Shwe News Content 2

ျမစ္(၇) စင္း စိုးရိမ္ေရမွတ္အထက္ ျမင့္တက္ေနလို႔ အားလုံးသတိထားၾကပါ

မြန္ျပည္နယ္နဲ႔ ပဲခူးတိုင္းရွိ ျမိဳ႕ရြာေတြမွာ ေရၾကီး၊ ေျမျပိဳမႈေတြ ျဖစ္ေနတဲ့အခ်ိန္နဲ႔ တျပိဳင္တည္း ေသာင္းရင္းျမစ္၊
ဂ်ိဳးျမစ္အပါအဝင္ ျမစ္ (၇) စင္းဟာ စိုးရိမ္ေရမွတ္ အထက္ေရာက္ရွိေနေၾကာင္း သိရသည္။

မိုးေလဝသနွင့္ဇလေဗဒဌာနရဲ႕ ၾသဂုတ္လ ၈ ရက္ေန႔တုိင္းတာခ်က္အရ သံလြင္ျမစ္ ၊ စစ္ေဆာင္းျမစ္ ၊
ေရႊက်င္ျမစ္၊ ငဝန္ျမစ္ နဲ႔ အျခား ျမစ္(၃) စင္းဟာ စိုးရိမ္ေရမွတ္ရဲ႕ အထက္ တစ္ေပမွ ၅ ေပခန္႕ျမင့္တက္
ေနတယ္လို႔ 7 Days Journal ရဲ႕ သတင္းတစ္ပုဒ္မွာ ေဖာ္ျပထားပါသည္။

လက္ရွိအေနအထားအရ ဘဂၤလားပင္လယ္ေအာ္က မုန္တိုင္းဟာ ျမန္မာကမ္းရိုးတမ္းဘက္ကို မဝင္ေပးမယ့္
မုတ္သုန္အားေကာင္းျပီး မိုးကေတာ့ ဆက္၍မ်ားေနမည္ျဖစ္ေၾကာင္း မိုးဇလရဲ႕ ထုတ္ျပန္သတိေပးခ်က္အရ
သိရပါသည္။

ဒါေၾကာင့္ ျမစ္မ်ားနဲ႔ နီးကပ္တဲ့ မိတ္ေဆြမ်ားအေနျဖင့္ ဂရုျပဳေနထိုင္နိုင္ၾကဖုိ႔ အသိေပးတင္ျပလိုက္ပါသည္။

Writer- SMT(ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ)

  • Unicode Version

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းရှိ မြို့ရွာတွေမှာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်နေတဲ့အချိန်နဲ့ တပြိုင်တည်း သောင်းရင်းမြစ်၊
ဂျိုးမြစ်အပါအဝင် မြစ် (၇) စင်းဟာ စိုးရိမ်ရေမှတ် အထက်ရောက်ရှိနေကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒဌာနရဲ့ သြဂုတ်လ ၈ ရက်နေ့တိုင်းတာချက်အရ သံလွင်မြစ် ၊ စစ်ဆောင်းမြစ် ၊
ရွှေကျင်မြစ်၊ ငဝန်မြစ် နဲ့ အခြား မြစ်(၃) စင်းဟာ စိုးရိမ်ရေမှတ်ရဲ့ အထက် တစ်ပေမှ ၅ ပေခန့်မြင့်တက်
နေတယ်လို့ 7 Days Journal ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါသည်။

လက်ရှိအနေအထားအရ ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဟာ မြန်မာကမ်းရိုးတမ်းဘက်ကို မဝင်ပေးမယ့်
မုတ်သုန်အားကောင်းပြီး မိုးကတော့ ဆက်၍များနေမည်ဖြစ်ကြောင်း မိုးဇလရဲ့ ထုတ်ပြန်သတိပေးချက်အရ
သိရပါသည်။

ဒါကြောင့် မြစ်များနဲ့ နီးကပ်တဲ့ မိတ်ဆွေများအနေဖြင့် ဂရုပြုနေထိုင်နိုင်ကြဖို့ အသိပေးတင်ပြလိုက်ပါသည်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

About the author

Crypoetess

Leave a Comment