Shwe News
မြေးလေးအကြောင်း ပထမဦးဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ သရုပ်ဆောင် လွင်မိုး
  • Unicode
အကယ်ဒမီလွင်မိုးကတော့ ခုဆိုရင် ဘိုးဘိုးနေရာကို ရောက်သွားပါပြီနော်။ သရုပ်ဆောင်လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးကတော့ 2018 ခုနှစ် ဇန်နဝါရီလမှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီး သြစတြေးလျမှာ မီးဖွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပေမယ့် အတည်ပြုပြောကြားခြင်းမရှိခဲ့ပါဘူး။
အကယ်ဒမီလွင်မိုးကတော့ သမီးဖြစ်သူ မွေးဖွားပေးလိုက်တဲ့ မြေးလေးနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ဖွင့်ပြောလာပါပြီနော်။
“သမီးက ကျတော့်ကိုရာထူးတိုးပေးလိုက်တာပေါ့နော်။ ကျတော်ကတော့ အဘိုးဖြစ်သွားတာပေါ့။ သူကတော့ ယောက်ကျားလေး မွေးတယ်။ ၇.၅ ပေါင်ရှိတယ်ပြောတယ်။လောကကြီးထဲ လူတစ်ယောက်ရောက်လာပြီပေါ့။ ကိုယ့်မျိုးဆက်လေးပါလာပြီပေါ့။”
“လောကကြီးထဲ သူတို့ဖြတ်သန်းကျင်လည်ရမှာ အများကြီးပေါ့ ဒါပေမယ့် အသက်အရွယ်ရလာတဲ့အခါကျတော့ ငယ်ငယ်တုန်းကလိုတော့မဟုတ်တော့ဘူးပေါ့။ စဥ်းစားတဲ့အပိုင်ေးတွပြောင်းကုန်တာပေါ့။ သူတို့ကြီးလာမယ် ကျောင်းနေရမယ် ပညာရှာရမယ် ဒါတွေ သူတို့ ဖြတ်ကျော်ရဦးမှာပေါ့ ကျတော်တို့ကတော့အဘိုးအဘွားနေရာရောက်သွားတာပေါ့။”
“သူကတော့ နည်းနည်းတော့မြန်လွန်းကြီးပါတယ်။ ဒါပေမယ့် ကျတော်တို့ ဗုဒဘာသာမှာလည်း အိမ်ထောင်ကျတာတို့က သူ့ရဲ့ကံကြမ္မာတွေနဲ့သူ့အိမ်ထောင်ဘက်တွေက တွက်ချက်ပြီးလာတာတွေရှိတာပေါ့။ ဒါတွေကသိပ်ပြီးတော့ပြောလို့မရဘူး။”
ကဲ ယွန်းဝတီလွင်မိုးလေးကတော့ ယောက်ကျားလေးမွေးဖွားလိုက်တာဖြစ်ပါတယ်နော်။ခုဆိုရင်တော့ ယွန်းလေးရဲ့ ခေးလေး ကို ပရိသတ်တွေကအရမ်းမြင်တွေ့ချင်နေကြမှာပဲနော်။
Ref;Interview From Eleven Media & We Love Cele
About the author
Wai Phyo Oo
Leave a Comment