Shwe News Content 1

သူတို့ နိုင်ငံမှာ နာမည်ကြီးနေတဲ့ ပိုင်တံခွန် ကို သတိထားမိသွားတဲ့ အကြောင်းပြောပြလာတဲ့ ထိုင်းမင်းသမီး Baifern Pimchanok










  • Unicode Version

မြန်မာနိုင်ငံမှာ တက်သစ်စ မော်ဒယ် သရုပ်ဆောင်ဖြစ်တဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့အမိုက်စား Body နဲ့ ခပ်လန်းလန်းစတိုင်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲဖြစ်ရုံသာမက ထိုင်းနိုင်ငံကပျိုမေတွေပါ တစ်ခဲနက်အားပေးခြင်းခံနေရသူပါ။

ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာလည်း Fan Meeting ကျင်းပခဲ့ပြီး သူချစ်တဲ့ ထိုင်းပျိုမေလေးတွေနဲ့ ပျော်ရွှင်စရာတွေ့ဆုံပွဲလေး လုပ်ခဲ့ပါသေးတယ်။

ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီးဖြစ်တဲ့ Baifern Pimchanok နဲ့ပတ်သက်ပြီး သူမကိုစွဲလန်းတဲ့သူဖြစ်ကြောင်းနဲ့သူမကိုအားပေးတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ပြောခဲ့ဖူးပါတယ်။

ထိုင်းမင်းသမီးဖြစ်တဲ့ Baifern ကလည်း မီဒီယာတွေနဲ့တွေ့ဆုံမှုတစ်ခုမှာ ပိုင်တံခွန်အကြောင်းနဲ့ပတ်သက်ပြီးသတိထားမိတဲ့အကြောင်းကိုလည်း ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံက မင်းသားတစ်ယောက်အနေနဲ့ ယခုလို အင်တာနေရှင်နယ်အဆင့်အထိ ပေါက်မြောက်ပြီးအောင်မြင်နေတာဝမ်းသာစရာသတင်းတစ်ခုပါ။

ထိုင်းနိုင်ငံက မင်းသမီးချောလေး Baifern နဲ့ ပိုင်တံခွန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်လာခဲ့မယ်ဆိုရင်ပရိသတ်ကြီးရော သဘောတူပါရဲ့လားနော်။

နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်တဲ့ ပိုင်တံခွန်တစ်ယောက် အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

  • ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

About the author

ilove

Leave a Comment