Shwe News

“အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့ၿပီဆိုတဲ့ ေအးျမတ္သူ”

အားကစားကို ခ်စ္ျမတ္ႏိုးတဲ့ ေအးျမတ္သူကေတာ့ မန္ယူကြင္းထဲကို သြားေရာက္လည္ပတ္ခြင့္ရလိုု႕ ေပ်ာ္ေနပါတယ္။ ဒါဟာ သူမရဲ႕ ကေလးဘဝက အိပ္မက္တစ္ခုဆိုလည္း မမွားပါဘူးတဲ့။

သရုပ္ေဆာင္ ေအးျမတ္သူက ခ်စ္ရတဲ့ သူငယ္ခ်င္းေတြနဲ႕အတူ ခရီးေတြ သြားေနတာပါ။ အဂၤလန္ကို ေရာက္ေနတဲ့ ေအးျမတ္သူက အဂၤလန္ႏိုင္ငံ၊ မန္ခ်က္စတာၿမိဳ႕မွာရွိတဲ့ မန္ယူအသင္းရဲ႕ ကစားကြင္း အိုးထရက္ဖို႕ဒ္ကြင္းဆီသုိ႕ သြားေရာက္လည္ပတ္ေနတာ ေတြ႕ရပါတယ္။ ဒါဟာ ကေလးဘဝက တည္းက မက္ခဲ့တဲ့ အိပ္မက္တစ္ခုပါပဲလိုု႕ ဆုိပါတယ္။

“တခါတ​ေလ အိပ္​မက္​​ေတြကတကယ္​ျဖစ္​တယ္​ဆိုတာမွန္​တယ္​ခ်စ္​သူ။ အဂၤလန္​ျပည္​က Manchester ကြင္​းထဲကို​ေရာက္​ဖူးခ်င္​တာ ခ​ေလးဘ၀က တည္​းကအ္ိပ္​မက္​လို႔​ေျပာရင္​ခ်စ္​သူက မင္​းက​ေဘာလံုးပဲြအ​ေၾကာင္​းဘာနားလည္​လို႔လဲဆိုၿပီးရယ္​ဦးမယ္​။ Ferguson ကိုမသိ၊ Rooney တို႔ကိုမသိ​ေပ မယ္​့လည္​း အားကစားကိုခ်စ္​ျမတ္​နိုးတဲ့ ကၽြန္မအဖို႔ ဒီ​ေနရာကိုလာခြင္​့ရွိတာပဲ။ ၿပီး​ေတာ့​ေလ ခ်စ္​သူရဲ႕လက္​ကိုတဲြ ကမၻာ​ေပၚကအားကစားမ်ိဳးစံုကို အခ်စ္​နဲ႔အတူအား​ေပးခ်င္​တယ္​။ အထူးသျဖင္​့ လက္​​ေ၀ွ႔ပဲြတို႔ tennis ပဲြတို႔​ေပါ့ခ်စ္​သူ” ဆုိၿပီး ဇူလုိင္(၁၈)ရက္ေန႕က သူမရဲ႕ ေ့ဖစ္ဘြတ္ေပ့ခ်္မွာ ေရးသားထားတာပါ။

ေအးျမတ္သူက လက္ရွိမွာ သူငယ္ခ်င္းေတြနဲ႕အတူ ခရီးေတြ သြားေနတာျဖစ္ပါတယ္။သူမက ခရီးေတြ သြားရတာကို ဝါသနာပါသူလည္း ျဖစ္ပါတယ္။

ေအးျမတ္သူဟာ မၾကာေသးခင္ကမွ အကယ္ဒမီ ပူပူေႏြးေႏြးရရွိထားတဲ့ မင္းသမီးေခ်ာေလးပါ။ သူမဟာ ‘’ေနာင္တြင္ ဥဒါန္းတည္ေစသတည္း’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ဳိးသမီး ဇာတ္ပု႔ိဆုကုိရရွိခဲ့တာပါ။ ဒီဆု ကေတာ့ သူမအတြက္ ပထမဆုံးအႀကိမ္ရရွိတဲ့ အကယ္ဒမီဆုလည္း ျဖစ္ပါတယ္။

ေအးျမတ္သူ(Aye Myat Thu)ဟာ အႏုပညာအလုပ္ကုိ အသက္ ၁၉ ႏွစ္အရြယ္ကတည္းက စတင္လုပ္ကုိင္ခဲ့တာပါ။ အခုဆုိရင္ေတာ့ အသက္ ၃၃ ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ မင္းသမီးေခ်ာတစ္ေယာက္ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ရုပ္ရွင္ဇာတ္ကားေတြ၊ ဗီဒီယို ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာတုိ႔ကုိ ရုိက္ကူးခဲ့တဲ့ သရုပ္ေဆာင္တစ္ေယာက္ပါ။

Credit: Duwun

Unicode Version

အားကစားကို ချစ်မြတ်နိုးတဲ့ အေးမြတ်သူကတော့ မန်ယူကွင်းထဲကို သွားရောက်လည်ပတ်ခွင့်ရလို့ ပျော်နေပါတယ်။ ဒါဟာ သူမရဲ့ ကလေးဘဝက အိပ်မက်တစ်ခုဆိုလည်း မမှားပါဘူးတဲ့။

သရုပ်ဆောင် အေးမြတ်သူက ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေ သွားနေတာပါ။ အင်္ဂလန်ကို ရောက်နေတဲ့ အေးမြတ်သူက အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာရှိတဲ့ မန်ယူအသင်းရဲ့ ကစားကွင်း အိုးထရက်ဖို့ဒ်ကွင်းဆီသို့ သွားရောက်လည်ပတ်နေတာ တွေ့ရပါတယ်။ ဒါဟာ ကလေးဘဝက တည်းက မက်ခဲ့တဲ့ အိပ်မက်တစ်ခုပါပဲလို့ ဆိုပါတယ်။

“တခါတလေ အိပ်မက်တွေကတကယ်ဖြစ်တယ်ဆိုတာမှန်တယ်ချစ်သူ။ အင်္ဂလန်ပြည်က Manchester ကွင်းထဲကိုရောက်ဖူးချင်တာ ခလေးဘဝက တည်းကအိပ်မက်လို့ပြောရင်ချစ်သူက မင်းကဘောလုံးပွဲအကြောင်းဘာနားလည်လို့လဲဆိုပြီးရယ်ဦးမယ်။ Ferguson ကိုမသိ၊ Rooney တို့ကိုမသိပေ မယ့်လည်း အားကစားကိုချစ်မြတ်နိုးတဲ့ ကျွန်မအဖို့ ဒီနေရာကိုလာခွင့်ရှိတာပဲ။ ပြီးတော့လေ ချစ်သူရဲ့လက်ကိုတွဲ ကမ္ဘာပေါ်ကအားကစားမျိုးစုံကို အချစ်နဲ့အတူအားပေးချင်တယ်။ အထူးသဖြင့် လက်ဝှေ့ပွဲတို့ tennis ပွဲတို့ပေါ့ချစ်သူ” ဆိုပြီး ဇူလိုင်(၁၈)ရက်နေ့က သူမရဲ့ ေ့ဖစ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။

အေးမြတ်သူက လက်ရှိမှာ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေ သွားနေတာဖြစ်ပါတယ်။သူမက ခရီးတွေ သွားရတာကို ဝါသနာပါသူလည်း ဖြစ်ပါတယ်။

အေးမြတ်သူဟာ မကြာသေးခင်ကမှ အကယ်ဒမီ ပူပူနွေးနွေးရရှိထားတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ‘’နောင်တွင် ဥဒါန်းတည်စေသတည်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပု့ိဆုကိုရရှိခဲ့တာပါ။ ဒီဆု ကတော့ သူမအတွက် ပထမဆုံးအကြိမ်ရရှိတဲ့ အကယ်ဒမီဆုလည်း ဖြစ်ပါတယ်။

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။

Credit: Duwun

About the author

ilove

Leave a Comment