Shwe News Content 2
လက်နက်မပါဖို့ သဘောတူပြီး တစ်ဖက်က ဓါးချသော်လည်း အလစ်သုတ်ဓါးခုတ်တဲ့သူ…
  • Unicode Version
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
ချစ်ခင်လေးစားရတဲ့ စာရှုသူတို့ခင်ဗျာ..
ကတိသစ္စာ” တည်သောခါ ဝယ် ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏ ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ..
ဒါဟာ မျိုးရိုးအစဉ်အဆက်ကြားခဲ့ဖူးကြတဲ့ စကားလေးဖြစ်ပါတယ်။ ဟိုးအရင်တုန်းကဆိုရင်. ဥစ္စာစောင့်တွေက လူသားတွေကို ရွှေတွေ ၊ ငွေတွေ လက်ဝတ်ရတနာတွေကို ငှားပေးကြတယ်တဲ့..
နောက်ပိုင်း လူတွေက ကတိသစ္စာမတည်တော့ပဲ ပြန်မပေးတော့တာကြောင့် နောက်ပိုင်း မငှားတော့ဘူးဆိုတဲ့ တဆင့်စကား ပုံပြင်လေးကို လည်း ကြားဖူးကြမယ်ထင်ပါတယ်..
အခုတင်ပြမယ့် သတင်းရုပ်သံဖိုင်လေးကတော့ ယောက်ျားချင်း ရန်ဖြစ်ရာကနေ တုတ်တပြတ် ဓားတပြတ် ဖြစ်ကြတဲ့ အထိပါပဲ။
ဒါဟာ လုံးဝကို မကောင်းတဲ့ အပြုအမူမို့ အတုမယူကြဖို့ တိုက်တွန်းလိုပါတယ်။ စကားလေးပြန်ဆက်ရရင်..
ဒီလို စကားများကြတဲ့အခါ.. လက်ထဲက ဓားတွေ တုတ်တွေ ချပြီး လက်ဗလာနဲ့ ချမလား လို့ တဖက်က စိန်ခေါ်တဲ့ ပုံပါပဲ..
ဒီအချိန်မှာ တဖက်က ဓားတွေ တုတ်တွေ ချလဲချရေ.. တစ်ဖက်က ဓားကိုင်တဲ့ ကောင်လေးက ကတိ မတည်တော့ပဲ ဝင်ခုတ်ပြေးပါတော့တယ်..
ဒါကို အများက အတဲ့သူခံလို့ ပြောကြပါတယ်။
ယောက်ျားချင်းယုံကြည်မှုက သူ့ကို အ စေတာလား ။ ကတိမတည်တဲ့သူက လူတော် ဖြစ်တာလားဆိုတာ
ပရိသတ်ကြီးအနေနဲ့ ဘယ်လိုများ မြင်မိပါသလဲ ခင်ဗျာ..
  • ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ
Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Video- ထူးထူးခြားခြား video များ
About the author
Crypoetess
Leave a Comment