Shwe News Content 1

ရေဘေးသွားရောက်လှူဒါန်းလိုသူများ ကားလိုအပ်ချက်ရှိပါက အားမနာတမ်း အခမဲ့ အကူအညီတောင်းလို့ရပါတယ် (ဖုန်းဆက်လိုက်နော်)







Source Ref : အရည် ကြို

  • Unicode Version

ဘေးအန္တရာယ်ဒုက္ခရောက်တဲ့အချိန် ကိုယ့်နိုင်ငံသားအချင်းချင်းစည်းစည်းလုံးလုံးနဲ့ လိုအပ်နေသူကိုကူညီတာဟာ မင်္ဂလာတစ်ပါးပါ။ အတုယူဖို့လည်းကောင်းသလို လေးစားဖွယ် လူသားတွေသာလုပ်နိုင်တာပါ။

မွန်ပြည်နယ်မှာ ရေဘေးသင့်ပြည်သူများအတွက် အနယ်နယ်အရပ်ရပ်က ပရဟိတအဖွဲ့တွေအနေနဲ့ပစ္စည်းများ၊ အဝတ်အစားများ စားသောက်ဖွယ်ရာများ ကို ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့ အခွင့်ကြုံလာပါပြီ။

ရွှေကဆုန်ယန္တရားသယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ ရေဘေးသင့်ပြည်သူများကို သွားရောက်လှူဒါန်းရာတွင်ကားအခက်အခဲရှိပါက ၂၄ နာရီဆက်သွယ်နိုင်ပြီး လမ်းကြေး၊ ဆီဖိုး၊ စားစရိတ်ပေးစရာမလိုပဲ အခမဲ့ ကူညီပေးမှာဖြစ်ပါတယ်။

လိုရာခရီးကို (6ဘီး, 10ဘီး, 12ဘီး) ကားတွေနဲ့ ပို့ဆောင်ပေးမှာလည်းဖြစ်ပါတယ်။

မိတ်ဆွေများအတွက် ဖုန်းကိုလည်း ၂၄ နာရီဖွင့်ထားမည်ဖြစ်ပြီး အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်တယ် လို့လည်း ရွှေကဆုန်ယန္တရားသယ်ယူပို့ဆောင်ရေးကုမ္ပဏီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားပါတယ်။

ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ရွှေကဆုန်ယန္တရား သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ( 📞09972200345, 09260335599 ) တို့ပဲဖြစ်ပါတယ်။

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source Ref : အရည် ကြို

About the author

ilove

Leave a Comment