Shwe News Content 1

အသက် ၃၄ နှစ်မှာ အိမ် ၃ လုံး ပိုင်ဆိုင်ခဲ့တဲ့ ဂျပန်အမျိုးသမီး ရဲ့ အံ့ဖွယ် ပိုက်ဆံစုနည်း








  • Unicode Version

မိသားစုအရေး၊ ကျန်းမာရေး နဲ့ နောင်ရေးအတွက် အလုပ်ကြိုးစားပြီး ငွေစုကြတာလူတိုင်းလုပ်ဆောင်တဲ့အလုပ်တစ်ခုပါ။ ဒါပေမယ့် နှစ်အအကန့်အသတ်နဲ့ နေ့စဉ်အသုံးစရိတ်ကို တိတိကျကျ သုံးစွဲပြီး ငွေစုတဲ့လူကတော့ အနည်းငယ်ပဲရှိပါတယ်။

အဲဒီထဲကမှ အသက် ၃၄ နှစ်အရွယ်နဲ့ အိမ် ၃ လုံးစုနိုင်ခဲ့တဲ့ ဂျပန်အမျိုးငယ်တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။

အသက် ၁၈ နှစ်ကစပြီး ငွေစုဆောင်းခဲ့ပြီး သူမရဲ့ စိတ်ကူးအိပ်မက်တွေအမှန်တစ်ကယ်ဖြစ်လာဖို့ အစီအစဉ်တွေချပြီးငွေစုဆောင်းခဲ့ပါတယ်။ သူမရဲ့ စိတ်ကူးအိပ်မက်နဲ့ ငွေစုတတ်တဲ့ အကျင့်တွေကို မီဒီယာကသိရှိသွားတဲ့အတွက် သူမ အသက် ၂၇ နှစ်အရွယ်မှာ
ဂျပန် TV အစီအစဉ်တစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။

သူမဟာ နေ့စဉ် မြန်မာငွေ နှစ်ထောင်ဝန်းကျင်လောက်သာသုံးစွဲပြီး မလိုအပ်တဲ့အသုံးစရိတ်တွေကိုလည်းစုဆောင်းနိုင်ခဲ့လို့ သူမရဲ့အိပ်မက်အတိုင်း အသက် ၂၇ နှစ်ရောက်တဲ့အချိန်မှာ မြန်မာငွေ ၁၄၂ သန်း တန်အိမ်ကိုပိုင်ဆိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ သန်းပေါင်းများစွာတန်တဲ့ အိမ် ၃ လုံးကိုပိုင်ဆိုင်ထားပြီလည်းဖြစ်ပါတယ်။

အမှန်တစ်ကယ်ချမ်းသာလိုသူဟာ ရေရှည်စီမံချက်ရှိပြီး အမှန်တစ်ကယ်ကျင့်သုံးတဲ့သူတွေပဲဖြစ်ပါတယ်။ ပိုက်ဆံမရှိတဲ့အချိန်မှာ ကိုယ့်အနားမှာ ဘယ်သူမှမရှိဘူးဆိုတာ ကြုံဖူးသူတိုင်းသိပါလိမ့်မယ်နော်။

ကျွန်တော်တို့တွေအနေနဲ့လည်း သူမလောက် မချမ်းသာနိုင်ပေမယ့် နေ့စဉ်မလိုအပ်တဲ့အသုံးစရိတ်တွေနဲ့အပျော်အပါးတွေ အသောက်အစားတွေကိုလျော့ချပြီး လိုအပ်တဲ့အချိန်မှာ သုံးစွဲဖို့အတွက် ခုကတည်းကငွေစုကြဖို့ မမေ့ကြပါနဲ့နော်။

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source Ref : https://www.worldofbuzz.com

About the author

ilove

Leave a Comment