Shwe News Content 1

“ဒုက္ခတွေ များလာတော့ လူဘ၀ကြီး ကြာကြာနေတာ မကောင်းပါလား.. သေသွားတာမှ ကောင်းပါသေးလား” လို့ တွက်မိတယ် ဆိုတဲ့ သရုပ်ဆောင် ဒေါ်နန်းခမ်းဝါ













  • Unicode Version

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

စာဖတ်ပရိသတ်များ မင်္ဂလာပါ….

ယခုတစ်ခါတင်ဆက်ပေးမယ့်ရုပ်သံကတော့ အနုပညာလောကမှာ ဇာတ်လမ်းပေါင်းများစွာ ဇာတ်ပို့နေရာက သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ဒေါ်နန်းခမ်းဝါရဲ့ ဘဝအခြေအနေပဲဖြစ်ပါတယ်…..

မြန်မာနိုင်ငံရဲ့ အနုပညာ ဇာတ်လမ်းလောကမှာ လူတန်းစားမညီမျှမှု၊ ရပိုင်ခွင့်မညီမျှမှုတွေကြောင့် ပင်ပန်းဆင်းရဲစွာ သရုပ်ဆောင် ဒဏ်ရာရတဲ့အထိ သရုပ်ဆောင်ခဲ့ကြပေမယ့်….

အပယ်ခံဖြစ်နေရတဲ့ ဇာတ်ပို့တွေရဲ့ ဘဝကရင်နာစရာ ကောင်းလွန်းလှပါတယ်….

အနုပညာလောကကို စဝင်ချိန်မှာ ဝါသနာကို ရှေ့တန်းတင်ပြီး ဝင်ခဲ့ကြပေမယ့်… ဝမ်းစာအတွက်မလိုလောက်ခဲ့ကြတဲ့သူတို့တွေအတွက်ကတော့ အမြဲတမ်းအပြုံးမပျက်ခဲ့ပါဘူး….

သရုပ်ဆောင် ဒေါ်နန်းခမ်းဝါဟာ အနုပညာသက်တမ်း နှစ် ၃၀ နီးပါးရှိခဲ့ပြီး…

အနုပညာသက်တမ်းမှာ ဇာတ်ပို့တစ်ယောက်ရခဲ့တဲ့ အနုပညာကြေးဟာ နေတဲ့အိမ်အတွက် ထရံကာတာနဲ့ ဓနိမိုးတာလောက်ပဲ ရတယ်လို့လည်း သူမက ရင်ဖွင့်ခဲ့ပါတယ်…..

လက်ရှိမှာ ရုန်းကန်နေရတဲ့ ဘဝနဲ့ပတ်သက်ပြီး “ဒုက္ခတွေ များလာတော့ လူဘဝကြီး ကြာကြာနေတာ မကောင်းပါလား.. သေသွားတာမှ ကောင်းပါသေးလား” လို့လည်း တွက်မိတဲ့အကြောင်းသူမက ပြောဆိုခဲ့ပါတယ်….

ဇာတ်ပို့တွေအတွက် .. ဒီ့ထက်မက အနုပညာကြေးနဲ့ ထောက်ပံ့မှုတွေ ဒီ့ထက်မက ရပါစေလို့သာ ဆုတောင်းမိပါတော့တယ်….

  • ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Video Source : Myanmar Celebrity

About the author

ilove

Leave a Comment