Shwe News Content 2

မွန်မြတ်လိုက်တဲ့ အလှူ…ရေဘေးဒုက္ခရောက်နေသူတွေကို ရန်ကုန်ကနေ ကိုယ်ပိုင်ကားနဲ့လာပြီး ထမင်းချက်ကျွေးတဲ့ အလှူရှင်









အခု တင်ဆက်ပေးမယ့် သူကတော့ ရေဘေးဒုက္ခရောက်နေသူတွေကို ရန်ကုန်ဆယ်မိုင်ကုန်းကလာပြီး ကိုယ်ပိုင်ကားနဲ့ ထမင်းလာချက်ကျွေးတဲ့ အန်တီ ဒေါ်တင်တင်လှိုင် အကြောင်းပဲ ဖြစ်ပါတယ်။





  • Unicode Version

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ချစ်ခင်ရတဲ့ စာရှုသူတို့ခင်ဗျာ..

တောမီးလောင် တောကြော လက်ခမောင်း ခတ်ဆိုတဲ့ စကားပုံလေးကို ကြားဖူးကြမှာပါ..။

နောက်ထပ်စကားလေး တစ်ခွန်းကတော့ ဒုက္ခရောက်နေတဲ့ အချိန်မှ မိတ်ဆွေ စစ်မှန်ကို မြင်တွေ့ရတယ်တဲ့..

မြန်မာနိုင်ငံမှာ တော်တော်များများကျင့်သုံးနေတာကလေ.. သဘာဝဘေး အန္တရာယ်တစ်ခုခု တွေ့ပြီဆိုတာနဲ့ ဖေးကူမ မယ့် သူတွေအစား ရိုက်စား လုပ်မယ့်သူတွေဟာ ရာခိုင်နှုန်းများလာပါတယ်။

ဂျပန်မှာ ဆူနာမီဒဏ်ခံရတော့ အိမ်ဆောက်ဖို့ သစ်သားတွေ သံတွေကို ဆိုင်တွေက အလကား ပေးဝေခဲ့တယ်၊ အချို့က လျော့ဈေးနဲ့ ရောင်းပေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာောတ့ ရေဘေးဒုက္ခကြုံပြီဆိုရင် ကုန်ဈေးနှုန်းတွေ အဆမတန် တင်တော့တာပါပဲ.. ဘဲဥတစ်လုံးတောင် ၅၀၀ လောက်ဖြစ်လာပါတယ်။ အကြံသမားတွေ အတွက်ကတော့ ဒါဟာ ဂွင်တစ်ခုလို့ကို မှတ်ယူနေတာကိုး

ဒါကြောင့် ရှက်ရကောင်းမှန်းလည်း မသိကြပါဘူး။

အခု တင်ဆက်ပေးမယ့် သူကတော့ ရေဘေးဒုက္ခရောက်နေသူတွေကို ရန်ကုန်ဆယ်မိုင်ကုန်းကလာပြီး ကိုယ်ပိုင်ကားနဲ့ ထမင်းလာချက်ကျွေးတဲ့ အန်တီ ဒေါ်တင်တင်လှှိုင် အကြောင်းပဲ ဖြစ်ပါတယ်။

သူဟာ အလှူရှင်ဖြစ်ချင်ရင် အလှူငွေထည့်လိုက်လို့ရပေမယ့် တကယ့်ကို ဒုက္ခရောက်နေသူတွေကို ထိထိရောက်ရောက် ကူညီချင်တာကြောင့် အပင်ပန်းခံပြီး အဝေးကနေ တကူးတက ထမင်းလာချက်ကျွေးတာပါတဲ့..

သြော်..ဘယ်လောက်တောင် မွန်မြတ်လိုက်တဲ့ အလှူလဲနော်..။ ကြားရသူတွေရော နတ်လူပါ သာဓုခေါ်ကြမယ့် အလုပ်မို့ စာဖတ်သူတို့လည်း သာဓု ခေါ်ဆိုနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်..

  • ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
source-မြဝတီမြို့မှ လွတ်လပ်သော ပြည်သူ့အသံ

About the author

Crypoetess

Leave a Comment