Shwe News

“ထိုင္းနိုင္ငံမွာ ျပည့္တန္ဆာ အျဖစ္ ေရာင္းစားခံေနရသည့္ ျမန္မာႏွင့္ လာအို နိုင္ငံသူ (၁၂)ဦးကို ထိုင္းရဲတပ္ဖြဲ ့ ကယ္တင္”

ထိုင္းနိုင္ငံ အလယ္ပိုင္း ဆူဖန္ဘူရီခရိုင္ စန္ခ်ပ္ ျမိဳ ့က ဟန္ျပ ကာရာအိုေက ဖြင့္ျပီး ျပည့္တန္ဆာရံုလုပ္ထားတဲ့ ေနရာကို ဇူလိုင္လ၁၆ ရက္ေန ့ညက ထိုင္းလူကုန္ကူးမွု တိုက္ဖ်က္ေရး နဲ ့ နယ္ေျမရဲတပ္ဖြဲ ့ေတြ ကပူးေပါင္း
အကြက္ဆင္ ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

အဆိုပါ ကာရာအိုေက ဆိုင္ကို အသြင္ေဆာင္ရဲႏွစ္ဦးက သြားေရာက္လည္ပါတ္ျပီး အသက္အငယ္ဆံုး မိန္းခေလးႏွစ္ဦးျဖစ္တဲ့ မ၀ါနဲ ့ႏွင့္ မပန္ တို ့နဲ ့ ေပ်ာ္ပါးဘို ့ ဘတ္ေငြ တေထာင္ေပးျပီး မိန္းခေလးေတြကို ေဟာ္တယ္လာပို ့ခိုင္းခဲ့တာပါ။

ျပည့္တန္ဆာေခါင္းျဖစ္သူ နိုင္ခြမ္ခ်ိဳင္း က မိန္းခေလးေတြဆိုင္ကယ္နဲ ့ ေခၚလာျပီး တည္းခိုးခန္းလာပို ့တဲ့အခ်ိန္မွာ ရဲေတြက ဖမ္းဆီးလိုက္တာပါ။ ျပည့္တန္ဆာအျဖစ္ ခိုင္းစားခံေနရတဲ့ မ၀ါ နဲ ့ မပန္ ဟာ အသက္ ၁၄နဲ ့ပ ၁၇ သာရွိပါေသးတယ္၊ သူတို ့ကို လူေမွာင္ခိုသမားေတြက ေရာင္းစားသြားခဲ့တာလို ့ သိရပါတယ္။

ကာရာအိုေက ဆိုင္ရွင္ အမ်ိဳးသမီး အငံု (၆၇ႏွစ္) ကိုလည္း ဖမ္းဆီးလိုက္ပါတယ္။ အဆိုပါ ကာရာအိုဆိုင္မွာ ျပည့္တန္ဆာအျဖစ္ ခိုင္းေစခံေနရသူ အမ်ိဳးသမီး ၁၂ ဦးဟာ ျမန္မာနဲ ့ လာအိုနိုင္ငံသူေတြျဖစ္တယ္လို ့ ရဲတပ္ဖြဲ ့ က ထုတ္ေဖၚေျပာဆိုသြားခဲ့ပါတယ္။

Credit: Social Action for Children and Women – SAW

Unicode Version

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆူဖန်ဘူရီခရိုင် စန်ချပ် မြို့က ဟန်ပြ ကာရာအိုကေ ဖွင့်ပြီး ပြည့်တန်ဆာရုံလုပ်ထားတဲ့ နေရာကို ဇူလိုင်လ၁၆ ရက်နေ့ညက ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး နဲ့ နယ်မြေရဲတပ်ဖွဲ့တွေ ကပူးပေါင်း
အကွက်ဆင် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဆိုပါ ကာရာအိုကေ ဆိုင်ကို အသွင်ဆောင်ရဲနှစ်ဦးက သွားရောက်လည်ပါတ်ပြီး အသက်အငယ်ဆုံး မိန်းခလေးနှစ်ဦးဖြစ်တဲ့ မဝါနဲ့နှင့် မပန် တို့နဲ့ ပျော်ပါးဘို့ ဘတ်ငွေ တထောင်ပေးပြီး မိန်းခလေးတွေကို ဟော်တယ်လာပို့ခိုင်းခဲ့တာပါ။

ပြည့်တန်ဆာခေါင်းဖြစ်သူ နိုင်ခွမ်ချိုင်း က မိန်းခလေးတွေဆိုင်ကယ်နဲ့ ခေါ်လာပြီး တည်းခိုးခန်းလာပို့တဲ့အချိန်မှာ ရဲတွေက ဖမ်းဆီးလိုက်တာပါ။ ပြည့်တန်ဆာအဖြစ် ခိုင်းစားခံနေရတဲ့ မဝါ နဲ့ မပန် ဟာ အသက် ၁၄နဲ့ပ ၁၇ သာရှိပါသေးတယ်၊ သူတို့ကို လူမှောင်ခိုသမားတွေက ရောင်းစားသွားခဲ့တာလို့ သိရပါတယ်။

ကာရာအိုကေ ဆိုင်ရှင် အမျိုးသမီး အငုံ (၆၇နှစ်) ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ အဆိုပါ ကာရာအိုဆိုင်မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရသူ အမျိုးသမီး ၁၂ ဦးဟာ မြန်မာနဲ့ လာအိုနိုင်ငံသူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုသွားခဲ့ပါတယ်။

Credit: Social Action for Children and Women – SAW

About the author

ilove

Leave a Comment