Shwe News

တစ္ရက္ကို စီးကရက္အလိပ္ ၄၀ ေသာက္မွ ေနေပ်ာ္တဲ့ ၂ ႏွစ္သားကေလး

အင္ဒိုနီးရွားနိုင္ငံက ကေလးေလးတစ္ဦးဟာ အသက္ ၂ ႏွစ္ပဲ ရွိပါေသးတယ္ ဒါေပမယ့္ တစ္ရက္ကို စီးကရက္ ႏွစ္ဗူး အလိပ္(၄၀)ေသာက္မွ ေနလို႔ထိုင္လို႔ရတဲ့ အဆင့္ေရာက္ေအာင္ စီးကရက္စြဲသူတစ္ေယာက္ ျဖစ္ေနပါတယ္။

ဒီသတင္းဟာ တစ္ကမၻာလုံးရဲ့ မီဒီယာ ေခါင္းစည္းပိုင္းမွာ ထိတ္လန႔္စြာနဲ႔ လက္တေလာ ေနရာယူေနတဲ့ သတင္းျဖစ္ပါတယ္။ အင္ဒိုနီးရွားနိုင္ငံ ဂ်ာဗာကၽြန္းအေနာက္ပိုင္း ဆူကာဘူမိ ေဒသက အသက္ ၂ ႏွစ္သာ ရွိေသးတဲ့ ကေလးေလးဟာ ေဆးလိပ္စြဲေနခဲ့တာ တစ္လခြဲခန႔္ ရွိၿပီျဖစ္ၿပီး တစ္ရက္ကို အလိပ္ ၄၀ ေသာက္တယ္လို႔ သူ႔ရဲ့မိဘေတြက ေျပာပါတယ္။

ယခုလို ကေလးေလး စီးကရက္စြဲလန္းသြားတဲ့ အရင္းျမစ္ဟာ မိဘေတြပဲ ျဖစ္ပါတယ္။ အစပိုင္းမွာ မိဘေတြ ေသာက္ၿပီး ၾကမ္းျပင္ေပၚ ပစ္ခ်တဲ့ စီးကရက္အတိုအစေတြကို ေကာက္ေသာက္ရင္းကေန စီးကရက္စြဲသူျဖစ္လာခဲ့ပါတယ္။

သူတို႔ကေလး ေဆးလိပ္ေသာက္တတ္ေနတာကို သိတဲ့အခ်ိန္မွာ ဘယ္လိုမွ တားလို႔မရေတာ့ဘူးလို႔ မိခင္ျဖစ္သူ မာရာတီ က ဆိုပါတယ္။ “သူ႔ကို ေဆးလိပ္မေပးပဲ ထားလိုက္တာနဲ႔ ေနလို႔မရေအာင္ အနီးနားကပစၥည္းေတြ လႊင့္ပစ္ ေသာင္းက်န္းေတာ့တာပါပဲ”။

ဒါ့အျပင္ သူဟာ ေဆးလိပ္မေသာက္ရမခ်င္း အိမ္မေပ်ာ္တာေၾကာင့္ မိဘေတြကိုယ္တိုင္က ေဆးလိပ္ကို ဝယ္တိုက္ရတဲ့ အေျခေနထိ ျဖစ္ေနပါတယ္။

ဖခင္ျဖစ္တဲ့ မစ္ဘာဟူဒင္ ဟာ တစ္ခါတစ္ရံမွသာ ေဆးလိပ္ေသာက္တတ္သူျဖစ္ၿပီး သူ႔ရဲ့ အရြယ္ေမေရာက္ေသးတဲ့ သားက ေဆးလိပ္ကို ဝါရင့္သမၻာရင့္ႀကီးလို ေသာက္ေနတာ ျမင္ရေတာ့ အံ့ၾသစိတ္ထိခိုက္တယ္လို႔ ဆိုပါတယ္။ ကေလးငယ္ဟာ မိဘေတြဆီက ေဆးလိပ္မရရင္ အျခားလူေတြဆီက လိုက္ေတာင္းေသာက္တယ္လို႔ ဆိုပါတယ္။

အခုဆိုရင္ ကေလးေလးဟာ ေကာ္ဖီေသာက္လည္း ေဆးလိပ္နဲ႔၊ ထမင္းစားလည္း ေဆးလိပ္နဲ႔၊ မအိပ္ခင္လည္း ေဆးလိပ္ေသာက္ၿပီးမွ အိပ္တတ္သူျဖစ္ေနပါတယ္။ တစ္ေန႔မွာ စီးကရက္ ႏွစ္ဗူးေလာက္ေသာက္သုံးေနပါတယ္။

မိခင္ျဖစ္သူက သားကို ေဆးလိပ္ျဖတ္နိုင္ဖို႔ ျပဳျပင္ေရးစခန္းကို မၾကာမီ ပို႔ေဆာင္ေတာ့မယ္လို႔ ဆိုပါတယ္။
အင္ဒိုနီးရွားဟာ ကမၻာေပၚမွာ ေဆးလိပ္ေသာက္သုံးသူအမ်ားဆုံး နိုင္ငံေတြထဲက တစ္ခုျဖစ္ၿပီး လူဦးေရ သန္း ၆၀ ေလာက္ဟာ ေဆးလိပ္ေသာက္သူေတြ ျဖစ္ၾကပါတယ္။ ေဆးလိပ္ ေစ်းသက္သာျခင္း၊ ကေလးေတြ ေဆးလိပ္ေသာက္တာကို အခ်ိဳ႕မိဘေတြက ခြင့္ျပဳျခင္းေတြက အဓိကအေၾကာင္းအခ်က္ေတြ ျဖစ္ေနပါတယ္။

Credit PoPoLay

  • Unicode

အင်ဒိုနီးရှားနိုင်ငံက ကလေးလေးတစ်ဦးဟာ အသက် ၂ နှစ်ပဲ ရှိပါသေးတယ် ဒါပေမယ့် တစ်ရက်ကို စီးကရက် နှစ်ဗူး အလိပ်(၄၀)သောက်မှ နေလို့ထိုင်လို့ရတဲ့ အဆင့်ရောက်အောင် စီးကရက်စွဲသူတစ်ယောက် ဖြစ်နေပါတယ်။

ဒီသတင်းဟာ တစ်ကမ္ဘာလုံးရဲ့ မီဒီယာ ခေါင်းစည်းပိုင်းမှာ ထိတ်လန့်စွာနဲ့ လက်တလော နေရာယူနေတဲ့ သတင်းဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗာကျွန်းအနောက်ပိုင်း ဆူကာဘူမိ ဒေသက အသက် ၂ နှစ်သာ ရှိသေးတဲ့ ကလေးလေးဟာ ဆေးလိပ်စွဲနေခဲ့တာ တစ်လခွဲခန့် ရှိပြီဖြစ်ပြီး တစ်ရက်ကို အလိပ် ၄၀ သောက်တယ်လို့ သူ့ရဲ့မိဘတွေက ပြောပါတယ်။

ယခုလို ကလေးလေး စီးကရက်စွဲလန်းသွားတဲ့ အရင်းမြစ်ဟာ မိဘတွေပဲ ဖြစ်ပါတယ်။ အစပိုင်းမှာ မိဘတွေ သောက်ပြီး ကြမ်းပြင်ပေါ် ပစ်ချတဲ့ စီးကရက်အတိုအစတွေကို ကောက်သောက်ရင်းကနေ စီးကရက်စွဲသူဖြစ်လာခဲ့ပါတယ်။

သူတို့ကလေး ဆေးလိပ်သောက်တတ်နေတာကို သိတဲ့အချိန်မှာ ဘယ်လိုမှ တားလို့မရတော့ဘူးလို့ မိခင်ဖြစ်သူ မာရာတီ က ဆိုပါတယ်။ “သူ့ကို ဆေးလိပ်မပေးပဲ ထားလိုက်တာနဲ့ နေလို့မရအောင် အနီးနားကပစ္စည်းတွေ လွှင့်ပစ် သောင်းကျန်းတော့တာပါပဲ”။

ဒါ့အပြင် သူဟာ ဆေးလိပ်မသောက်ရမချင်း အိမ်မပျော်တာကြောင့် မိဘတွေကိုယ်တိုင်က ဆေးလိပ်ကို ဝယ်တိုက်ရတဲ့ အခြေနေထိ ဖြစ်နေပါတယ်။

ဖခင်ဖြစ်တဲ့ မစ်ဘာဟူဒင် ဟာ တစ်ခါတစ်ရံမှသာ ဆေးလိပ်သောက်တတ်သူဖြစ်ပြီး သူ့ရဲ့ အရွယ်မေရောက်သေးတဲ့ သားက ဆေးလိပ်ကို ဝါရင့်သမ္ဘာရင့်ကြီးလို သောက်နေတာ မြင်ရတော့ အံ့သြစိတ်ထိခိုက်တယ်လို့ ဆိုပါတယ်။ ကလေးငယ်ဟာ မိဘတွေဆီက ဆေးလိပ်မရရင် အခြားလူတွေဆီက လိုက်တောင်းသောက်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ကလေးလေးဟာ ကော်ဖီသောက်လည်း ဆေးလိပ်နဲ့၊ ထမင်းစားလည်း ဆေးလိပ်နဲ့၊ မအိပ်ခင်လည်း ဆေးလိပ်သောက်ပြီးမှ အိပ်တတ်သူဖြစ်နေပါတယ်။ တစ်နေ့မှာ စီးကရက် နှစ်ဗူးလောက်သောက်သုံးနေပါတယ်။

မိခင်ဖြစ်သူက သားကို ဆေးလိပ်ဖြတ်နိုင်ဖို့ ပြုပြင်ရေးစခန်းကို မကြာမီ ပို့ဆောင်တော့မယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးသူအများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေ သန်း ၆၀ လောက်ဟာ ဆေးလိပ်သောက်သူတွေ ဖြစ်ကြပါတယ်။ ဆေးလိပ် ဈေးသက်သာခြင်း၊ ကလေးတွေ ဆေးလိပ်သောက်တာကို အချို့မိဘတွေက ခွင့်ပြုခြင်းတွေက အဓိကအကြောင်းအချက်တွေ ဖြစ်နေပါတယ်။

Credit PoPoLay

About the author

Wai Phyo Oo

Leave a Comment