Shwe News Content 2

အရက်မူးပြီး အိမ်ကိုမီးရှို့လိုက်တဲ့ မန္တလေးက အမျိုးသမီးကြောင့် နေအိမ် ၅ လုံး မီးလောင်

မန္တလေး၊ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ လေးကောင်းရပ်ကွက်တွင် ဩဂုတ် ၁၀ ရက် နံနက်အစောပိုင်းက အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ခိုင်ဇာဇာထွန်း (ခ)ဆူးခက် က အရက်သေစာသောက်စားပြီး နေအိမ်အားမီးရှို့ရာမှ နေအိမ် ၅ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါရပ်ကွက်နေ ခိုင်ဇာဇာထွန်း(ခ)ဆူးခက်က နေအိမ်တွင် အရက်သောက်စားကာ တစ်ဦးတည်းရှိနေစဉ် မွေ့ယာကို မီးရှို့ရာမှစတင်လောင်ကျွမ်းခ့ပြီး မီးလောင်မှုကြောင့် ထရံကာသွပ်မိုးနေအိမ်နှစ်လုံး၊ နံကပ်နေအိမ်သုံးလုံးနှင့် ဆိုင်ကယ် ၃ စီး စုစုပေါင်းတန်ဖိုးငွေကျပ် ၂၇ သိန်းခန့် မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ပြန်ချက်မှ တဆင့် သိရသည်။

မီးလောင်မှုသည် ဩဂုတ် ၁၀ ရက် နံနက် ၁ နာရီ ၅၀ မီးနစ်တွင်စတင်လောင်ကျွမ်းခ့ပြိး ၂ နာရီ ၅ မီနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ရာ သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရံမီးသတ် ၇၀၊ မီးသတ်ယာဉ် ၃၀ ကျော်တို့ဖြင့် Levels 2 သတ်မှတ်ကာ ငြိမ်းသတ်ခဲ့ရပြီး




  • Unicode Version

မန္တလေး၊ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ လေးကောင်းရပ်ကွက်တွင် ဩဂုတ် ၁၀ ရက် နံနက်အစောပိုင်းက အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ခိုင်ဇာဇာထွန်း (ခ)ဆူးခက် က အရက်သေစာသောက်စားပြီး နေအိမ်အားမီးရှို့ရာမှ နေအိမ် ၅ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွ့ဲထံမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါရပ်ကွက်နေ ခိုင်ဇာဇာထွန်း(ခ)ဆူးခက်က နေအိမ်တွင် အရက်သောက်စားကာ တစ်ဦးတည်းရှိနေစဉ် မွေ့ယာကို မီးရှို့ရာမှစတင်လောင်ကျွမ်းခ့ပြီး မီးလောင်မှုကြောင့် ထရံကာသွပ်မိူးနေအိမ်နှစ်လုံး၊ နံကပ်နေအိမ်သုံးလုံးနှင့် ဆိုင်ကယ် ၃ စီး စုစုပေါင်းတန်ဖိုးငွေကျပ် ၂၇ သိန်းခန့် မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ပြန်ချက်မှ တဆင့် သိရသည်။

မီးလောင်မှုသည် ဩဂုတ် ၁၀ ရက် နံနက် ၁ နာရီ ၅၀ မီးနစ်တွင်စတင်လောင်ကျွမ်းခ့ပြိး ၂ နာရီ ၅ မီနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ရာ သန္ဓေတပ်ဖွ့ဲဝင် ၃၀ ဦး၊ အရံမီးသတ် ၇၀၊ မီးသတ်ယာဉ် ၃၀ ကျော်တို့ဖြင့် Levels 2 သတ်မှတ်ကာ ငြိမ်းသတ်ခဲ့ရပြီး

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒေါ်ခိုင်ဇာဇာထွန်း (ခ)ဆူးခက်အား အမှတ် ၃ နယ်မြေစခန်းတွင် ပ-၃၉၀/၂၀၁၉ ပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

source-တိုင်းဒေသကြီး ရဲတပ်ဖွဲ့

About the author

Crypoetess

Leave a Comment