Shwe News Content 2
သရုပ်ဆောင် မိုးပြည့်ပြည့်မောင် တို့ သားအမိ စီးလာတဲ့ ကား ဘီးပေါက်ပြီး သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွား
source-Lwin Oo
  • Unicode Version
သရုပ်ဆောင် မိုးပြည့်ပြည့်မောင် ဟာဆိုရင် ပရိသတ် အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သလို ၊ သုခုမ အနုပညာသဘင်ပညာဆိုတဲ့ အငြိမ့်ဘက်မှာလည်း လူကြိုက်များတဲ့ ရှေ့ဆောင်မင်းသမီး
တစ်လက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ချက်တွေဟာ ပိုင်နိုင်လွန်းတာကြောင့် တောရော မြို့ပါ ပရိသတ်အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။
အခုတင်ပြမယ့် သတင်းလေးကတော့ သရုပ်ဆောင်မိုးပြည့်ပြည့်မောင် စီးလာတဲ့ကား ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၁၁၄ အရောက်မှာ ရှေ့ဘီးပေါက်ပြီး သစ်ပင်ကို ဝင်တိုက်မိတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
ကားကတော့ အတော်လေး ထိခိုက်သွားခဲ့ပါတယ်။ ရှေ့ခေါင်းတစ်ခြမ်းလုံးနီးပါး ထိမိသွားပေမယ့်..ကံကောင်းထောက်မစွာနဲ့ ပြည်သူ့အချစ်တော် မင်းသမီးလေး မိုးပြည့်ပြည့်မောင်နဲ့ ကားပေါ်မှာ ပါလာတဲ့
သူမ မိသားစုဝင်ရော ကားမောင်းသူပါ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရှိ ခဲ့ဘူးလို့ သိရပါတယ်။
ဒါကြောင့် ပရိသတ်ကြီးတွေ အနေနဲ့ စိတ်မပူကြရလေအောင် အသိပေးရင်း ဒီလို ဘေးမသီရန်မခဖြစ်ခဲ့ရတာဟာ သူမကိုချစ်သော ပရိသတ်တွေရဲ့ မေတ္တာကြောင့်လိုဆိုရမှာပဲနော်
Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
source-Lwin Oo
About the author
Crypoetess
Leave a Comment