Shwe News
ထိုင်းနိုင်ငံနယ်စပ်ရှိ မဲဆောက်နဲ့မဲဆိုင်မြို့တို့မှာ…. ပိန်ဆေးထုတ်လုပ်သော အလုပ်ရုံများကို ဖမ်းဆီး
Zawgyicodeဖြင့်ဖတ်ရန်
Credit Duwun
  • Unicode Version
ထိုင်းနဲ့ မြန်မာ နယ်စပ် မဲဆောက်နဲ့ မဲဆိုင်မြို့တို့မှာ ခန္ဓာကိုယ်ပိန်ဆေး ထုတ်လုပ်နေတဲ့ အလုပ်ရုံတွေကို ဇူလိုင်လ ၁၄ ရက်က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ Social Action for Children and Women – SAW အဖွဲ့က ထုတ်ပြန်ပါတယ်ပိန်ဆေးထဲမှာ ဦးနှောက်ကို ပျက်စီးစေပြီး စိတ်ကျရောဂါဖြစ်စေတဲ့ cybetramine မူးယစ်ဆေး ပါဝင်နေတာ စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်အခုလို ထိုင်းမြန်မာနယ်စပ် မဲဆိုင်နဲ့ မဲဆောက်မြို့တွေမှာ တပြိုက်နက်ထဲ ဝင်ရောက်ရှာဖွေဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
မဲဆောက်မြို့ ထစိုင်လွတ် (ဝ) နဲ့ မဲသောင်ရပ်ကွက်တွေမှာ နိုင်ငံလုံခြုံရေးတပ်ဖွဲ့နဲ့ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တွေက တားမြစ်ပိန်ဆေးတွေ ထုတ်လုပ်ဖြန့်ချီနေတဲ့ နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် မဲဆိုင်မြို့ဝင် ဖန်ခံနယ်မြေ မှာရှိတဲ့ ရုပ်ပျို ကိုယ်ပိန်ဆေး ထုတ်လုပ်တဲ့ အလုပ်ရုံ နဲ့ရောင်းချနေတဲ့ နေရာ ၁၁ နေရာကို SSRI (Selective Serotonin Reuptake Inhibitors) ဝင်ရောက် ရှာဖွေပြီး တဆိပ်မျိုးစုံ ထုတ်လုပ်နေတဲ့ ဆေးဝါးတွေကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ကိုယ်ပိန်ဆေးမျိုးစုံ ဆေးဝါးတွေမှာ စိတ်ကြွဆေး အန္တရာယ်ရှိတဲ့(စိုင်ပူတမင်) Cybothamines ဓါတ်ပေါင်းတွေ နဲ့ရောစပ်ဖေါ်ထားတာကြောင့် သုံးစွဲသူတွေဟာ စိတ်ကြွဆေးဝါး သုံးနေသူတွေလို ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်ခဲ့ပြီး သေဆုံးတဲ့အထိ အန္တရာယ်ရှိတယ်လို့ ထိုင်းအမျိုးသားလုံခြုံရေး ဒုရဲချုပ် ဆူရချိုင်းစုန်မစ်တာ ကသတိပေးလိုက်ပါတယ်။
ပိန်ဆေးတွေကို ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း ရောင်းချနေတာတွေ့ရပြီး ကုန်ကြမ်းတွေကတော့ တရုတ်နိုင်ငံကနေ အဓိက ဝင်ရောက်လာတာလို့ သိရပါတယ်။ ထိုင်းနိုင်ငံသားတွေက အဲဒီပိန်ဆေးတွေကို အသုံးပြုမိလို့ လူတစ်ချို့ သေဆုံးတာတွေ ဖြစ်ခဲ့တာကြောင့် အခုလို ပိတ်ပင်ဖမ်းဆီးခဲ့ပြီး ထုတ်လုပ်သူနဲ့ ရောင်းချနေသူနဲ့ နေရာဌားရမ်းပေးသူတွေကိုလည်း ဆက်လက်ဖေါ်ထုတ်အရေးယူမှာ ဖြစ်တယ်လို့ ဒုရဲချုပ်က ဆိုပါတယ်။ထိုင်းနိုင်ငံအတွင်း တားမြစ်ဆေး (ပိန်ဆေး) တွေကို ထုတ်လုပ်ရောင်းချနေသူတွေကို ထောင်ဒဏ် နှစ် (၂၀) အထိ ပြစ်ဒဏ်ပေးနိုင်တယ်လို့ သိရပါတယ်။
Credit Duwun
About the author
Crypoetess
Leave a Comment