Shwe News Content 2

စိတ္မေကာင္းစရာ :( မြန္ျပည္နယ္မွာ ၃ ေနရာ ေျမထပ္ျပိဳျပန္

မုတ္သုန္အားေကာင္းျပီး မိုးအဆက္မျပတ္ရြာသြန္းေနတာေၾကာင့္ မြန္ျပည္နယ္မွာ ေရၾကီးေရလွ်ံမႈေတြ ျဖစ္ေနျပီး ေျမေတြျပိဳလို႔ ကားေတြ လူေတြ အေပၚ ပိျပီး ဆံုးရံႈးမႈေတြ ျဖစ္ေပၚေနပါတယ္။

ျမန္မာ မီးသတ္ဦးစီးဌာနရဲ႕ ေဖ့ဘုတ္စာမ်က္နွာရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္စာရင္းအရ ယေန႔ေန႔လည္၂ နာရီ အခ်ိန္အထိ ေသဆံုးသူ (၃၃ ) ဦးထက္ မနည္းရွိသြားျပီလို႔ ေဖာ္ျပထားပါတယ္။

ဒီေန႔လည္း မြန္ျပည္နယ္က ေနရာ (၃) ခုမွာ ထပ္မွာ ေျမျပိဳမႈ ျဖစ္ပြားခဲ့ျပီး အေသအေပ်ာက္ေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ကယ္ဆယ္မႈေတြ ဆက္တိုက္ လုပ္ေဆာင္ေနျပီး ျမန္မာနိုင္ငံမီးသတ္ ၊ တပ္မေတာ္၊ အရပ္ဘက္အဖြဲ႕အစည္း
ေတြအားလံုးကလည္း ကူညီကယ္ဆယ္မႈမ်ား ေဆာင္ရြက္လ်က္ရွိေနပါတယ္။

Writer- SMT(ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ)
source-VOA

  • Unicode Version

မုတ်သုန်အားကောင်းပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး မြေတွေပြိုလို့ ကားတွေ လူတွေ အပေါ် ပိပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

မြန်မာ မီးသတ်ဦးစီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာရဲ့ တရားဝင် ထုတ်ပြန်ချက်စာရင်းအရ ယနေ့နေ့လည်၂ နာရီ အချိန်အထိ သေဆုံးသူ (၃၃ ) ဦးထက် မနည်းရှိသွားပြီလို့ ဖော်ပြထားပါတယ်။

ဒီနေ့လည်း မွန်ပြည်နယ်က နေရာ (၃) ခုမှာ ထပ်မှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး အသေအပျောက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိအချိန်အထိတော့ ကယ်ဆယ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမီးသတ် ၊ တပ်မတော်၊ အရပ်ဘက်အဖွဲ့အစည်း
တွေအားလုံးကလည်း ကူညီကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိနေပါတယ်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
source-VOA

About the author

Crypoetess

Leave a Comment