တက်ခဲ့ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းထွေးက ပြောသည်။ ”စိုးရိမ်အမှတ်ကို ၇ နာရီခွဲမှာ ရောက်ပါပြီ၊

အခုလောလောဆယ်တော့ တစ်နာရီကို ၈ သို့မဟုတ် ၁၀ စင်တီမီတာနှုန်းနဲ့ တက်နေပါတယ်၊ စိုးရိမ်ရမယ့် အခြေအနေရှိလာဆိုတော့ ကျွန်တော်တို့ဒီဘက်က ရေရဲ့အနေအထားကို

ကျွန်တော်တို့မှမသိနိုင်တာ တက်လာတဲ့ဟာကို တိုင်းယူရုံပဲရှိမှာပဲ အခြေအနေက တက်ဖို့အလားအလာ ရှိနေသေးတယ်” ဟု ဦးနိုင်လင်းထွေးက ပြောသည်။ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အား ၁၂၀၀ စင်တီမီတာအဖြစ် သတ်မှတ်ထားသည်။

About the author

Crypoetess

Leave a Comment