Shwe News Content 2

ကျောင်းဆရာလေး နယ်ပြောင်းမယ်ဆိုတော့ ဆရာလည်း ငို ၊ တပည့်တွေလည်းငို










  • Unicode Version

( Video ဖိုင်ကို အောက်ဆုံးမှာ တွဲပြီး တင်ပေးထားပါတယ် )

စာရှုသူများအားလုံး မင်္ဂလာပါ ခင်ဗျာ..

အခုတစ်ခါ တင်ပြပေးချင်တဲ့ သတင်းရုပ်သံဖိုင်လေးကတော့ ငယ်ဘဝကို ပြန်လည်ဆွတ်ပျံ့လွမ်းမောသွားစေနိုင်တဲ့ ရုပ်သံဖိုင်လေး ပဲဖြစ်ပါတယ်။ အထူးသဖြင့် စတိတ်ကျောင်းသားဘဝကို ပြန်သတိရစရာလေးဆိုလည်း မမှားနိုင်ဘူးပေါ့။

အခုရုပ်သံလေးမှာတော့ နယ်ပြောင်းရတော့မယ့် ကျောင်းဆရာလေး နဲ့ သူရဲ့ တပည့်တွေ ငိုကြတဲ့ ရုပ်သံဖိုင်လေးပါပဲ။ ဒါဟာ ဇာတ်ဝင်ခန်းတစ်ခုမဟုတ်ပဲ ၊ ပကတိ ပန်းချီကားချပ်တစ်ခုလိုပါပဲ။

ကျွန်တော်တို့ ကျေးလက်တွေမှာဆိုရင်..ကျောင်းတွေမှာ ကလေးတွေ ပညာသင်ခွင့်ရဖို့အတွက် ဆရာ၊ ဆရာမတွေကို မျှော်လိုက်ကြရတာ..သူတို့လာပြန်တော့လည်း .သံယောဇဉ်တွေ ဖြစ်ပြီး သူတို့ပြန်သွားမှာကို စိုးရိမ်လိုက်ကြရတာ..

ဒါပေမယ့် အစိုးရဝန်ထမ်းဖြစ်တဲ့ ကျောင်းဆရာ ဆရာမတွေ ခဗျာလည်း.. မင်းခယောက်ျား ကမ်းနားသစ်ပင်ဆိုသလို.. ထားရာနေ စေရာသွားပဲ မဟုတ်ပါလား..။

ဒီရုပ်သံဖိုင်လေးနဲ့ နောက်ခံသီချင်းလေးကို ကြည့်ပြီး..ကိုယ်ပါမျက်ရည်ဝဲမိပါတယ်..။

  • ရုပ်သံဖိုင်ကိုကြည့်ရန်နှိပ်ပါ

Writer-SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Video-မြန်မာသံစဉ်ချစ်သောကိုကိုပွကြီး ဖြူးသားလေး

About the author

Crypoetess

Leave a Comment