Shwe News Content 1

မိဘက ချစ်လို့ မွေးနေ့လက်ဆောင် ဝယ်ပေးတဲ့ BMW ကားသစ်ကြီးကို စိတ်ဆိုးပြီး မြစ်ထဲ ပစ်ချတဲ့ သူဌေးသား







Source Ref : Daily Mail

  • Unicode Version

လောကမှာ ရေများရာမိုးရွာဆိုတဲ့ စကားပုံက အရမ်းမှန်နေသလားလို့ တစ်ခါတစ်လေတွေးမိပါတယ်။ ငွေကြေးချမ်းသာပေါများနေတဲ့သူတွေဆီမှာသုံးမကုန်အောင်ငွေတွေ ဝင်နေပေမယ့် စားစရာမရှိလို့ ဆင်းရဲနေတဲ့မိသားစုအတွက်ကတော့ နေ့စဉ်ထမင်းနပ်မှန်ဖို့ ရုန်းကန်ရတာ မလွယ်ကူတဲ့ဘဝပါ။

ငွေကြေးချမ်းသာတဲ့မိဘတွေက ပေါက်ဖွားလာတဲ့သားသမီးအများစုဟာ ငွေရဲ့တန်ဖိုးကိုမသိသလို ငွေရှာချိန်ခံစားရတဲ့ ပင်ပန်းမှုနဲ့ ရုန်းကန်ရတဲ့အခြေအနေကို နားမလည်တတ်ကြပါဘူး။

အဲဒီထဲကမှ အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့ သူဌေးသား Akash ဆိုသူဟာ သူ့မိဘကဝယ်ပေးတဲ့ BMW ကားကို မကြိုက်တဲ့အတွက် မြစ်ထဲကို တွန်းချခဲ့ပါတယ်။ကားရဲကတန်ဖိုးဟာ မြန်မာငွေကျပ် သိန်း ၇၃၀ ကျော် (US $ 49,000) တန်ကြေးရှိတဲ့အဖိုးတန်ကားပဲဖြစ်ပါတယ်။

သူလိုချင်တဲ့ကားဟာ ဂျာဂွားအမျိုးအစားဖြစ်ပြီး သူမကြိုက်တဲ့ BMW ဝယ်ပေးခဲ့လို့ ခုလို လုပ်ခဲ့တာလို့သိရပါတယ်။

ဒါပေမယ့် သူဟာစိတ်ပြောင်းပြီး ရေထဲနစ်သွားချိန်ပြန်ဆယ်တဲ့အခါမှာတော့ အတော်ကြာဆယ်ယူခဲ့ရပြီး ပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူများက ဝိုင်းဝန်ဆယ်ပေးလို့ပြန်လည်ရခဲ့ပါတယ်။

ငွေရဲ့တန်ဖိုးနဲ့ ခက်ခက်ခဲခဲရှာရတဲ့ တန်ဖိုးကို နားမလည်တဲ့သူဌေးသားကို ဝိုင်းဝန်အပြစ်တင်ပြောဆိုနေကြပါတယ်။

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source Ref : Daily Mail

About the author

ilove

Leave a Comment