Shwe News Content 2

ကံဆိုးရှာတဲ့ သားအဖ ဆိုင်မှအပြန် အဖေ့ကို ကားကဝင်ကျူံး

( Video ဖိုင်ကို အောက်ဆုံးမှာ တွဲပြီး တင်ပေးထားပါတယ် ၊ စိတ်နှလံုးးမချမ်းမြေ့ဖွယ်ရာများ ပါဝင်၍ နှလုံးရောဂါရှိသူများ အတွက် ကြိုတင် အသိပေးပါရစေ )







ဒါကြောင့်..




Video-Junior Vikatan

  • Unicode Version

( Video ဖိုင်ကို အောက်ဆုံးမှာ တွဲပြီး တင်ပေးထားပါတယ် ၊ စိတ်နှလံးုးမချမ်းမြေ့ဖွယ်ရာများ ပါဝင်၍ နှလုံးရောဂါရှိသူများ အတွက် ကြိုတင် အသိပေးပါရစေ )

ချစ်ခင်လေးစားရတဲ့ စာရှုသူတို့ခင်ဗျာ..

အခုတစ်ခါ ကျွန်တော် တင်ဆက်ပေးချင်တဲ့ ရုပ်သံဖိုင်လေးကတော့ ..ကြည့်မိရင် အင်မတန်မှကို စိတ်နှလုံးမချမ်းမြေ့စရာ ကောင်းတဲ့ ရုပ်သံဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဖော်ပြပေးရတာလဲ ဆိုတော့..ကိုယ့်ကြောင့်

သူတစ်ပါးကို မထိခိုက်စေဖို့ နဲ့ ကားမောင်းရင် ဂရုစိုက်မောင်းကြဖို့၊ ကိုယ့်ယာဉ်ရပ်မယ်ဆိုလည်း လမ်းဘေးချ စနစ်တကျရပ်ကြဖို့အတွက် သတိပေးတင်ပြချင်တာကြောင့် ဖြစ်ပါတယ်..။

အခုရုပ်သံဖိုင်လေးထဲမှာဆိုရင်.. သားအဖ နှစ်ယောက်ဟာ ဆိုင်ကယ်လေးနဲ့ မုန့်လာဝယ်ဟန်တူပြီး..ပြန်ထွက်ခါနီးမှာမှ မူမမှန်တဲ့ ကားက နောက်က ဝင်တိုက်လိုက်တာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်..။

ဒါပေမယ့်..အဆိုးထဲက အကောင်းလို့ ပြောရမလားပဲ ခင်ဗျာ.. ကလေးမလေးကတော့ တိုးဝင်လာတဲ့ ကားမီးရောင်ကြောင့် သတိဝင်ပြီး လမ်းပလက်ဖောင်းပေါ် တက်ပြေးသွားနိုင်ပေမယ့် ဖခင်ဖြစ်သူကတော့ ဆိုင်ကယ်ကိုလည်း ထိန်း

ထားရပြီး ကားကိုလည်း ကျောခိုင်းအနေအထားနဲ့ မမြင်နိုင်တာကြောင့် ..ကားရဲ့ ရှေ့ကိုရောက်သွားပါတော့တယ်..

ဒါကြောင့်..

ချစ်ခင်ရတဲ့ ပရိသတ်ကြီးတို့ရေ. “.နေ့သွား နောက်ကြည့်..ညသွားအောက်ကြည့်” ဆိုတဲ့ မြန်မာစကားပုံလေးအတိုင်း သွားလာတဲ့ အခါမှာ ဂရုစိုက်ကြဖို့နဲ့..ယာဉ်များမောင်းနှင်တဲ့ အခါမှာလည်း သတိလေးထားပြီး မောင်းနှင်ကြဖို့

စိတ်နှလုံး ညိုးနွမ်းစွာဖြင့် တိုက်တွန်းနိုးဆော်လိုက်ပါရစေခင်ဗျာ..

  • ရုပ်သံဖိုင်အား ကြည့်ရန်နှိပ်ပါ

Writer-SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Video-Junior Vikatan

About the author

Crypoetess

Leave a Comment